Friday, February 16, 2018

အပြစ်ရှိသူ ၁၀၀ လွတ်နေခြင်းထက် အပြစ်မရှိသူကို မှားယွင်းအပြစ်မပေးသင့်ဟု တရားခံ ကြည်လင်း၏ ရှေ့နေ ပြော


“ အပြစ်ရှိတဲ့ လူတစ်ရာ လွတ်တာအရေးမကြီးဘူး။ အပြစ်မရှိတဲ့လူတစ်ယောက်ကို အပြစ်ပေးမိရင် သူရော၊ သူ့မိသားစုရောအားလုံးဒုက္ခရောက်မယ်”ဟု ဦးကိုနီလုပ်ကြံခံရမှုမှတရားခံ ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော် ထိုက်က ပြောသည်။
ဖေဖော်ဝါရီလ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တရားရုံး၌ ပြုလုပ်သည့် (၄၄) ကြိမ်မြောက် ရုံးချိန်းတွင် ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။

“ အခုထက်ထိဒီအမှုကို လေ့လာနေပါတယ်။ ကြည့်ရှုနေပါတယ်ဆိုတဲ့သူတွေကိုယ်တိုင်က ဒီအမှုအခင်းမှာ တရားခံတွေ ဘယ်နှစ်ယောက်ပါတယ်။ ဘာကြောင့်ပါတယ်ဆိုတာကို မသိတဲ့သူတွေအများကြီးပဲ။ သေနတ်ြကီးနဲ့ပစ်လိုက်တယ်ကွာ။ ဒါကိုစစ်နေသေးလားဆိုတဲ့ မေးခွန်းတက်လာတာကိုက ကျွန်တော် မထောက်ခံဘူး။ ဒီအမှုကိုဘယ်လောက် ခက်ခက်ခဲခဲဆုံးဖြတ်ရမယ်။ ဘယ်လောက်ခက်ခက်ခဲခဲ သက်သေတွေ စုဆောင်းရမယ်ဆိုတာတွေမသိကြဘူး။ အဲဒါတွေက ကျနော်တို့အတွက်အင်မတန်ခက်တယ်။ တရားစွဲဆိုမယ့် သူတွေအတွက်လည်း ခက်တယ်။ တရားစီရင်မယ့်သူတွေအတွက်လည်း ခက်တယ်။ ဥပဒေမှာ ဆိုရိုးစကား ရှိတယ်။ မှားပြီးတော့အပြစ်ရှိတဲ့ လူတစ်ရာလွတ်တာ အရေးမကြီးဘူး။ အပြစ်မရှိတဲ့ လူတစ်ယောက်ကို အပြစ်ပေးမိရင်သူရော၊ သူ့မိသားစုရောအားလုံး ဒုက္ခရောက်မယ်။ အဲဒီအချက်ကိုတော့ ခင်ဗျားတို့အားလုံးကိုယ်ချင်းစာစိတ်ထားပေးကြပါ” တရားခံကြည်လင်း၏ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး (၄၄) ကြိမ်မြောက် ရုံးချိန်းတွင်ပြန်ခေါ်သက်သေ ၅ ဦးဖြစ်သည့် ဒုရဲမှူးမိုးနိုင်၊ ဒုရဲအုပ်အေးမြင့်သူ၊ ဒုရဲအုပ်အောငိကျော်ထွန်း၊ တပ်သားနိုင်ဇော်နှင့် ထက်အာကာစိုးတို့အား
စစ်ဆေးခဲ့ကြောင်း သိရသည်။

“ ဒီနေ့အောင်ဝင်းထွန်းဘက်က အကျိုးဆောင်ရှေ့နေက အောင်ဝင်းထွန်းအတွက် အာမခံလျှောက်တယ်။ ဥပဒေဘက်က ကန့်ကွက်တယ်။ အမိန့်ကိုလာမယ့်တစ်ပတ်ကျမှ ချမယ်။ ထူးခြားတာက အမှုမြန်ဆန်ရေး အတွက် လာမယ့်အပတ်ကနေစပြီးတော့ တစ်ပတ်ကို နှစ်ချိန်း၊ ကြာသပတေး၊သောကြာနှစ်ရက်ပေါ့။ လာမယ့်အပတ်၂၂ ရက်၊ ၂၃ ရက်နေ့ကနေ စမယ်လို့ ခုံရုံးတရားသူကြီးဥက္ကဋ္ဌက ဒီနေ့ဆုံးဖြတ်တယ်” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မြေးဖြစ်သူကို ချီလျက်ရပ်နေသည့် ရှေ့နေဦးကိုနီအား ကြည်လင်းဆိုသူက အနီး ကပ်သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ပြီး ၄င်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ပေးခဲ့သော တက္ကစီ ယာဉ်မောင်း ကိုနေဝင်းသည်လည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာသေဆုံးသွားခဲ့သည်။

AKon Thi

0 comments:

Post a Comment