
အလိုရှိ သည်၊ အငှားကိုယ်ဝန်ဆောင် အ မျိုးသမီးအလုပ်သမား။
အကြောင်းအရာ။ အငှား ကိုယ်ဝန်ဆောင် အမျိုးသမီး အ လုပ်သမား။ မျိုးအောင်ပြီးသော မျိုးစေ့အား ကိုယ်ဝန်ဆောင်ပေး မည့်သူ၏ သားအိမ်ထဲထည့်ပြီး ကိုယ်ဝန်ဆောင်ရန် ဖြစ်သည်။
(၁၀)လ အတွင်း မွေးဖွားပြီး သည်အထိ တစ်လယွမ်ငွေ ၁၅,ဝဝဝ။ ကုမπဏီသို့ လာရောက် ဆွေးနွေးတိုင်ပင်ပြီးမှ သဘောတူ ကြောင်း ဆုံးဖြတ်နိုင်ပါသည်။
မြန်မာနိုင်ငံအတွင်း တရုတ် နယ်စပ် မြို့က နေရာတွေမှာ ကြော် ငြာနေတဲ့ လက်ကမ်းစာစောင် လေးထဲက စာသားတွေပါ။ ဆက် ပြီးကြည့်လိုက်တော့ လိုအပ်သည် မှာ အသက် ၃၅ နှစ်အောက်၊ ကျန်း မာရေးကောင်းရမည်၊ ကူးစက် ရောဂါ မရှိရ၊ ရုပ်ရည်၊ အရပ်၊ ပညာ အရည်အချင်း မကန့်သတ်ပါ၊ က လေးမွေးဖွားဖူးသူ ဖြစ်ရမည်။ (မင်္ဂလာဆောင်ပြီးသူလည်း ရသည်) သည်စာသားတွေရဲ့ အောက်မှာ တော့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် နဲ့ ဝီချတ်နံပါတ်တွေကို အင်္ဂလိပ်လို ရေးထားပါတယ်။
သည်ကြော်ငြာမှာပါလာတဲ့ စာကြောင်းတွေက စီးပွားရေး အ ဆင်မပြေတဲ့ အိမ်ထောင်သည်တွေ နဲ့  single mother တွေ၊ငယ်ငယ် ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်နေသူတွေနဲ့ တစ်ခုလပ်အမျိုးသမီးတွေအတွက် မျက်စိကျလောက်စရာ ငွေပမာ ဏပါ။
သည်လို အငှားကိုယ်ဝန် ဆောင်တဲ့ ဈေးကွက်ဟာ မြန်မာ ပြည်မှာ တကယ် ဖြစ်နေပြီး၊ ပေါက် ဈေးတွေကလဲ တစ်လကို ကျပ် ၃၄ သိန်းကျော်၊ ကိုယ်ဝန်ဆောင်တဲ့ ကာလ ၁၀ လအတွက် ကျပ်သိန်း ၃၄၀ ကျော် ရရှိမယ့် အနေအထား မျိုး ဖြစ်နေပါတယ်။
သည်လို ကြော်ငြာစာမျိုးတွေ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် မြို့မှာ လာရောက်ကြော်ငြာတာ တွေ့ဖူးတယ်လို့ မူဆယ်မြို့ကရု ဏာ လူမှုကယ်ဆယ်ရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဆိုပါ တယ်။
သူက “ဒါမျိုးကြော်ငြာထား တာကတော့ လွန်လွန်းသွားပါပြီ၊ တရုတ်ဘက်က မိန်းကလေးတွေ ကို ကြေးစားပုံစံမျိုး လုပ်သွားတာ ပဲ၊ ဒီဘက်မှာ ဒီလို လုပ်လဲ လုပ်နေ ကြတယ်၊မရှိဆင်းရဲသားတွေက ထွက်ပေါက်အနေနဲ့ ဒါမျိုးလုပ်ကြ မယ်လို့ ထင်တာပဲ၊ လုပ်နေကျလို့ ဒီ လို ကြော်ငြာကြတာပေါ့”လို့ ပြီးခဲ့ တဲ့ လအနည်းငယ်အတွင်းက သူ ကိုယ်တိုင် ကြော်ငြာစာရွက်တွေ ရရှိခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောပါ တယ်။
မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အ တွင်း ထူးခြားမှုအနေနဲ့ အငှားကိုယ် ဝန်ဆောင်တဲ့ လူကုန်ကူးမှုပုံစံသစ် ကို ဖော်ထုတ်အရေးယူနိုင်ခဲ့တယ် လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန် ထီးယူက မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားသွားတာပါ။
သည် ဖြစ် စဉ် မျိုး ဘယ် လောက်အထိ အရေးယူထားတယ် ဆိုတဲ့ ကိန်းဂဏန်းကို တိတိကျ ကျ ပြောဆိုသွားတာမျိုး မတွေ့ရပါ ဘူး။ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာ အချက်အလက် များအရ ၂၀၁၆ ခုနှစ်က ထုတ်ပြန် တဲ့ သတင်းအချက်အလက်တွေအ ရ နှစ်စဉ်လူကုန်ကူးမှု တွေဟာ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံ ခန့် အမြတ်အစွန်း ရရှိနေပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နယ်စပ်မြို့နယ်အတွင်းက ကျေး ရွာမှာ ကျောင်းဆရာမ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မရတ နာတစ်ယောက်လည်း သည်လို ကြော်ငြာစာရွက်ကလေးကို တွေ့ခဲ့ ဖူးပါတယ်။
သူတာဝန်ကျတဲ့ ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် တိုင်းရင်းသူတစ်ဦးက သူ့ကို လာပြ ကို မြင်ဖူးတာပါ။ လာပြတဲ့ အမျိုး သမီးက ကလေးနှစ်ယောက် မိခင် ဖြစ်ပြီး သူ့အမျိုးသားက မူးယစ် ဆေးစွဲနေတဲ့သူတစ်ဦး ဖြစ်တာ ကြောင့် မိခင်နဲ့ မောင်နှမ အပါအ ဝင် သူမွေးထားတဲ့ ကလေးတွေအ တွက် ရွာကထွက်တဲ့ အသီးအနှံ တွေကို မြို့ပေါ်မှာ ရောင်းပြီး ၊ ရှာ ဖွေကျွေးမွေးနေရသူ ဖြစ်တယ်လို့ မရတနာက ရှင်းပြပါတယ်။
သည်တိုင်းရင်းသူ မိန်းက လေးက အငှားကိုယ်ဝန်ဆောင်ရဖို့ အကြီးဆုံး ပြဿနာက သူ့အမျိုး သားဟာ မူးယစ်ဆေးဖိုးငွေ အ ကြွေးပေးစရာရှိပြီး မပေးရင် ရစ ရာရှိသူတွေက မိသားစုရဲ့ အသက် ကို ရန်ရှာမယ်လို့ ပြောတဲ့အတွက် သူ့အမျိုးသားက ခွင့်ပြုတယ်လို့ ဆိုပါတယ်။
မရတနာက “စာရွက်ကလေး လာပြတယ်၊ သူလုပ်ချင်တယ်တဲ့ သူ့ကလေးတွေနဲ့ မိဘတွေအ တွက် သူ့ကိုယ်သူ စတေးမယ်ဆို ပြီး တိုင်ပင်တယ်၊ ကျွန်မ တား တယ်၊ သူက ပြောတယ်၊ သူ့မှာ အ ကြွေးတွေလဲ တင်နေတယ်တဲ့ နည်းလမ်းမရှိလို့ လုပ်ရတယ်ဆိုပြီး ပြောတာ၊ ကျွန်မက မေးတော့ သူက ခုမသွားသေးဘူးတဲ့၊ ဆေး စစ်ထားတဲ့ အဖြေရမှဆိုတော့ ကျွန်မလဲ သူစိတ်ပြောင်းသွား အောင် မလုပ်နိုင်ခဲ့ဘူး၊ သူနဲ့လဲ နောက်ထပ် ထပ်မတွေ့ရတော့ ဘူးလေ၊ သူ့အိမ်ကိုတော့ ငွေတွေ အများကြီး ပို့တာတော့ ကြားနေ တယ်၊ မေးလို့ မကောင်းလို့ ထပ်မ မေးခဲ့ရဘူး”လို့ လွန်ခဲ့တဲ့ တစ်နှစ် ကျော်က သူကိုယ်တိုင် ကြုံတွေ့ခဲ့ တဲ့ အဖြစ်အပျက်ကို ပြန်ပြောပါ တယ်။
အိန္ဒိယနိုင်ငံမှာတော့ အငှား ကိုယ်ဝန်ဆောင်တဲ့ လုပ်ငန်းကို (ဈေးကွက်)တစ်ခုအနေနဲ့ လုပ် ကိုင်သူတွေ ရှိနေပြီး သူတို့တွေက တော့ ကလေးမရတဲ့ ဇနီးမောင်နှံ တွေကို ဖန်ပြွန်သန္ဓေသားနည်းနဲ့ လွယ်ပေးရတာပါ။
တရုတ်နိုင်ငံနဲ့ နီးတဲ့ မြန်မာနိုင် ငံအတွင်းမှာတော့ ဘယ်လိုပုံစံမျိုး နဲ့ အငှားကိုယ်ဝန်ဆောင်ပေးရတာ လဲ ဆိုတာကတော့ တိတိကျကျ မ သိရပါဘူး။
မက်လောက်စရာ
တရုတ်အေဂျင်စီတွေခေါ်တဲ့ အငှားကိုယ်ဝန်ဆောင်လုပ်သား တစ်ယောက်အတွက် လစာငွေ ဟာ မက်လောက်စရာ ဖြစ်နေ တယ်လို့ ပြော ဆိုနေကြပါတယ်။
ကိုယ်တိုင်စိတ်ဝင်စားလို့ အခ ကြေးငွေနဲ့ အငှားကိုယ်ဝန်ဆောင် တာက မဆောင်မနေရပုံစံမျိုးနဲ့ ကိုယ်ဝန်ဆောင်ခိုင်းပြီး ရောင်းစား တာမျိုးနဲ့တော့ မတူပါဘူး။
တရုတ်က အ ငှား ကိုယ်ဝန် ဆောင်ခိုင်းတဲ့ ပမာဏဟာ နည်း ပါးပြီး ဥရောပနိုင်ငံတွေမှာသာ ဈေးကွက်ရှိပြီး ငွေပေးနိုင်တယ်၊ တရုတ်နိုင်ငံကတော့ ငွေသည် လောက် မသုံးနိုင်ဘူးလို့ စီးပွားရေး ပညာရှင် အချို့ကတော့ သုံးသပ် ကြပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောကªချုပ် ဒေါက်တာတင်ဝင်း ကတော့ သည်ဈေးကွက်က မြန် မာပြည်တွင်းမှာ ကြီးထွားလာတာ မျိုးမဟုတ်ဘဲ ဖြစ်လာပါကလည်း ထိန်းသိမ်းဖို့ တစ်ဦးချင်းဝင်ငွေ နဲ့ အများကြီးသက်ဆိုင်နေတယ် လို့ မှတ်ချက်ပြုပါတယ်။
ဒါကြောင့် အငှားကိုယ်ဝန် ဆောင်လုပ်ငန်းလုပ်ကိုင်ဖို့ အခွင့် အလမ်းများနေတဲ့ နယ်စပ်ဒေသ က မိန်းကလေးတွေအတွက် ဝင် ငွေမြင့်လာအောင် ဆောင်ရွက်ပေး ရမယ်လို့ ဆိုပါတယ်။ မလုပ် ဆောင် ပေးနိုင်ရင် သည်လုပ်ငန်း တွေထဲ ဝင်ရောက်လုပ်သူများ လာ နိုင် တယ်လို့ ဆိုပါတယ်။“အေဂျင်စီတောင်ထောင်ပြီး လုပ်နေတယ်ဆိုတာ ဈေးကွက်ရှိ နေလို့ပေါ့”လို့ ဒေါက်တာတင်ဝင်း က ပြောပါတယ်။
အငှားကိုယ်ဝန်ဆောင်တဲ့ လုပ်ငန်းဟာ လူကုန်ကူးမှုမြောက် တယ်ဆိုတာကို သိရှိတာမျိုး မရှိ သေးပါဘူး။ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေရတဲ့ လူကုန်ကူးမှုပုံစံတွေ ကတော့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံ ဖြတ်မှု ၅၄ ရာခိုင်နှုန်းခန့် ရှိနေပါ တယ်။
အဓမ္မခိုင်းစေမှုမှာ ၃၈ ရာခိုင် နှုန်းခန့်ရှိပြီး တခြားပုံစံတွေအနေနဲ့ ရှစ်ရာခိုင်နှုန်းခန့်ပါဝင်နေပါတယ်။ ကိုယ်အင်္ဂါ ထုတ်ပြီးရောင်းချတဲ့ လူ ကုန်ကူးမှုမှာ ကမ္ဘာ့နိုင်ငံ၁၆ နိုင်ငံမှာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မိုးညှင်းခရိုင်အတွင်း အငှား ကိုယ်ဝန်လွယ်ခိုင်းတဲ့ အမှုမျိုးတွေ ရှိခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာ အမျိုးသမီးအများစုဟာ တရုတ် နိုင်ငံကို လိင်ကျွန်အဖြစ် ရောင်းစား ခံရတာ၊ အငှားဇနီးမယားပြုလုပ် စေခိုင်းခံရတာ၊ အဓမ္မအငှားကိုယ် ဝန်ဆောင်ရတာတွေ ရှိနေပါတယ်။
မိုးညှင်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အငှားကိုယ်ဝန်ဆောင်ခိုင်းတဲ့ ဖြစ် စဉ် ကို မြစ်ကြီးနား လူကုန်ကူးမှု တား ဆီးရေးအဖွဲ့က ဖော်ထုတ်စစ် ဆေး ခဲ့တယ်လို့ သိရပါတယ်။
အများစုကြုံတွေ့ဖူးတာက တော့ မိန်းကလေးတွေကို တရုတ် နိုင်ငံကို လူကုန်ကူးပြီး တရုတ်အ မျိုးသားနဲ့ လက်ထပ်စေကာ ကလေးမွေးဖွားပြီး ပါက မြန်မာ နိုင်ငံ အတွင်းကို ပြန်ပို့တဲ့ဖြစ်စဉ် တွေသာ အများစုဖြစ်ပွားခဲ့တာလို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှား သူအချို့က ဆိုကြပါတယ်။
အငှား ကိုယ်ဝန်ဆောင်တာ ကို မြန်မာ နိုင်ငံမှာ ခွင့်ပြုထားတဲ့ ဥပဒေမျိုး မတွေ့ရသေးဘဲ သည် ကိစ္စတွေကို မြန်မာပြည်က လူ့အ သိုင်းအဝိုင်းက လက် မခံနိုင်တဲ့ ကိစ္စလို့ သုံးသပ်ကြပါတယ်။
“ပိုက်ဆံယူပြီးမှ လက်ခံတာ ဖြစ်ဖြစ် သူများအမြင်မှာ လင် ကောင်မပေါ်တဲ့ အဖေမပေါ်တဲ့ ပုံစံ နဲ့ ကိုယ်ဝန်ဆောင်သွားတာသူ့ရဲ့ ပုံရိပ်က ထိခိုက်သွားမှာပဲ၊ မြန်မာ ပြည်မှာ အမျိုးသမီးတစ်ယောက် ဟာ အမျိုးသားမရှိဘဲ ကိုယ်ဝန် ဆောင်တာကို လက်မခံကြသေး ဘူး”လို့ ကချင်အမျိုးသမီးတက်ကြွ လှုပ်ရှားသူ ဒေါ်ခွန်ဂျာက ပြောပါ တယ်။
ဈေးကွက်
သည်လို အငှားကိုယ်ဝန် ဆောင်ပေးရတဲ့ ဈေးကွက်မျိုး နယ် စပ်ဒေသတွေသာမက ရန်ကုန်မှာ လည်း ဈေးကွက်ရှိနေပြီလို့ ပြော ဆိုနေကြပေမဲ့ တိတိကျကျတော့ မသိရသေးပါဘူး။
ခြွင်းချက်အနေနဲ့ သားသမီးမ ရနိုင်သူတွေနဲ့ မိသားစုဘဝကို တ ကယ်လိုချင်သူတွေအတွက် အငှား ကိုယ် ဝန်ဆောင်ပေးရတာကိုတော့ ခွင့် ပြု သင့် ပေ မဲ့ အ ငှား ကိုယ် ဝန် ဆောင်လုပ်သားအနေနဲ့တော့ ခွင့် ပြုဖို့ မသင့်တော်ဘူးလို့ မိသားစု ၂၀ ကျော်ကို မေးမြန်းမှုအရ သိရပါ တယ်။
ကုမ္ဗဏီလုပ်ငန်းလုပ်ကိုင်သူ ဦးအေးမြင့်က “သားသမီးလိုချင် တယ်ဆိုလဲ မိဘမဲ့ကလေးတွေ ခေါ်မွေးလိုက်ပေါ့၊ ဘာကြောင့် က လေးမွေးလုပ်သားကို လိုချင်ရတာ လဲ၊ တရားဝင်မိန်းမ မလိုချင်လို့ လား၊ ဒီလိုလုပ်တဲ့သူတွေက လူ မဆန်တဲ့လူတွေ၊ လုံးဝလက်မခံ ဘူး၊ ဒါတွေက လူ့လောကမှာ မရှိ သင့်တဲ့ အရာတွေ၊ လူနဲ့မတူဘဲ လူ့လောကအသိုင်းအဝိုင်းကြီး ပျောက်ကွယ်သွားမယ်၊ ဒါ ပိုက်ဆံ ဘယ်လောက်ရရ မလုပ်သင့်တာ”လို့ ပြောပါတယ်။
အငှား ကိုယ်ဝန်ဆောင်ပေး လိုက်ရတဲ့ အမျိုးသမီးဆန္ဒရှိရင် မွေးပေးရတဲ့ကလေးကို တွေ့ချင် ရင် တွေ့ခွင့်ပေးတာ၊အငှား ကိုယ် ဝန်ဆောင်တဲ့ မိန်းကလေးရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ စိတ်ပိုင်း ဆိုင်ရာတွေ ဖြည့်ဆည်းပေးဖို့ လို တယ်လို့ နော်ဝေနိုင်ငံမှာ နှစ်ပေါင်း များစွာ နေထိုင်ဖူးပြီး အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးတွေရဖို့ ကူညီပေးနေတဲ့ မဆွေဆွေက သူ့အမြင်ပြောပါတယ်။
သူက “တစ်လကို သိန်း ၃၀ ရ မယ်ဆိုတဲ့ အနေအထားက မက် လောက်စရာဖြစ်တယ်၊ ဒီငွေက အ ပြင်မှာ ရှာရတာ မလွယ်ဘူး၊ လမ်း မှာထွက်ပြီး ပိုက်ဆံရှာရတာနဲ့စာ ရင် ကိုယ်ဝန်ကိုစောင့်ရှောက်ရ တာ ပိုကောင်းတယ်၊ မွေးပြီးတဲ့ နောက် ပိုင်းမှာ ဘယ်သူရဲ့ သုက်ပိုးပဲယူယူ သူဟာ အမေဖြစ်သွားပြီ၊ မွေးပေး လိုက်ရတဲ့ ကလေးပေါ်မှာတော့ သူ တော်တော်သံယောဇဉ်ဖြစ်သွားပြီ၊ မွေးပေးတဲ့သူအတွက် ဘယ်လို အာမခံပေးမှာလဲ၊ ဒါက မင်းရဲ့ ကိုယ်ဝန်ဆောင်အမေဆိုပြီး အသိ အမှတ်ပြုပေးနိုင်မလားဆိုတာ တွေပါ စဉ်းစားရတော့မယ်” လို့ ပြောပါတယ်။
သည် လို အ ငှား ကိုယ် ဝန် ဆောင်တဲ့ လုပ်ငန်းတွေဟာ လူ ကုန်ကူးမှုပုဒ်မ နဲ့ တရားစွဲလို့ရသ လို အငှားကိုယ် ဝန်ဆောင်ရတဲ့ မိန်းကလေးတွေအတွက်လည်း လူ ပုဂ္ဂိုလ်ဆိုင်ရာ လွတ် လပ်ခွင့်၊ လုံ ခြုံခွင့်ထိခိုက်တာကို တားမြစ်တဲ့ ဥပဒေနဲ့ပါ တရားစွဲနိုင် တယ်လို့ တရားလွှတ်တော်ရှေ့နေ အချို့က သုံးသပ်ပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ လူ့ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အမှုကိစ္စတွေမှာအခမဲ့ရှေ့နေလိုက် ပေးနေတဲ့ တရားမျှတမှုစင်တာက ဦးဆောင်သူ တရားလွှတ်တော်ရှေ့ နေ ဒေါ်ခင်မိုးမိုးကတော့ သည်အ ငှားကိုယ်ဝန်ဆောင်လုပ်ငန်းကြော် ငြာနေတဲ့ ကိစ္စကို ဆက်ပြီး စုံစမ်း မယ်လို့ ပြောပါတယ်။
သူက “ဒီလုပ်ငန်းက နိုင်ငံက ခွင့်ပြုတဲ့လုပ်ငန်း မဟုတ်ဘူး၊ ခုမှ ပေါ်နေတဲ့ လုပ်ငန်းတွေဆိုတော့ သွားပြီးလုပ်မယ်ဆိုရင် ဟိုဘက်ကို သွားပြီး လုပ်ရမှာလေ၊ လူကုန်ကူး နဲ့ နွှယ်မှာပဲ၊ လူကုန်ကူးရင်းနဲ့ ဗိုက် ထဲက ကလေးပါ ကူးပြီပေါ့၊ တရား မဝင်အလုပ်ကိုလုပ်ဖို့ ဟိုဘက်ကို ကူးသွားတာပဲ၊ အမျိုးသမီးက ငွေ လိုလို့ လက်ခံတယ်ထား၊ သူ့ကို သယ်သွားတဲ့လူကို လူကုန်ကူးနဲ့ စွဲလို့ရတယ်၊ ဒါ တော်တော် စိုးရိမ် စရာကောင်းတဲ့ကိစ္စ၊ ဒီကြော်ငြာ ထားတဲ့အသံတွေကို တော်တော် လေး ဆွဲထုတ်ရတော့မယ်”လို့ ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်တွေ မှာ တော့ ကလေးမွေးလုပ်သား အ လိုရှိတယ်ဆိုတဲ့ ကြော်ငြာစာရွက် ထဲမှာ အငှားကိုယ်ဝန်ဆောင်မယ့် သူတွေကို အေဂျင်စီတွေက တွေ့ ဆုံ ဆွေးနွေးပြီးမှသာ သဘောတူ ကြောင်း ဆုံးဖြတ်မယ်လို့ ကြော်ငြာ ထားပါတယ်။
တချို့ အငှားကိုယ်ဝန်ဆောင် လုပ်သား ကြော်ငြာစာရွက်တွေထဲ မှာ မျိုးအောင်ထားတဲ့ မျိုးစေ့ကို ကိုယ်ဝန်ဆောင်ရမယ်ဆိုတဲ့ စာ သားဟာ အမျိုးသမီးတွေအတွက် လူချင်းဆက်ဆံပြီးမှ ကိုယ်ဝန် ဆောင်စေတဲ့ ကိစ္စထက်နှိုင်းစာရင် သည်အလုပ်ကို လက်ခံဖို့ ဆွဲ ဆောင်နေတဲ့အချက်လို့ ပြောဆို တာလည်း ရှိနေပါတယ်။
အငှားကိုယ်ဝန်ဆောင်ပေးရ တဲ့ အမျိုးသမီးလုပ်သားတွေကို ကလေးလက်ခံယူမယ့် မိသားစုနဲ့ အတူ နေထိုင်ရမှာလား၊ ဝန်ဆောင် မှုပေးတဲ့ အေဂျင်စီက စီစဉ်ထားတဲ့ ဆေးခန်းတွေမှာ နေထိုင်ရမှာလား ဆိုတာကိုတော့ အတိအကျမသိရ ပါဘူး။
သည်လို တရုတ်နယ်စပ်ဒေသ မငြိမ်းချမ်းသေးတဲ့ဒေသက မသိ နားမလည်တဲ့ အမျိုးသမီးတွေအ တွက် စိတ်ဝင်စားစရာ ငွေကြေး တွေ ဖြစ်နေလို့ စိတ်ဝင်စားသူတ ချို့ ရှိ နေတယ်လို့ မူဆယ်ဒေသခံ ကလေးတစ် ဦးမိခင် နန်းပိုးယုံက သူ့ယူဆချက် ကို ပြောပါတယ်။
သူက “လူကုန်ကူးခံရတာနဲ့စာ ရင် ကျန်းမာရေးရှောက်မှုကောင်း ကောင်းနဲ့ ဒီလိုဝင်ငွေက ဆေးသ မားမယား၊ ပြဿနာအမြဲရှာနေပြီး အိမ် ထောင် ဦး စီး မ ပီ သ တဲ့ ယောကျာ်းကို ရထားတဲ့ သားသည် မိခင်တွေအတွက် ထွက်ပေါက်ဖြစ် တယ် လို့ မြင် တယ်၊ တ ကယ် ရ မယ် ဆို လုပ် ကြ မှာ” လို့ ပြော ပါ တယ်။
Kumudra






0 comments:
Post a Comment