Monday, August 20, 2018

မန္တလေး တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွင် မူးယစ်ဆေးဝါး ရောင်းချသူနှင့် သုံးစွဲသူများ ဖမ်းမိ


မန္တ​လေး​၊ အောင်​​မြေသာစံမြို့နယ်​၊ မင်းတဲအီကင်းရပ်​ တန်​ဖိုးနည်း အငှားအိမ်​ရာ တိုက်​ခန်းတခုကို ရဲတပ်ဖွဲ့က မနေ့က ဝင်​​ရောက်​ရှာ​ဖွေရာ ​ရောင်းချသူနှစ်ဦးနဲ့ သုံးစွဲသူ ခြောက်ဦးတို့ကို စိတ်​ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်​။

တန်​ဖိုးနည်း အငှားတိုက်​ခန်းအမှတ်​ ၂၊ အခန်းအမှတ်​ ၂၄ မှာ အခန်းပိတ်ထား​ပေမယ့် မသင်္ကာဖွယ်​ရှိတာ​ကြောင့် အခန်းမှူးနဲ့ အုပ်​ချုပ်​ရေးမှူးတွေကို သက်​​သေထားပြီး အခန်း​သော့ဖျက်​ကာ ဝင်​​ရောက်​ရှာ​ဖွေရာ ပန်း​ရောင် စိတ်​ကြွရူးသွပ်ဆေးတွေနဲ့အတူ ဆက်​စပ်​ပစ္စည်း ​​ဆေးထိုးပိုက်​တွေ၊ ​ဆေးထိုးအပ်​တွေ အ​မြောက်​အမြား ထပ်​မံ​တွေ့ရှိခဲ့ပါတယ်​။
မန္တ​လေးတိုင်းဒေသကြီး ရဲတပ်​ဖွဲ့ တိုင်းမူးယစ်​တိုက်​ဖျက်​​ရေးအဖွဲ့တွေက ရှောင်​တခင်​ ဝင်​​ရောက်​စစ်​​ဆေး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေကို မူးယစ်​​ဆေးဝါးနဲ့ စိတ်​ကိုပြောင်းလဲ​စေ​သော ဆေးဝါးများအန္တရာယ် ​တားဆီးကာကွယ်​​ရေး ဥပ​ဒေပုဒ်​မတွေနဲ့ အမှုဖွင့် အ​ရေးယူသွားမယ်​လို့ မူးယစ်ဖမ်းဆီးအဖွဲ့ တာဝန်​ရှိသူက ပြောပါတယ်​။

DVB

0 comments:

Post a Comment