မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီး နှစ်နေရာအတွက် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းထားသူ နှစ်ဦးကို မကွေးတိုင်းဒေသကြီး လွှတ်တော်အရေး ပေါ်အစည်းဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ခဲ့ကြပါတယ်။
အဆိုပါ ၀န်ကြီးနှစ်နေရာအတွက်ခန့်အပ်ဖို့ တိုင်းလွှတ်တော်မှာ အမည်စာရင်းတင်သွင်းထားတဲ့ကိစ္စ ဖေဖော် ၀ါရီ ၁၄ ရက်နေ့က ကျင်းပတဲ့ ပဲခူးတိုင်းလွှတ်တော် ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ဖို့ သဘောထားပေးခဲ့ကြတာပါ။
ခုလိုကန့်ကွက်မှုတွေရှိနေတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီ အချိန်ယူစစ်ဆေးနိုင်ဖို့ လွှတ်တော် အရေးပေါ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ဆက်လက်ကျင်းပမယ်လို့ တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။
ဒုတိယအကြိမ်မြောက် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းဝေး ဒုတိယနေ့ကို ဖေဖော်ဝါရီ လ ၁၆ ရက်နေ့က ဆက်လက်ကျင်းပခဲ့ပါတယ်။
DVB
0 comments:
Post a Comment