ကယားပြည်နယ်အစိုးရ က လွိုင်ကော်မြို့ နမ့်ဘော်ဝမ်း ရှမ်း (က)ရပ်ကွက် အုပ်စု (၉)အတွင်း နေထိုင်သူများကို ကျူးကျော်အဖြစ် သတ်မှတ်မှု တာဝန် ယူဖြေရှင်းပေးရန် ယမန်နေ့က ဒေသခံ ၁၀၀ ကျော် ဆန္ဒဖော်ထုတ်ခဲ့သည်။ ၎င်းတို့သည် ‘ဖိနှိပ်ခံပြည် သူ မြေယာပိုင်ဆိုင်ရေး ပြောင်း ဖူးသပိတ်’ အမည်ဖြင့် ပြောင်းဖူးများ ကိုင်ဆောင်ကာ ဆန္ဒထုတ် ဖော်ခြင်းဖြစ်သည်။
စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီကစ၍ ‘ဒီမိုကရေစီနှင့် ဆန့်ကျင်သော လုပ်ရပ်များအလို မရှိ’၊‘ပြည်သူများလွတ်လပ်စွာနေ ထိုင်ခွင့်ရရှိရေး... ဒို့အရေး’ စသည့်ကြွေးကြော်သံများဖြင့် လွိုင်ကော်မြို့တွင် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ချီတက် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ ပြီး ၁၁ နာရီခန့်၌ ရုပ်သိမ်းခဲ့သည်။
တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယခင် စီစဉ်ထားသည့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး နုတ်ထွက်ပေးရေး အပါအဝင် ‘ဖိနှိပ်ခံပြည်သူ မြေ ယာပိုင်ဆိုင်ရေး ပြောင်းဖူးသပိတ်၊ ကယားပြည်နယ်’ဟူသည့် ဆိုင်း ဘုတ်များကို ရဲတပ်ဖွဲ့နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့က ခွင့်မပြုသဖြင့် ဖြုတ်သိမ်းပေးခဲ့ရ ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူ ကိုမောင်က ပြောသည်။
‘‘အဓိက ကျွန်တော်တို့ တောင်းဆိုတာက မပြောင်းရွှေ့ ရေးနဲ့ တရားဝင်မြေဂရန်ချပေးဖို့ ပေါ့။ ဒါပေမဲ့ အစိုးရဘက်က တစ် ခုမှမလိုက်လျောဘူး။ သူတို့က ဒီ နေရာကို တရားဝင်မချပေးဘဲနဲ့ ဒီနေရာကို ပါးစပ်နဲ့ပဲ နေခွင့်ပေး တယ်ပေါ့။ ၂၀၁၆ မှာ ပြောတယ်၊ ၂၀၁၈ မှာ ပြန်သိမ်းတယ်’’ဟု ၎င်း က ဆိုသည်။
လက်ရှိ အငြင်းပွားနေသော မြေနေရာသည် ယခင်ကန္တရဝတီ စော်ဘွားကြီး လက်ထက်က တည်းက သာသနာ့နယ်မြေအဖြစ် လှူဒါန်းခဲ့ပြီး ယခင်အစိုးရ အဆက်ဆက်က သာသနာ့မြေကို မြေဂရန် ထုတ်ပေး၍ လူနေထိုင်ခွင့်ပေးခဲ့ သဖြင့် ယခုကဲ့သို့ ပြဿနာဖြစ် ပေါ်ခြင်းဖြစ်ကြောင်း စော်ဘွား ကြီး၏ အနွယ်တော်တစ်ဦးက ပြောသည်။
‘‘မြေစာရင်းမှာလည်း ယခင် ကတည်းက သာသနာ့မြေအဖြစ် နာမည်ပေါက်ပြီးသား။ ယခင် အစိုးရအဆက်ဆက်က စီမံခန့်ခွဲ မှုလွဲမှားစွာလုပ်ပြီး ပေးလိုက်တာ။ အခုကိစ္စမှာ သာသနာရေးနဲ့ အစိုးရ လုပ်တာ မှန်တယ်လို့ပြောချင်တယ်။ ဘာလို့လဲဆိုတော့ သာ သနာ့မြေအဖြစ် လှူဒါန်းထားတာ ကြာခဲ့ပါပြီ’’ဟု ၎င်းက ဆိုသည်။
လက်ရှိ မြေနေရာကို သာ သနာ့နယ်မြေအဖြစ် သတ်မှတ်၍ ဆက်လက်နေ ထိုင်ခွင့်ပြု ကြောင်း သံဃာတော်ငါးပါးက လက်မှတ်ရေးထိုး၍ စာထုတ်ပြန် သော်လည်း အဆိုပါစာတွင် တရားဝင်တံဆိပ် ရိုက်နှိပ်ထား ခြင်းမရှိကြောင်း ကိုမောင်က ဆိုသည်။
အိမ်ခြေ ၁၅၀ ခန့်ရှိ အဆို ပါမြေနေရာကို ပြည်နယ်အစိုးရ က ဩဂုတ်အတွင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ကာ ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဆက်လက်နေထိုင် လိုပါက အစိုးရကို အခွန်ဆောင်သကဲ့သို့ သက်ဆိုင်ရာ သံဃာ တော်များအား အလှူငွေလှူဒါန်း ၍ နေထိုင်နိုင်ကြောင်း ပြောသော် လည်း မယုံကြည်သဖြင့် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဆန္ဒထုတ်ဖော်မှုတွင် ပါဝင် သည့် ကိုအောင်နေဝင်းက ‘‘မြေ ဂရန်ပေးဖို့၊ ပုဒ်မ ၁၈၈ ရုပ်သိမ်း ပေးဖို့၊ ကျွန်တော်တို့ အိုးအိမ်ကို ရောင်းပိုင်ခွင့်၊ ဝယ်ပိုင်ခွင့်ပေးဖို့ ရပ်ကွက်တစ်ခုအဖြစ် သတ်မှတ် ပေးဖို့။ ဘာလို့လဲဆိုတော့ ၂ နှစ် အတွင်းမှာ ကျွန်တော်တို့ အစိုးရ ရဲ့ ထောက်ပံ့မှု ဘာမှမရခဲ့ဘူး။ အစိုးရက ခေါင်းရှောင်နေတဲ့အ တွက် အခုလို လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်’’ ဟု ရှင်းပြသည်။
လွိုင်ကော်မြို့ နမ့်ဘော်ဝမ်း ရှမ်း (က)ရပ်ကွက် အုပ်စု (၉) ဟု အစိုးရက သတ်မှတ်ထားသည့် အဆိုပါ မြေနေရာတွင် ၂၀၁၅ ကတည်းက နေထိုင်ခဲ့ပြီး ၂၀၁၆ တွင်မူ အဆိုပါနေရာရှိ နေထိုင်သူများကို ပြည်နယ်အစိုးရက ကျူးကျော်နေထိုင်သူများဟူ၍ သတ်မှတ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်မှု ၌ ပါဝင်သည့် ဒေသခံများက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ အ တွင်းရေးမှူးထံ မေးမြန်းရန် ဖုန်း ဆက်သွယ်သော်လည်း အဆက် အသွယ်မရရှိပေ။
7Day






0 comments:
Post a Comment