Friday, February 16, 2018

တံတားဦးက ဥယျာဉ်ကျေးရွာ ရွာလုံးကျွတ် ပြည်ခိုင်ဖြိုးပါတီဝင်ကြ


မန္တ​လေးတိုင်း​ဒေသကြီး၊​ ကျောက်​ဆည်​ခရိုင်​၊ တံတားဦးမြို့နယ်​၊ လက်​​ဆောင်​​ယူကျေးရွာအုပ်​စု၊ ဥယျာဉ်​​ကျေး ရွာက ရွာလုံးကျွတ်​ပါတီဝင်​ အဆိုပြုလွှာ​ပေးအပ်​ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်​ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
"အရင်အစိုးရလက်​ထက်​မှာ အမတို့သာမာန်​လက်​လုပ်​လက်​စားပြည်​သူတစ်​​ယောက်​အ​နေနဲ့ ​တော်​​တော်​အဆင်ပြေခဲ့ပါတယ်​၊ သာမာန်​ပြည်​သူတစ်​​ယောက်​အ​နေနဲ့ အရင်အစိုးရလက်​ထက်​နဲ့မတူပဲ အခုအစိုးရလက်​ထက်​မှာ အခက်​အခဲ​လေး​တွေ​တော်​​တော်​ကြုံရပါတယ်​၊ အမအ​နေနဲ့ အရင်ကတည်းက ပြည်​ခိုင်​ဖြိုးပါတီကို သ​ဘောကျတဲ့ပြည်​သူတစ်​​ယောက်​ဖြစ်​ပါတယ်၊ ဒါ​ကြောင့်​လည်း ပြည်​ခိုင်​ဖြိုးပါတီကို ဝင်​​ရောက်​ခဲ့တာပါ၊ ပါတီထဲအခုလို ဝင်​ပြီး ​ဒေသအကျိုး၊နိုင်​ငံ့အကျိုးကို တတ်​နိုင်​သ​လောက်​ သယ်​ပိုး ​ဆောင်​ရွက်​သွားမှာပါ" လို့ ပါတီဝင်​အသစ်​တစ်​ဦးဖြစ်​တဲ့ တံတားဦးမြို့နယ်​ လက်​​ဆောင်​​ကျေးရွာအုပ်​စု၊ဥယျာဉ်​​ကျေးရွာသူ မခင်​မာလွင်​ကပြောပါတယ်။

ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးဝဏ္ဏ​မောင်​လွင်​ကိုယ်တိုင် တက်​​ရောက်​ အား​ပေးခဲ့တဲ့ ဒီအဆိုပြုလွှာပေးအပ်ပွဲမှာ အသစ်​ဝင်​​ရောက်​လာသော ပါတီဝင်​အသစ်​ ၂၁၁ ဦးတို့ကလည်း ၄င်းတို့ရဲ့ဆန္ဒခံယူ ချက်တွေကို အသီးသီးထုတ်ဖော်ပြောဆိုခဲ့ကြတာမှာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ပြည်ခိုင်ဖြိုးပါတီဘက်က ရပ်တည်လုပ်ဆောင် သွားကြဖို့ ပါတီတွင်းဝင်ရောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဥယျာဉ်​ကျေးရွာမှာ အိမ်​​ခြေ​ပေါင်း ၆၃ အိမ်​ရှိပြီး အိမ်​​ထောင်​စု​ပေါင်း ၇၄ စုရှိကာ လူဦး​ရေ​ ကျား ၁၁၃ ဦး နဲ့ မ ၁၉၄ ဦး စုစု​ပေါင်း ၃၀၇ ဦးရှိ​ကြောင်း၊ အရင် ၁၈ နှစ်​အထက်​မဲ​ပေးနိုင်တဲ့ လူဦးရေ ၂၁၆ ဦး ရှိတာမှာ ပြည်ခိုင်ဖြိုးပါတီဝင်​ ၅ ဦးသာရှိ​ခဲ့ကြောင်း၊ အခုအခါမှာတော့ ကျန်​၂၁၁ ဦးလုံးပါတီတွင်းဝင်​​ရောက်​လိုက် တာကြောင့်​ ရွာလုံးကျွတ်​ပါတီတွင်းဝင်​​ရောက်​ခဲ့တဲ့အခြေအနေဖြစ်သွားတာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူဆီကသိရပါတယ်။












သတင်း + ဓာတ်ပုံ - စောထွေး
Popular News Journal

0 comments:

Post a Comment