မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်မေးပွဲ၌ စာမေးပွဲခန်းအတွင်းသို့ ဘုရားပုံတော်၊ အင်းကွက်၊ ဘာသာရေးနှင့် သက်ဆိုင်သည့်ပုံနှင့် စာသားများယူ ဆောင်ခြင်း မပြုရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တားမြစ်ထား သည်။
‘‘အင်းအိုင်လက်ဖွဲ့၊ ဂါထာ မန္တရား အဲဒါတွေဘာမှယူလို့ မရ ဘူး။ စာမေးပွဲခန်းနဲ့ သက်ဆိုင် သော ဘောပင်၊ ပေတံ၊ ခဲတံတွေ ပဲ ယူခွင့်ရှိတယ်။ စာမေးပွဲခန်းထဲ မ၀င်ခင် သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ်ရေးမှူးတွေက အသေး စိတ်စစ်ဆေးမှာပါ။ လူတွေက တော့ ဘာသာရေးကို အမှီပြုကြ တာပေါ့။ ဒါပေမဲ့ စာမေးပွဲမှာ လုံးဝ မသမာမှုဖြစ်နိုင်တဲ့ ပစ္စည်း တွေကို ယူခွင့်မပေးတာပါ။ အ ကြိမ်ကြိမ်လည်း သတိပေးပါတယ်’’ ဟု မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမိုးမြတ် ကျော်က ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် စာမေးပွဲခန်းစောင့်ကြပ်သူ လက် ထောက်ကြီးကြပ်ရေးမှူး (အခန်း စောင့်ဆရာ၊ ဆရာမ)က နေ့စဉ် ဖြေဆိုချိန် နံနက် ၉ နာရီမထိုးမီ စာဖြေသူများ လိုက်နာရန်စည်း ကမ်းချက်များ အပြည့်အစုံ ဖတ် ပြရမည်ဖြစ်ပြီး ဖတ်ပြခြင်းမရှိ သော စာမေးပွဲခန်းစောင့်ကြပ်သူ ကို ထိုက်သင့်သလို အရေးယူမည် ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က ညွှန်ကြားထားသည်။
‘‘ဆယ်တန်းစာမေးပွဲက မိဘတွေကိုယ်တိုင်ကလည်း စိတ်ပူကြ တော့ ဘုရားပုံတော်၊ ယတြာ ပစ္စည်း၊ ဥပမာ သစ်သားတုံး ခပ် သေးသေးလိုမျိုး ကျောင်းသား တွေကို ထည့်ပေးလိုက်တာလည်း ရှိတာပေါ့။ တချို့ကျတော့ လည်း ဒါတွေပေါ်မှာ စာမှတ်လာတာမျိုး ရှိတယ်။ မယူရဘူးဆိုတာ မသိကြ တော့ ယူလာကြတာ။ အပြင်မှာ စစ်တဲ့ အချိန်တွေ့ရင်တော့ ယူ ထားလိုက်တာပေါ့။ အထဲပါသွား လို့မိရင်တော့ ဖြေဆိုခွင့် ရပ်နား တဲ့အထိ အပြစ်ပေးတယ်’’ဟု မန္တ လေးတိုင်းဒေသကြီးမှ အလယ်တန်းပြဆရာမတစ်ဦးက ပြောသည်။
၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၇ ရက်တွင် မြန်မာ စာ၊ ၈ ရက်တွင် အင်္ဂလိပ်စာ၊ ၉ ရက်တွင် သင်္ချာ၊ ၁၂ ရက်တွင် ဓာ တုဗေဒနှင့် စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်တွင် ရူပဗေဒ၊ ၁၄ ရက် တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၅ ရက် ပထ၀ီဝင်၊ ၁၆ ရက်တွင် သမိုင်းဘာသာရပ် ဖြေဆိုရမည် ဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင် စာ မေးပွဲဖြေဆိုရန် လျှောက်ထားသူ ၈၄၀,၀၀၀ ကျော်ရှိပြီး ယခင်နှစ် ထက် ၈၀,၀၀၀ ခန့် တိုးလာသည်။
7Day
0 comments:
Post a Comment