Friday, September 28, 2018

ပါတီစည်းကမ်းတင်းကျပ်ခြင်းနှင့် အလှူငွေထည့် ၀င်ရခြင်းကြောင့် ဒီချုပ်မှ နုတ်ထွက်သည်ဆိုခြင်း မှာ မဟုတ်မှန်ဟု မကွေးတိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆို



ပါတီစည်းကမ်းတင်းကျပ်ခြင်းနှင့် အလှူ ငွေထည့်ဝင်ရမှုများ၍ ဒီချုပ်မှနုတ်ထွက်သည်ဆိုခြင်းမှာ မဟုတ်မမှန် ကြောင်း မကွေးတိုင်းဒေသကြီး အမှတ် (၅) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ 
ပါတီမှ နုတ်ထွက်ခွင့်တင်ပြထားသူနှစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ် တော် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးဖေချစ်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ ဦးတင် အောင်ထွန်းတို့အား နုတ်ထွက်ခွင့် ပြုကြောင်း စက်တင်ဘာ ၂၃ ရက် နေပြည်တော်တွင်ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အစည်းအ ဝေးမှ ဆုံးဖြတ်လိုက်သည်။ 

  
၎င်းတို့မှာ ပါတီတွင်းစည်းကမ်းတင်းကျပ်လွန်းခြင်းနှင့် ပါတီအလှူငွေထည့်ဝင်ရခြင်းများကြောင့် နုတ်ထွက်စာတင်ခြင်းဖြစ်ကြောင်း ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့် က ပြောကြားခဲ့သည်။ ယင်းပြောဆိုချက်ကို ၎င်းအနေဖြင့် ငြင်းဆို ကြောင်း၊ ၎င်း၏ဂုဏ်သိက္ခာကို ထိ ခိုက်စေကြောင်း ဦးတင်အောင်ထွန်းက စက်တင်ဘာ ၂၆ ရက် မင်းဘူးမြို့၌ မီဒီယာများနှင့်တွေ့ ဆုံစဉ် ပြောသည်။ 

"ပါတီဗဟိုကပြောရေးဆိုခွင့်ရှိသူက ပြောလိုက်တဲ့စကားကိုပဲ အတည်ပြုပြီးတော့ လက်ခံယုံကြည်တဲ့ ပါတီဝင်တွေ၊ မဲဆန္ဒရှင်ပြည်သူ တွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေ၊ အခြားပါတီဝင်တွေ၊ အဖွဲ့အစည်းတွေက မြင်လိုက်တဲ့အမြင်ကတော့ အခုလိုမျိုးကြောင့် ကျွန်တော်ထွက်သွားရတာမှန်ရင် ကျွန်တော့်ရဲ့ဂုဏ်သိက္ခာနဲ့ ကျွန်တော့်ရဲ့ လူမှုရေးရပ်တည်ချက်မှာတော့ အများကြီးထိခိုက်ပါတယ် " ဟု ၎င်းကပြောသည်။ 

ပါတီ၏မူဝါဒ၊ ညွှန်ကြားချက်အချို့သည် ပြည်သူလူထု၏အကျိုးစီးပွားကို အဟန့်အတားဖြစ်စေသည့်အတွက် နုတ်ထွက်ရခြင်းဖြစ် ကြောင်း ၎င်းးကဆိုသည်။ 

" ပါတီရဲ့မူဝါဒဆိုတာက ဥပ ဒေနည်းဥပဒေနဲ့ မလျော်ညီတဲ့ကိစ္စမျိုးဆိုရင် အများပြည်သူရဲ့အကျိုးစီးပွား အဟန့်အတားဖြစ် စေတဲ့ကိစ္စမျိုးတွေ ပေါ်လာမယ်ဆိုရင်တော့ အဲဒီညွှန်ကြားမှုမျိုး တွေကို ကျွန်တော်မလိုက်နာနိုင်ဘူး။ အဲဒီအတွက် အဲဒီလွှမ်းမိုးမှု တွေကို ကျွန်တော့်အပေါ် သက် ရောက်မှုမရှိစေဖို့ ကျွန်တော် ကြိုးစားရပ်တည်သွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ အကျယ်တ၀င့် ထပ်မံပြောဆိုရန် မရှိတော့ကြောင်း ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောသည်။ 
  
"အားလုံးကို ခြုံပြောလိုက်တာပါ။ အဲဒါနဲ့ပတ်သက်ပြီး အကျယ်တ၀င့်ထပ်ပြောစရာ ဘာမှမရှိပါဘူး" ဟု ပြောသည်။ 

#Democracytoday

0 comments:

Post a Comment