Friday, September 28, 2018

ဘဏ္ဍာနှစ်အကူးအပြောင်း ကြားကာလတွင် မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကန်ဒေါ်လာ ငါးသန်းဖိုး တင်ပို့နိုင်ခဲ့



ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာ မီနီဘတ်ဂျက်တွင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ကန်ဒေါ်လာငါးသန်းရှိ ပစ္စည်းများ တင်ပို့ခဲ့ကြောင်း စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
အဆိုပါ ပမာဏသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် လျာထား ချက်ဖြစ်ပြီး ဘဏ္ဍာရေးနှစ် အ ပြောင်းအလဲ ပြုလုပ်ခဲ့သဖြင့် ခြောက်လတာ မီနီဘတ်ဂျက်တွင် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

‘‘အမှန်က တစ်နှစ်အတွက် လျာထားချက်က ဒေါ်လာငါးသန်း ပါ။ အခုက ခြောက်လနဲ့ ဘတ် ဂျက် ပိတ်လိုက်ရတော့ အဲဒီ ခြောက်လအတွင်းမှာပဲ လျာထား ချက်နီးပါး ကုန်သွယ်နိုင်ခဲ့တော့ ကုန်သွယ်မှုကောင်းခဲ့တယ်လို့ ဆို ရမှာ ဖြစ်ပါတယ်’’ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ 

ယခု ခြောက်လတာကာလ တွင် မောင်တောနယ်စပ်မှ ဘင်္ဂ လားဒေ့ရှ်သို့ အများဆုံး တင်ပို့ခဲ့ သည့် ပို့ကုန်များသည် ငါးမြစ်ချင်း၊ ဆန်နှင့် ချင်းတို့ဖြစ်ကြောင်း ကုန်သွယ်မှု စာရင်း၌ ဖော်ပြ သည်။ 

မောင်တောနယ်စပ် ကုန် သွယ်မှုသည် ယခင်နှစ်များကဲ့သို့ ကုန်သွယ်မှုမကောင်းဖြစ်နေပြီး သွင်းကုန်တင်သွင်းမှု လုံးဝမရှိ ကြောင်း ကုန်သွယ်သူများက ပြောသည်။ 

‘‘တစ်ဖက်နဲ့တစ်ဖက် ကုန် သွယ်သူအချင်းချင်း နားလည်မှုနဲ့ သွားနေရတဲ့အဆင့်ပဲ ရှိသေး တယ်။ စာချုပ်စနစ်နဲ့ မသွားနိုင် သေးဘူး။ အဲဒါကြောင့် ပုံမှန်အ ခြေအနေလို့ပဲ ပြောရမှာ ဖြစ်ပါ တယ်’’ဟု ကုန်သည်ဦးသိန်းမောင် က ဆိုသည်။ 

မောင်တောနယ်စပ် ကုန် သွယ်ရေးစခန်း၏ ကုန်သွယ်မှု တန်ဖိုးသည် ဒေသအခြေအနေ တည်ငြိမ်မှုအပေါ် များစွာမူတည် နေကြောင်း နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 



7Day

0 comments:

Post a Comment