Saturday, February 17, 2018

ဦးကိုနီလုပ်ကြံခံရမှုရုံးချိန်းတွင် အချက်ခုနစ်ချက်ပါ စာကို ဇေယျာဖြိုးက မီဒီယာများထံ ပေး


တရားလွှတ်တော်ရှေ့ နေဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ သေဒဏ်အထိချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက် တင်ခံထားရ သော ဇေယျာဖြိုးသည် ၎င်းပြောချင်သည့် အကြောင်းအရာများကိုစာဖြင့်ရေးသားကာ ယမန်နေ့  ရုံးချိန်းအပြီးတွင် မီဒီယာများအား ပေးခဲ့သည်။
ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြန်ခေါ်သက်သေငါးဦးကိုစစ် ဆေးပြီး  အဆိုပါ ရုံးချိန်းမှအပြန် ဇေယျာဖြိုးက မီဒီယာများအား မင်နီဖြင့် ရေးထားသည့် အချက်ခုနစ်ချက်ပါ စာကို ပစ်ပေး ခဲ့ခြင်း ဖြစ်သည်။

‘‘အဲဒီမှာ ကျွန်တော်ပေးထား တဲ့အတွက် မီဒီယာတွေအနေနဲ့ အမှန်တရားကို ဖော်ထုတ်ပေးပါ လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်စာထဲမှာ ရှင်းပြထားပါ တယ်။ ကျွန်တော့်ကို သက်သေ ထွက်ရမယ်ဆိုပြီး ခေါ်သွားခဲ့တာ ပါ’’ဟု ဇေယျာဖြိုးက တရားရုံး အထွက်တွင် အော်ပြောခဲ့သည်။

အကြိမ်ကြိမ်  လုပ်ကြံခံရဟု  ဇေယျာဖြိုးပြော

အဆိုပါစာထဲတွင် ၎င်းသည် အကြိမ်ကြိမ်လုပ်ကြံခံနေရသည် ဟု အစချီထားပြီး ယခုအမှုနှင့် ပတ်သက်၍ ၎င်းသည် ဘုမသိဘမသိဖြင့် ဘုန်းကြီးဝတ်နေစဉ် လာဖမ်း ကာ မည်သည့် သတင်းပေးတိုင် ချက်မျှမရှိဘဲ နောက်ကွယ်က တရားခံအဖြစ် ဖန်တီးပြီး ပထမ အကြိမ် လုပ်ကြံခံခဲ့ရသည်ဟု ရေးသားထားသည်။

‘‘သူ့ကိုခေါ်သွားတုန်းက ဘယ်လိုပုံစံနဲ့ခေါ်သွားလဲဆိုတာ သူပဲသိမယ်။ ကျွန်တော်လည်း မသိဘူးလေ။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ရဲရှေ့မှာ ထွက်ဆို ခဲ့တဲ့အကြောင်းအရာအကုန်လုံး က တရားရုံးမှာ ထွက်ဆိုတာမျိုး တော့ မဟုတ်ဘူး။ ဒါဆိုရင် ခင် ဗျားတို့မေးလို့ရတယ်။ ဒါဆို သူတို့ ကို ဘာလို့ စစ်ဆေးနေတာလဲဆို တာပေါ့။ သူက (ရဲအရာရှိ)စုံစမ်း စစ်ဆေးပိုင်ခွင့်ရှိတဲ့ အာဏာရ ထားတဲ့သူ၊ ဒီအချက်အလက်တွေ အပေါ် ခိုင်မာအောင် တည် ဆောက်ရတဲ့သူ။ အခု ကျွန်တော် တို့ တရားရုံးမှာ အငြင်းပွားနေရ တာ အဲဒါပေါ့။ အဲဒီအပေါ် စစ် ဆေးခဲ့တာမှန်တယ်။ ဒါပေမဲ့ ခင် ဗျားတို့ ဒီအချက်တွေကို ဘယ် လောက်ထိ ခိုင်မာအောင် အတည် ပြုထားပါသလဲဆိုတာပါ။ အဲဒီအ ပေါ်ကိုမှ တရားရုံးက ဒါကတော့ စစ်ဆေးပေါ်ပေါက်ချက်၊ ဒါက တော့ တွေးတောချက် စတဲ့အချက်တွေကို ပြန်လည်စိစစ်ရတာပါ။ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး’’ ဟု ကြည်လင်း၏အကျိုးဆောင် ရှေ့နေ ဦးကျော်ကျော်ထိုက်က ဇေယျာဖြိုး၏ပြောကြားချက်နှင့် ပတ်သက်၍ ပြောသည်။

ထို့ပြင် တရားခွင်တွင် တစ် နှစ်အတွင်း တရားလိုပြသက်သေ ၇၂ ဦး စစ်ဆေးပြီးချိန်၊ ပစ္စည်း၊ စာရွက်စာတမ်းနှင့် CCTVမှတ်တမ်းများ၌ ဇေယျာဖြိုးသည်  ယခုအမှုနှင့်ပတ်သက်နေသည်ဟု  တစ်စုံတစ်ရာစွပ်စွဲတင်ပြနိုင်ခြင်းမရှိဘဲ အကြံတူပူးပေါင်းသည်ဟုဆိုကာ အခြားသူများနှင့်ရောကာ စွဲချက်တင်ရန် လျှောက်ထားခံခဲ့ရကြောင်း ဇေယျာဖြိုးက စာတွင် ဖော်ပြထားသည်။

‘‘ကျွန်တော်တို့က မမြင် လိုက်တော့ မသိဘူး။ ဘာစာရွက် မှန်းမသိဘူးဗျ။ မသိတော့ မှတ် ချက်ပေးရခက်တယ်။ သက်သေ ထွက်ဆိုချက်တွေက တရားရုံးမှတ်တမ်းတွေဖြစ်တော့  ကျွန် တော်တို့က မလိုအပ်ဘဲနဲ့ ထုတ် ပြောလို့မကောင်းဘူး။ သူကတော့သူ့ခံစားချက်ကို သူပြောမှာပေါ့။ သူ့အမြင်ကတော့ သီးခြားရှိမယ် လေ။ တရားလိုဘက်ကလည်း သက်သေထွက်ချက်တွေအပေါ် သံကြိုးကွင်းဆက်တွေရှိနေပြီး သားပါ။ သူပြောတာတော့ သူ့ခံ စားချက်ကို ပြောတာပေါ့ဗျာ’’ဟု အငှားယာဉ်မောင်း ဦးနေဝင်း ဘက်မှ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြော ကြားသည်။

စွဲချက်တင်ခါနီးအချိန် ‘ထမင်းဝ အောင် စားထား’ တီရှပ်ဝတ်သူ များက ပွဲဆူအောင် လုပ်ခဲ့ဟုဆို

စွဲချက်တင်ခံထားရသည့် ဇေယျာဖြိုးက မီဒီယာများအား ပေးသည့် စာအတွင်း ၎င်းတို့ကို စွဲ ချင်တင်ခါနီးအချိန်မှ ပြဿနာမျိုး စုံဖန်တီးပြီး တရားစီရင်ရေးကို ဖိအားပေးကာ ရှေ့နေများနှင့် မီဒီယာများကို ထမင်းဝအောင်စား ထားဆိုသည့် ၎င်းတို့မပြောသည့် စကားများပြောသည်ဆိုကာ  ပြဿနာတက်ရန်  ရန်တိုက်ပေးခဲ့ ကြောင်း ထည့်သွင်းရေးသားထား သည်။

‘ကျွန်တော်တို့နဲ့ မသိတဲ့ ထမင်းဝအောင် စားထား စာတန်း ပါ T-Shirt ဝတ်လာတဲ့သူ လေး၊ ငါးယောက်က လာပြီး တရားရုံး မှာ ပွဲဆူအောင်ထပ်လုပ်။ ဂျာနယ်တစ်ခုမှာ ကျွန်တော်တို့က ကုမ္ပဏီထောင်ပြီး အကြမ်းဖက်မှုတွေ လုပ်ခဲ့ပါတယ်ဆိုပြီး အထောက် အထားမရှိ၊ ဥပဒေမဲ့ လက်လွယ် စပယ်ပြောပြီး အင်တာဗျူးတွေ လုပ်။ အဲဒီရက်ပိုင်းအတွင်းမှာပဲ ရုံးတော်က စစ်ဆေးပေါ်ပေါက် ချက်တွေနဲ့ ကွဲလွဲပြီး ကျွန်တော် ငွေကြေးထောက်ပံ့ခဲ့တာ ပေါ် ပေါက်ခဲ့သယောင် တစ်ဖက်က မီဒီယာတွေကို သတင်းအမှား တွေပေးပြီး တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ အထင်အမြင်လွဲမှား အောင် လုပ်ဆောင်ပြီး တရားစီ ရင်ရေးကို ယိမ်းယိုင်သွားအောင် ဖိအားတွေပေးခဲ့ပါတယ်’ဟု တရားခံဇေယျာဖြိုးက မီဒီယာများ အား ပစ်ပေးသည့်စာတွင် ရေး သားထားသည်။

‘‘သူက သူတို့နဲ့မသိဘဲ တီရှပ်ကို ဝတ်ပြီး တရားရုံးကို ပွဲဆူ အောင် လုပ်တယ်လို့ပြောတော့  ဟိုလူငယ်လေးတွေက သူတို့ကို လည်း လာဝန်းရံရသေးတယ်။ အခု ထောင်ကျရမယ့်ကိန်းဆိုက် သွားပြီ။ သူတို့က အခုပွဲဆူအောင် လုပ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ကို လာတွေ့တဲ့နေ့တုန်းက၊ တီရှပ်တွေပေးတုန်းကကျတော့ ယူလိုက်ပြီး ဘာပြောလဲဆိုတာ တော့ ကျွန်တော်တို့လည်းမသိ ဘူး’’ဟု ဦးရောဘတ်စန်းအောင် က ပြောသည်။

ထို့ပြင် ယခုအမှုမှ အဓိကကျ သည့် တရားလိုဖြစ်သူ(ယခင်) ရဲအုပ်မိုးနိုင်ထံတွင်လည်း ပထမ သတင်းပေးတိုင်ချက်မရှိသလို ဒုရဲမှူးမြထွန်းကျော်သည်လည်း ရမန်ယူပေးသည်ကလွဲ၍  ဘာ ကြောင့်   ဖမ်းဆီးမှန်းမသိရှိ ကြောင်း၊  အမှုစစ်ရဲအရာရှိ ရဲမှူး တင်မောင်ဆွေကလည်း  မည် သည့်အထောက်အထားမျှ  တင်ပြ နိုင်ခြင်းမရှိသလို ပေါ်ပေါက်ချက် တစ်စုံတစ်ရာမရှိကြောင်း ဇေယျာ ဖြိုးက စာအတွင်းရေးသားထား သည်။

‘ဒါကြောင့် မီဒီယာတွေကို မေတ္တာရပ်ခံချင်တာက ဒီအမှုကို အမှန်တကယ်စိတ်ဝင်စားပြီး အမှန်တရားကို ဖော်ထုတ်ပေးပါ’ ဟု ရေးသားထားပြီး ‘တရားရုံးက တရားဝင်ထုတ်ပြန်ပေးတဲ့ စစ် ဆေးပေါ်ပေါက်ချက်တွေကို သိ အောင် လုပ်စေချင်ပါတယ်။ တရားရုံးက တရားဝင်ထုတ်ပြန် ပေးတဲ့ စစ်ဆေးပေါ်ပေါက်ချက် မှတ်တမ်းမိတ္တူတွေကို ရအောင် ဖတ်ရှုစေချင်ပါတယ်။ ဒီအမှုမှာ လွဲချော်နေတာလည်း အများကြီး ပါ။ အထူးသဖြင့် တရားသူကြီး တွေ ဖိအားကင်းကင်းနဲ့ လွတ် လပ်စွာ တရားစီရင်ခွင့်ရအောင် ဝန်းရံပံ့ပိုးပေးကြပါလို့လည်း မေတ္တာရပ်ခံချင်ပါတယ်’ ဟု ဆိုသည်။

‘‘တကယ်တမ်းပြောရရင် ရေးခွင့်တော့ မရှိဘူးပေါ့ဗျာ။ သူ့ အနေနဲ့ ရေးတာ မသင့်တော်ဘူး ပေါ့ဗျာ။ ဒါကို ရဲတပ်ဖွဲ့က ဆောင်ရွက်ပါလိမ့်မယ်။ တကယ်လို့ တရားဝင်ရေးတယ်ဆိုလည်း အ ချုပ်တာဝန်ခံကနေပြီးတော့ သူ့ ရှေ့မှာ လက်မှတ်ထိုးတာ မှန်ကန် ပါသည် ဘာညာပေါ့။ မှတ်ချက် ပါရမှာပေါ့’’ဟု ဦးရောဘတ်စန်း အောင်က ပြောသည်။

ဦးရောဘတ်စန်းအောင်ကို အမှု ဖွင့်ထားသည်ဟု အောင်ဝင်းဇော် ပြော

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှု နှင့် သေဒဏ်ထိုက်စေမည့် ပုဒ်မ များဖြင့် စွဲချက်တင်ခံထားရသည့် အောင်ဝင်းဇော်က ဦးနေဝင်းဘက်မှ အကျိုးဆောင်ရှေ့နေ ဦးရော ဘတ်စန်းအောင်ကို ဖေဖော်ဝါရီ ၁ ရက်က အမှုဖွင့်ထားပြီးဖြစ် ကြောင်း ယမန်နေ့ရုံးချိန်းအပြီး တွင် အောင်ဝင်းဇော်က မီဒီယာ များအား ပြောသည်။

ပြီးခဲ့သည့် ၃၉ ကြိမ်မြောက်ရုံးချိန်း ရုံးထုတ်လာစဉ် ‘ထမင်း ဝအောင် စားထား’ ဆိုသည့်ကိစ္စ နှင့်ပတ်သက်၍ အောင်ဝင်းဇော် က ဦးရောဘတ်စန်းအောင်ကို နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာ အကွယ်ပေးရေးဥပဒေပုဒ်မ ၈(စ) ဖြင့် တရားစွဲဆိုမည်ဟု ပြောဆို ထားပြီးဖြစ်သည်။

‘‘ဟိုတစ်နေ့က ထမင်းဝဝစား ထားဆိုတဲ့ကိစ္စ။ ကိုယ်တို့နှစ် ယောက်က ထမင်းဝဝစားထား ဆိုပြီး ပြောတာမဟုတ်ပါဘူး။ နောက်ပြီး လက်ရှိ အင်းစိန်အောင်စိုးရေးထားတဲ့ အမှန်တရားဘက် တော်သားဆိုတဲ့စာအုပ်မှာ ပါတဲ့ အောင်ဝင်းဇော်တို့နဲ့သက်ဆိုင်တဲ့ အချက်တွေဟာ မှန်ကန်မှုမရှိတဲ့ အတွက် ကျွန်တော်တရားစွဲမှာပါ’’ ဟု အောင်ဝင်းဇော်က ပြောသည်။အောင်ဝင်းဇော်က အမှုဖွင့် ထားမှုနှင့်ပတ်သက်ပြီး ဖေဖော် ဝါရီ ၁၆ ရက်အထိ ၎င်းထံသို့ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် မျှ လာရောက်မေးမြန်းခြင်းမရှိသ လို ၎င်းတို့ထံတွင် သက်သေအ ထောက်အထား အစုံအလင်ရှိ ကြောင်း ဦးရောဘတ်စန်းအောင် က မီဒီယာများအား ပြန်လည်ဖြေ ကြားသည်။

‘‘သူတို့ဘာသာသူတို့ ဖွင့်ချင် ဖွင့်၊ မဖွင့်ချင်နေ အဲဒါ ကျွန်တော် တို့အလုပ်မဟုတ်ဘူး။ လိုအပ်တဲ့ အချိန်ကျရင် ကျွန်တော်တို့ ဒါကို တင်ပြပေးမယ်။ မလိုအပ်ဘဲနဲ့ တော့ ကျွန်တော်တို့ ဒါကို မပြော ဘူး။ သူ့မှာ ဖွင့်ပိုင်ခွင့်ရှိရင် ဖွင့်ပါ။ ကျွန်တော်တို့က တားစရာအ ကြောင်းမရှိဘူး။ သက်ဆိုင်ရာက လာမေးရင် ဖြေမယ်။ အထောက် အထားပြမယ်။ သူတို့ ဘာနဲ့စွပ်စွဲ မလဲ။ စွပ်စွဲတာကို ကျွန်တော်တို့ က ပြန်ချေပရုံပဲရှိတယ်’’ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

အမှုမြန်ဆန်စေရန် တစ်ပတ်လျှင် နှစ်ရက်ဆက်တိုက်စစ်ဆေးမည်

ဦးကိုနီလုပ်ကြံခံရမှု ၄၄  ကြိမ်မြောက် ရုံးချိန်းတွင် ပြန်ခေါ်သက် သေအဖြစ် (ယခင်)ရဲအုပ်မိုးနိုင်၊ ရဲအုပ်အေးမင်းသူ၊ ဒုရဲအုပ်အောင်ကျော်ထွန်း၊ ရဲတပ်သား သက်အာကာစိုး၊ ရဲတပ်သားနိုင်ဇော်တို့ကို စစ်ဆေးပြီး  ပြစ်မှုကျူးလွန်သူကို လက်သင့်ခံသည့် ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ခံထားရသည့် အောင်ဝင်းထွန်း၏ရှေ့နေက အာမခံလျှောက်ထားသဖြင့် ဖေဖော်ဝါရီ ၂၂ ရုံးချိန်းတွင် တရားရုံးက အာမခံပေးသင့်၊ မပေးသင့် အမိန့်ချ မည်ဖြစ်သည်။

ထို့ပြင် အမှုနှင့်ပတ်သက်ပြီး မြန်ဆန်ရန် ဖေဖော်ဝါရီ ၂၂ ရက် ရုံးချိန်းက စတင်၍ အပတ်စဉ် ကြာ သပတေး၊ သောကြာ နှစ်ရက် ဆက်စစ်ဆေးမည်ဖြစ်ကြောင်း ခုံရုံးဥက္ကဋ္ဌက ယမန်နေ့(ဖေဖော် ဝါရီ ၁၆ ရက်)ရုံးချိန်းတွင် ပြော ကြားသည်။

7Day

0 comments:

Post a Comment