Sunday, September 23, 2018

နူးကမ့်မှာ နိုင်ပွဲ ရပ်တန့်သွားတဲ့ ဘာစီလိုနာ




FT : ဘာစီလိုနာ 2-2 ဂီရိုနာ

ဘာစီလိုနာ ဟာ ဒီကနေ့ ပွဲမှာတော့ ချန်ပီယံလိဂ်မှာ စတင် ကစားခွင့် ရရှိခဲ့တဲ့ ကော်တင်ဟို ကို အရံ ကစားသမား စာရင်းမှာ ချန်ထားခဲ့ သလို ၊ အနီကဒ် ပြခံ ရတဲ့ အမ်တီတီ ကိုလဲ အရံလူ စာရင်းမှာသာ ထည့်သွင်းထားခဲ့ ပါတယ်။ ပွဲထွက် ကစားသမား စာရင်းမှာတော့ ဂိုးသမား တာစတီဂျန် ၊ နောက်တန်းမှာ ဆမီဒို ၊ ပီကေး ၊ လင်ဂလတ် ၊ အယ်လ်ဘာ ၊ အလယ်တန်းမှာ အာသာ ၊ ဘက်စ်ကွက် ၊ ဗီဒယ်တို့ ပွဲထွက် လာခဲ့ပြီး တိုက်စစ်ကိုတော့ မက်ဆီ ၊ ဆွာရက် ၊ ဒမ်ဘီလီ တို့က ထုံစံ အတိုင်း ဦးဆောင် လာခဲ့ ပါတယ်။

ဂီရိုနာ ကတော့ အဝေးကွင်း ပွဲစဉ် ဖြစ်တာရော ၊ ဘာစီလိုနာ ကို ရင်ဆိုင် ရမှာ ဖြစ်တာကြောင့် နောက်တန်းမှာ ၅ ယောက်အထိ ထားကာ ပွဲထုတ်လာခဲ့ပြီး ဂိုးသမား ဘိုနို ၊ နောက်တန်းမှာ မူနီဆာ ၊ ဂျူအန်ပီ ၊ အယ်ကာလာ ၊ ဘာနာဒို ၊ အဒေး ၊ အလယ်တန်းမှာ ဂရန်နဲ ၊ ပီရီး ပွန့် ၊ အလက်ဆစ် ဂါစီယာ တို့ကို အသုံး ပြုခဲ့ပြီး တိုက်စစ်မှာတော့ စတူအာနီ နဲ့ ပေါ်တူ တို့က ဦးဆောင် ခဲ့ပါတယ်။

ပွဲစတာနဲ့ အိမ်ရှင် ဘာစီလိုနာ အသင်းကပဲ ခြေစွမ်း အသာ ၊ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ဖိကစားခဲ့ပြီး ၊ မက်ဆီ ရဲ့ တစ်ကိုယ်တော် အားထုတ်မှု ကန်သွင်းချက်ဟာ ဦးဆောင်ဂိုး စောစောစီးစီး ရလုနီးပါး အထိ ဖြစ်ခဲ့ ရပါတယ်။ မက်ဆီဟာ ဂိုးဧရိယာ ထိပ်ကနေ လူပေးမလို ၊ ပေးမလိုနဲ့ ဧရိယာ ထဲကို ဘောလုံးသယ်လာရင်း ၊ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လိမ့်ဘောလေး ကန်သွားခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့ ကန်ချက်ဟာ နည်းနည်းလေး ကပ်ပြီး လွဲသွားခဲ့တာ ဖြစ်ပါတယ်။

ဂီရိုနာ အသင်းကလဲ ကတ်တလန် ဒါဘီ ပွဲစဉ် ဖြစ်တာနဲ့ အညီ ဘာစီလိုနာ ကွင်းထဲကို မျှော်လင့်ချက် မပါပဲ ရောက်ရှိလာခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ အကောင်းဆုံး တုန့်ပြန် ပြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေဟာ ပွဲအစ 10 မီးနစ် အကျော်မှာပဲ စတင် မြင်တွေ့ခဲ့ရပြီး ၊ သူတို့ရဲ့ ပြန်လည် တိုက်စစ်ဆင် ကစားပုံကြောင့် ဘာစီလိုနာ ကစားသမား 2 ယောက်ဟာ ၅ မီးနစ် အတွင်း အ၀ါကဒ် 2 ကြိမ် အထိ ပြသခဲ့လိုက်ရတဲ့ အထိ တုန့်ပြန်မှု အားကောင်းလာခဲ့ ပါတယ်။

Goal!!!
ပွဲချိန် 19 မီးနစ် အရောက်မှာတော့ အိမ်ရှင်တို့ ဦးဆောင်ဂိုးကို စတင် ရရှိသွားခဲ့ ပါတယ်။ ဒီဂိုးကိုတော့ ၀ါရင့်ကွင်းလယ်လူ ဗီဒယ်က ဧရိယာထဲကို ထိုးပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက ပိုင်ပိုင် နိုင်နိုင် ပိတ်သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရအပြီးမှာတော့ ဘာစီလိုနာ ကပဲ ပွဲကို ဆက်လက် စိုးမိုးဖိ ကစားထားခဲ့ပြီး ၊ ဂီရိုနာ ဟာ ကွင်းတစ်ဝက်နီးပါး အထိ ခံစစ်မှာ အချိန်ကုန် နေခဲ့ပါတယ်။

ဒီပွဲအတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုက မီးနစ် 30 ကျော်မှာ စတင် ပေါ်ပေါက်လာခဲ့ ပါတယ်။ ဘာစီလိုနာ နောက်တန်း က ကစားသမား လင်ဂလတ်ဟာ ဂီရိုနာ ကစားသမားနဲ့ ဘောလုံး ယှဉ်လုစဉ်မှာ တံတောင် သုံးသွားခဲ့တာကြောင့် ဒိုင်လူကြီးက VAR ကနေ တဆင့် ပြန်လည် သုံးသပ်ခဲ့ပြီး ၊ တိုက်ရိုတ် အနီကဒ် ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ ဘာစီလိုနာ နောက်တန်း ဟာ ချန်ပီယံလိဂ်မှာ ရော ၊ ဒီပွဲမှာဟာ အနီကဒ်တွေ ဆက်တိုက် ပြခံ လိုက်ရတာကြောင့် လာမယ့် ပွဲတွေဆိုရင် သူတို့ရဲ့ ကစားပုံကို ဂရုတစိုက်နဲ့ ကစားဖို့ လိုအပ်နေတာ အသေအချာပါပဲ။

အဲဒီနောက်ပိုင်းမှာ ဂီရိုနာ အသင်းဟာ စိတ်ဓါတ်ပိုင်း ဆိုင်ရာ အသာစီး ရသွားခဲ့ပြီး ၊ ချေပဂိုးရဖို့လဲ မိုပို အားစိုက်လာခဲ့ပါတယ်။

Goal!!
ပထမပိုင်း ပြီးဖို့ မီးနစ် ပိုင်းအလိုမှာပဲ ဂီရိုနာတို့ မထင်မှတ်ပဲ ချေပဂိုး ရရှိသွားပါတယ်။ ဒီဂိုးကိုတော့ ဧရိယာထဲကို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ပီကေးက ဖျက်ထုတ်ရာ ၊ ဖျက်ထုတ်ပုံ မသေသပ်တာကြောင့် စတူအာနီက ရယူသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ အပိုင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ မမျှော်လင့်ပဲ ဂိုးပေးလိုက်ရတာကြောင့် ဒုတိယ ပိုင်းမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ နိုင်ပွဲ ရှာဖွေမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။

ဒုတိယ ပိုင်းပြန်စလို့ 3 မီးနစ် အတွင်းမှာပဲ ဘာစီလိုနာ အသင်း တိုက်စစ်ဆင် ပြန်ကစားလာခဲ့ပြီး ၊ အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပါတယ်။ နောက်တန်း ကနေ တိုက်စစ်အထိ လိုက်ပါ လာခဲ့တဲ့ ဆမီဒိုဟာ ဧရိယာထဲမှာ နေရယူထားတဲ့ ဆွာရက်ကို ထိုးပေးလိုက်ရာ ၊ ဆွာရက်က အပိုင် ပိတ်သွင်းခဲ့ပေမယ့် ဂိုးသမား လက်စွမ်းပြ ကွာကွယ်သွားခဲံပါတယ်။

Goal!!!
ပွဲချိန် မီးနစ် 50 အရောက်မှာတော့ ဧည့်သည် အသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့ ပါတယ်။ ဒီအနေ အထားမှာ ဂီရိုနာ တိုက်စစ်မှုး ပေါ်တူက ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့တဲ့အချိန်မှာ အပိုင်ကန်သွင်းခဲ့ရာ ၊ တာစတီဂျန်က ကာကွယ်လိုက်ပေမယ့် ၊ အဲဒီဘောလုံးဟာ စတူအာနီဆီ ရောက်ရှိသွားပြီး ၊ စတူအာနီက အပိုင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဗယ်ဗာဒီ ကတော့ သူ မျှော်လင့်ထားသလို မဖြစ်မလာ ခဲ့တာကြောင့် ချက်ခြင်း ဆိုသလို ဗီဒယ်နဲ့ အာသာ တို့ကို ထုတ်ပြီး ကော်တင်ဟို ၊ ရာကီတစ်တို့ ထည့်သွင်းကာ အပြောင်းအလဲကို စတင် ပြုလုပ် လာခဲ့ ပါတယ်။

အဲဒီနောက် ဂီရိုနာ ဧရိယာ ထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို မက်ဆီက အပိုင် အသုံးချဖို့ ကြိုးစားခဲ့ပေမယ့် ၊ သူ့ရဲ့ ကန်သွင်းချက်ဟာ ဂိုးဘားတန်းထိပြီး ဂိုးလွန်ဘော ဖြစ်သွားခဲ့ရ ပြန်ပါတယ်။

Goal!!!!
ပွဲချိန် 62 မီးနစ်မှာ ဘာစီလိုနာတို့ ချေပ ဂိုး ပြန်လည် သွင်းယူ နိုင်ခဲံပါတယ်။ ဒီဂိုးဟာ ကော်တင်ဟို ၊ မက်ဆီ ၊ ဆွာရက် တို့ရဲ့ ကြိုးစား အားထုတ်မှုကနေ ကျွံထွက်လာတဲ့ ဘောလုံးကို ပီကေးက အပိုင်ခေါင်းတိုက်ပြီး သွင်းယူ သွားခဲ့တာဖြစ်ပါတယ်။ 2-2 ဖြစ်လာပြီး နောက်ပိုင်းမှာတော့ ဘာစီလိုနာဟာ 10 ယောက်ထဲ ဆိုပေမယ့် ကွင်းတစ်ဝက် နီးပါး အထိ ဖိကစားခဲ့ သလို ၊ ဦးဆောင်ဂိုး ရဖို့အတွက် ကော်တင်ဟို ၊ မက်ဆီ တို့ရဲ့ ဖန်တီးမှုတွေကို ပိုမို အားထား လာခဲ့ပါတယ်။

လက်ကျန် အချိန်မှာတော့ ဘက်စ်ကွက် ဧရိယာထဲမှာ လဲကျသွားခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခြင်း မရှိခဲ့သလို ၊ ကော်တင်ဟို ၊ ဆွာရက်တို့ရဲ့ အဝေးကန်ချက်တွေကိုလဲ ဂိုးသမား ဘိုနိုက ကာကွယ်သွားခဲ့ပြီး သရေ ရလာဒ်နဲ့သာ ပြီးဆုံးသွားခဲ့ ပါတယ်။ ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ ကတော့ 1960 ခုနှစ် နောက်ပိုင်း အကောင်းဆုံးရာသီ အဖွင့် ရနိုင်တဲ့ အခွင့်အရေးကို လွဲချော် သွားခဲ့ရပါပြီ။

သို့သော် ဘာစီလိုနာဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

Sports Myanmar

0 comments:

Post a Comment