Thursday, September 20, 2018

ဗြိတိန်နှင့် အိုင်ယာလန်တွင် မုန်တိုင်းတိုက်ခတ်၊ အနည်းဆုံး ၂ ဦး သေဆုံး

Image may contain: cloud, sky, outdoor and water

အိုင်ယာလန်နဲ့ ဗြိတိန်နိုင်ငံတွေကို စက်တင်ဘာ ၁၉ ရက်နေ့က အာလီမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူနှစ်ဦးအနက် တဦးဟာ အိုင်ယာလန်နိုင်ငံက အသက် ၅၀ အရွယ် အမျိုးသမီးဖြစ်ပြီး မုန်တိုင်းကြောင့် သူရဲ့မော်တော်ကားနဲ့အတူ ကျောက်ဆောင်ပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့တာပါ။

နောက်တဦးကတော့ ဗြိတိန်နိုင်ငံ မြောက်အိုင်ယာလန်ဒေသမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတဦးဖြစ်ပြီး မုန်တိုင်းကြောင့် သစ်ပင်လဲကျ သေဆုံးခဲ့တာပါ။

မုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ မိုင် ၁၄၀ ရှိခဲ့ပြီး မြောက်အိုင်ယာလန်ဒေသနဲ့ အိုင်ယာလန်နိုင်ငံတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။

မုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး လေယဉ်ခရီးစဉ် ၅၀ လောက် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဒါ့အပြင် စကော့တလန်ဒေသမှာလည်း ခရီးသည်တင် ရေယဉ်တစီး ချက်ချင်းကမ်းကပ်ခဲ့ရပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ခဲ့ရကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
DVB

0 comments:

Post a Comment