မြန်မာနိုင်ငံ၏တတိယ မြောက်သမ္မတ မန်းဝင်းမောင်၏ သမီးမာရီဝင်းမောင်သည် နာတာ ရှည်ရောဂါ အချို့ကြောင့်အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံ တွင် ဆေးကုသမှုခံယူနေသည်။ ဒေါ်ခင်မိုးဝင်း (ခေါ်) မာရီ ၀င်းမောင်သည် အင်းစိန်မြို့နယ် ကွယ်ကဘောဆေးရုံ၌ ခြေ ထောက်အနာနှင့် ပေါင်တွင်အ ကျိတ်ဖြစ်ပေါ်ခြင်းကြောင့် ဖေ ဖော်ဝါရီ ၁၃ ရက်ကစတင်ဆေး ကုသမှုခံယူနေသည်။
ဒေါ်ခင်မိုးဝင်းသည် အသက် (၇၁)နှစ်ရှိကာ သမ္မတဟောင်းမန်း ၀င်းမောင်၏ သားသမီးခြောက်ဦး အနက် တတိယမြောက်သမီးဖြစ် သည်။ ၎င်းသည် စိန်ဩဂတ်စ တင်းကျောင်း အငြိမ်းစားကျောင်း ဆရာမတစ် ဦးဖြစ်ပြီး သတိမေ့ ဝေဒနာခံစားနေရသူဖြစ်သည်။
‘‘အခက်အခဲကတော့ရှိတာ ပေါ့။ သူက ပင်စင်ကဘယ် လောက်မှမရဘူး။ တစ်လမှ နှစ် သောင်းပဲရတာ။ အရင်ကတော့ အိမ်ငှားစားတာပေါ့။ မနှစ်က တော့ အိမ်ငှားတော့အဆင်ပြေ တာပေါ့။ ဒီနှစ်တော့ အိမ်မငှား တော့ အဆင်မပြေဘူးပေါ့နော်။ အိမ်ရဲ့စီးပွားရေးကလည်း ကျပ် နေတာပေါ့နော်’’ ဟု ဒေါ်ခင်အေး ၀င်းက ပြောသည်။
သမ္မတဟောင်း မန်းဝင်း မောင်သည် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးဖြစ်သည့်အပြင် တိုင်းရင်းသား တစ်ဦးလည်းဖြစ် သဖြင့် ၎င်း၏မိသားစုဝင်များကို အကူအညီပေးရန် လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်း များအဖွဲ့(FPPS)က ပြောသည်။
‘‘အမှန်မှန်တော့ တကယ် ဖြစ်ဖို့ကောင်းတာက ကြားတယ် ဆိုရင် အနည်းဆုံးဒါအလကား စောင့်ရှောက်ပေး လို့ရတယ်။ ဆေးရုံကောင်းကောင်းတစ်ခုမှာ ဒါသူတို့(အစိုးရ)တင်ထားပြီး တော့ သေချာကိုလုပ်ပေးလို့ရ တယ်။ ကြည့်ပေးဖို့လိုတာပေါ့ နော်’’ ဟု ဆေးရုံသို့သွားရောက် ကြည့်ရှုပြီး ငွေကြေးအကူအညီ ပေးခဲ့သော ဦးဝင်းတင်ဖောင်ဒေး ရှင်းအဖွဲ့ဝင်ဦးဘုန်းသိန်းက ပြော သည်။
သမ္မတဟောင်း မန်းဝင်း မောင်သည် သမ္မတဦးနေ၀င်း မ တိုင်မီက မြန်မာနိုင်ငံ၏ ဒုတိယ မြောက် သမ္မတဖြစ်ပြီး ၁၉၅၇ မှ ၁၉၆၂ အထိ တာဝန်ထမ်းဆောင် ပြီး ၁၉၆၂ အာဏာသိမ်းစဉ်ဖမ်း ဆီးခံရကာ ၁၉၆၇ တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ သမ္မတဟောင်း မန်းဝင်းမောင်သည် ၁၉၈၉ ဇူလိုင် ၁၄ ရက် အသက်(၇၃)နှစ် အရွယ်၌ ကွယ်လွန်ခဲ့ သည်။
လွတ်လပ်ရေးကြိုးပမ်းမှုအ ဖြစ် မြန်မာနိုင်ငံတွင်းသို့မဟာမိတ် အကူအညီဖြင့် ပြည်တွင်းတော် လှန်ရေး သမားများနှင့် ဆက်သွယ် ရန် လေထီးဖြင့်ဆင်းလာသည့် တပ်သားများအနက် တစ်ဦးအပါ အ၀င်ဖြစ်၍ လေထီးသမ္မတဟု လည်း တင်စားခေါ်ဝေါ်သည်။
7Day
0 comments:
Post a Comment