Thursday, September 20, 2018

မောင်တောမြောက်ပိုင်းတွင် မြိုလူမျိုးတစ်ဦး အသတ်ခံရ

Image may contain: one or more people, people standing, plant, outdoor and natureImage may contain: plant, flower, outdoor and natureImage may contain: one or more people, outdoor and nature

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် မြိုတိုင်းရင်းသား တစ်ဦး အသတ်ခံခဲ့ရသည်။
သစ်တုံးနားခွဆုံ ကျေးရွာ အုပ်ချုပ်ရေးမှူး မြိုတိုင်းရင်းသား ဦးထွန်းရွှေက “ သူက မနေ့က နွားကျောင်းရင်းနဲ့ နေ့လယ်က ပျောက်သွားခဲ့ပါတယ်။ သူ့ကို ဒီကနေ့ မနက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေဝိုင်းဝန်း လိုက်ရှာတော့ နန်းရာကိုင်းရွာအနီး တောစပ်မှာ သူ့အလောင်းကိုတွေ့ခဲ့ပါတယ်။ နံနက် ၈ နာရီခွဲခန့်မှာတွေ့တာပါ”ဟု ၎င်းက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ဦးဒူလူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ လေးချက် တွေ့ရှိခဲ့ရသည်ဟု သူက ပြောသည်။
“ ဒဏ်ရာက လေးချက်တွေ့ပါတယ်။ ပထမ တစ်ချက်က ဘယ်ဖက် လေးပင်းမှာ ပြတ်ရှ ဒဏ်ရာ တစ်ချက်ပါ။ ဒါက ဒဏ်ရာကြီးပါ။ နောက်ဘယ်ဘက်နဲ့ ညာဘက်လက်မောင်းတွေမှာ ဓါးဒဏ်ရာတွေ့ပါတယ်။ ဓါးနဲ့ ခုတ်တဲ့ အချိန်မှာ သူက ပြန်ခုခံပုံရပါတယ်။ လက်မ နှစ်ဘက်လုံး ပြတ်နေပါတယ်။ နောက်တစ်ချက်ကတော့ ဒူးခေါင်မှာတွေ့ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောဆိုသည်။
သေဆုံးသူ ဦးဒိုရာမှာ ဘင်္ဂလာဒေ့ရှ်ဘက်မှ ပြောင်ရွှေ့ပြီး သစ်တုံးနားခွဆုံတွင်နေထိုင်သူဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်ကော်ရာနှင့် သားသမီး ၄ ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။
“ သူက တစ်ခြားလူနဲ့လည်း ရန်မရှိဘူး။ နွားကျောင်းနေရင်းနဲ့အသတ်ခံရတာပါ။ သတ်တဲ့လူ ဘယ်သူဆိုတာကို မသိပေမယ့် အကြမ်းဖက်သမားတွေ ဖြစ်ဖို့များပါတယ်။ ဒီဒေသမှာ သူတို့တွေဘဲ လူသတ်နေတာပါ” ဟု ပြောကြားသည်။
အသတ်ခံရသူမှာ မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာနေ ဦးဒူလူ (၄၀) နှစ် ဖြစ်ကြောင်းကို နယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ တစ်ဦးက အတည်ပြုပြောကြားသည်။
ယခုအခါ အလောင်းကို မောင်တောမြို့နယ်ဆေးရုံသို့ယူဆောင်လာခဲ့သည်ဟု သိရသည်။
Narinjara

0 comments:

Post a Comment