Sunday, February 18, 2018

သတင်းထောက်များ ငြိမ်းချမ်းရေးကိုရှေးရှုပြီး မေးစေချင်တယ်ဟု ဦးခင်ဇော်ဦးပြော


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော် MICC–II တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမို ကရက်တစ် အစည်းအရုံး၊ အစိုးရ၊ တပ်မတော်စသည်တို့နှင့် NCA လက်မှတ်ထိုးပွဲအပြီး သတင်းစာရှင်း လင်းပွဲတွင် ဘီဘီစီသတင်းထောက်တဦးက NCA မှာ KNU လိုမျိုး ပြဿနာဖြစ်လာလျှင် ထိရောက်မှုမရှိဟု KNU က ထောက်ပြထားကြောင်း၊ KNU လိုမျိုးပြဿနာဖြစ်ခဲ့လျှင် တပ်မတော်နှင့်မွန်ပြည်သစ်ပါတီ၊           လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ မည်သို့ဖြေရှင်းကြမည်နည်းဟု မေးမြန်းခဲ့မှုအပေါ် ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်ပြီး သတင်းထောက် များမေးမည်ဆိုပါက ငြိမ်းချမ်းရေးကိုရှေးရှုပြီး မေးစေချင်ကြောင်း ပြောသည်။
''အခုမှ လက်မှတ်ရေးထိုးတဲ့အဖွဲ့ကို ခင်ဗျားတို့ရန်ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတာကတော့ ကျွန်တော် တို့ဖြေရခက်ပါတယ်။ ရိုးရိုးလေးစဉ်းစားကြည့်ပေါ့။ အဲဒီတော့ ငြိမ်းချမ်းရေးကို လိုလားသလား၊ လိုလားရင် ငြိမ်းချမ်းရေးကိုရှေးရှုတဲ့ မေးခွန်းတွေ မေးစေချင်တယ်။ နှစ်ယောက်ထရန်ဖြစ်မယ့်မေးခွန်းမျိုးတွေ မမေးစေ ချင်ပါဘူး''ဟု ၎င်းက ပြောသည်။

ယခုမှလက်မှတ်ထိုးသည့်အဖွဲ့များအနေဖြင့် ယခုလိုမစဉ်းစားသေးကြောင်း၊ ဥပမာအားဖြင့် အိမ်ထောင် ဦးပြုပြီးစ မင်္ဂလာဦးညတွင်ကွဲလျှင် ဘယ်လိုလုပ်မည်နည်းဟု မေးသည့်မေးခွန်းအတိုင်းဖြစ်ကြောင်း မကွဲနိုင် ဘူးဟုသာ ပြန်ဖြေမည်ဖြစ်ပြီး ပြဿနာများ ကျွန်တော်တို့ကြားတွင်မရှိနိုင်ဟု ၎င်းက ဆက်လက်ပြောကြား သွားသည်။

ဤသို့ သတင်းစာရှင်းလင်းပွဲများနှင့် သတင်းလိုက်ရာတွင် သတင်းထောက်များအနေဖြင့် မိမိရေးသားမည့် သတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ၀မ်းစာပြည့်ရန်လိုအပ်ကြောင်းကိုလည်း မြန်မာ နိုင်ငံသတင်းမီဒီ ယာကောင်စီမှ ပြန်ကြားရေးတာဝန်ခံဦးမြင့်ကျော်က ပြောသည်။

''ကိုယ်ရေးသားတဲ့ သတင်းလိုက်တဲ့ သတင်းရဲ့အကြောင်းအရာ အတိမ်အနက်ကို သိဖို့လိုအပ်ပါတယ်။ ငြိမ်း ချမ်းရေးအကြောင်းကို ရေးသားတော့မယ်ဆိုရင် ငြိမ်းချမ်းရေးအကြောင်းကို လေ့လာထားရမယ်ဆိုတာက ယေဘုယျပြောရင်တော့ မှန်တယ်။ အဲဒီလိုလေ့လာတာကို ၀မ်းစာပဲခေါ်ခေါ် အိမ်စာပဲခေါ်ခေါ် အိမ်စာကျေ ဖို့တော့ လိုတာပေါ့''ဟုဆိုသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် က နေပြည်တော်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည့်အတွက် တတိယအကြိမ်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် အဆိုပါအဖွဲ့များ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ထိုးရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကော်စီ(UNFC) အဖွဲ့ဝင်များ ဖြစ်ကြသော ရခိုင်အမျိုးသားကောင်စီ (ANC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)တို့အပြင် မြောက်ပိုင်းမဟာ မိတ် (၇)ဖွဲ့တို့ကျန်ရှိနေသေးကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch


0 comments:

Post a Comment