ရခိုင်ပြည်နယ်အ စိုးရရှယ်ယာပါဝင်သည့် အမေရိကန်ဒေါ်လာ ၁၀ သန်းတန် စစ် တွေမြို့ Sittwe Waterfront မြို့ သစ်စီမံကိန်းမြေယာများကို ကိုရီးယားကုမ္ပဏီက ခွင့်ပြုချက်မရဘဲ ရောင်းချနေ၍ ရောင်းချမှုလုံးဝရပ် ဆိုင်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန် တားမြစ်ခဲ့သည်။
ယင်း မြေယာများရှိမြေကွက် များရောင်းချပွဲကို ဇန်န၀ါရီ ၆ ရက်နှင့် ၇ ရက်တွင် ရန်ကုန် မြို့နိုဗိုတယ် ဟိုတယ်နှင့် စီမံကိန်း တည်ရှိရာ စစ်တွေမြို့ (ဖဖြူလမ်း) ၌ပြုလုပ်ခဲ့ပြီး ကျပ် ၂၆ ဘီလီယံ ကျော်တန်ဖိုးရှိ မြေကွက် ၂၄၀ ကျော် ရောင်းချခဲ့ကြောင်း i Myanmar House က သတင်းထုတ်ပြန်သည်။
ယင်းသို့ မြေယာရောင်းချ ခြင်းနှင့် ပတ်သက်၍ ဥပဒေ၊ လုပ် ထုံးလုပ်နည်းနှင့် ညီညွတ်စေရေး ပြည်နယ် အစိုးရ အဖွဲ့ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ရန် အစိုး ရ၏အကြောင်းကြားစာတွင် ဖော် ပြထားသည်။ သို့သော်မြေယာ ရောင်းချမှုကို မည်သည့်အတွက် ကြောင့် တားမြစ်သည့်ကို ရှင်း လင်း စွာ ဖော်ပြထားခြင်း မရှိပေ။ ယခုမြေကွက်ရောင်းချမှုကို တား မြစ်သဖြင့် မြေကွက်ဝယ်ယူထား သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။
‘‘ဒါကစာချုပ်ပါအတိုင်းလုပ် ခိုင်းတာပါ။ စီမံကိန်းရပ်ဆိုင်းတာ မဟုတ်ပါဘူး။မြေယာရောင်းချ တာကိုရပ်ခိုင်း တာပါ။ ၀ယ်ထား သူတွေရော ရင်းနှီးမြုပ်နှံမယ့် သူ တွေရော မထိခိုက်စေရပါဘူး’’ ဟု ရခိုင်ပြည်နယ် ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကပြောသည်။
ရခိုင်ပြည်နယ် အစိုးရနှင့် ကုမ္ပဏီကြား စာချုပ်ချုပ်ဆိုမှုတွင် မြေယာပြင်ဆင်ခြင်း လုပ်ငန်းများ ပြီးပြတ်မှသာ ရောင်းချမည်ဟု ပါ ၀င်ထားပြီး မြေယာပြုပြင်ခြင်း လုပ်ငန်းကို ၂၀၁၈ ဧပြီ အတွင်း အပြီးဆောင်ရွက်ရမည်ဟု ပါဝင် ကြောင်း i Myanmar House အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူ ကပြောသည်။
‘‘ရခိုင်ပြည်နယ်မှာ ရင်းနှီး မြှုပ်နှံမှုတွေမလာချင်တဲ့ အချိန် မှာ ကျွန်တော်တို့တောင်အများ ကြီးကြိုးစားထား ရတာ ပြည်နယ် အစိုးရကလုပ်တာ ထိခိုက်မှုတွေ ရှိနိုင်တယ်’’ ဟု ၎င်းကပြောသည်။
ယင်းစီမံကိန်းသည် ရခိုင် ပြည်နယ်အတွင်း လက်ရှိအစိုးရ လက်ထက်တွင် ပထမဆုံး အကောင်အထည်ဖော် မည့် အိမ် ရာ စီမံကိန်းဖြစ်သည်။ အဆိုပါစီ မံကိန်းကို Sittwe Waterfront မြို့သစ်စီမံကိန်းဟု ခေါ်ဆိုပြီး စီမံကိန်းတွင် စုပေါင်းအိမ်ရာ၊ အလယ်အလတ်ရှိ ကွန်ဒိုမီနီယံများ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေး ဆိုင်ရာဝန်ဆောင် မှုများ၊ ကုန် သွယ်မှုစီးပွားရေး ဇုန်များနှင့် အပန်းဖြေနေရာများ ပါဝင်မည်ဖြစ်သည်။ BXT ကုမ္ပဏီသည် ကိုရီး ယားနိုင်ငံ ဘူဆန်မြို့ရှိ အဝေး ပြေးကားဝင်းကို တည်ထောင်ခဲ့ ပြီး ဖိလစ်ပိုင်နိုင်ငံ စမုမြို့တွင် ကြယ်ငါးပွင့် ဟိုတယ်တစ်လုံးနှင့် အပန်းဖြေနေရာတစ်ခုကို တည် ဆောက်ခဲ့သည်ဟု ယင်းကုမ္ပဏီဥက္ကဋ္ဌ ကပြောသည်။
7Day
0 comments:
Post a Comment