Friday, September 28, 2018

သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုပွဲ နေပြည်တော်တွင် ကျင်းပ



အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ၂၀၁၈ခုနှစ်၊ စက်တင်ဘာ ၂၈ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာကို UNDP ဌာနေ ကိုယ်စားလှယ်က ဖယ်ကြားခဲ့သည်။ 

အခမ်းအနားတွင် ကဏ္ဍအလိုက် ထူးချွန်အဘိုးအဘွားများအား ဂုဏ်ပြုမှတ်တမ်း၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သလို သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများကလည်း ဘိုးဘွားဂုဏ်ပြုတေးဖြင့် သီဆိုဖျော်ဖြေကြသည်။ 



(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

0 comments:

Post a Comment