Friday, September 28, 2018

မောင်တောမြို့နယ်၊ နယ်စပ်ခြံစည်းရိုးအနီး တစ်ဖက်နိုင်ငံသို့ခိုးထွက်မည့်ဘင်္ဂါလီခုနစ်ဦး ဖမ်းဆီးရမိ၊ နတ်မြစ်ကမ်းစပ်အနီး ဘင်္ဂါလီအမျိုးသမီးအလောင်းနှစ်လောင်းတွေ့ရှိ၊ မင်္ဂလာကြီးချောင်းဝအတွင်း ဘင်္ဂါလီလူမျိုးငါးဦးအား ကုန်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်းရိုးတစ်လျှောက် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ယနေ့နံနက် ၁ နာရီခန့်တွင် မောင်တောမြို့၏အနောက်မြောက်ဘက်၆ မိုင်ခန့်အကွာရှိ ခြံစည်းရိုးတိုင်အမှတ် ၃၄၀ နှင့် ၃၅၀ ကြား၌မသင်္ကာဖွယ် လူ ၁၅ ဦးခန့်အား တွေ့ရှိသဖြင့်ခေါ်ယူခဲ့ရာ တစ်ဖက် နိုင်ငံခြံစည်းရိုးအပြင်ဘက်သို့ထွက်ပြေးသွားခဲ့ပြီး မောင်တောမြို့နေ ဘင်္ဂါလီအမျိုးသမီးများဖြစ်သော မမော်တာဘေဂေါင်(ဘ) ဇော်ကော်ရီယာနှင့် မဒိလာရာဘေဂေါင်(ဘ)နူရ်ရိုလောက်တို့ကို ဖမ်းဆီးရမိခဲ့သည်။ 
အဆိုပါဖမ်းဆီးရမိသူများအား မေးမြန်းချက်အရ ၎င်းတို့နှင့်အတူ အမျိုးသားခုနစ်ဦး၊ အမျိုးသမီးရှစ်ဦး၊ စုစုပေါင်း ၁၅ ဦး ပါရှိကြောင်း၊၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ပေးရန် မင်္ဂလာကြီးကျေးရွာအုပ်စု၊ မိကျောင်းတက်ကျေးရွာနေ ရှော်ဖီအာ မောက်(ဘ)ဖော်ဇီရာမောက်ဆိုသူအား ငွေကျပ်လေးသိန်းပေးဆောင်ခဲ့ရပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှေဖြင့်သွားရောက်ရန် ခြံစည်း ရိုးမှတိုးထွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

၎င်းနေရာအနီးတစ်ဝိုက် ဆက်လက်ရှာဖွေရာ နံနက် ၇ နာရီခွဲခန့်တွင် ဖမ်းဆီးရမိနေရာ၏အနောက်ဘက် မီတာ ၂၀ ခန့်အကွာရှိ လမုပင်များကြားပုန်းအောင်းနေသည့် ဘင်္ဂါလီအမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့်ကလေးနှစ်ဦး၊ စုစုပေါင်းငါးဦးတို့ကို ထပ်မံ တွေ့ရှိခဲ့ပြီး နံနက် ၈ နာရီ မိနစ် ၄၀ တွင် အဆိုပါနေရာ၏အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာရှိ နတ်မြစ်ကမ်းစပ်၌ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ရေနစ်သေဆုံးသည်ဟုယူဆရသော ဘင်္ဂါလီအမျိုးသမီးအလောင်းနှစ်လောင်းကို ထပ်မံတွေ့ရှိခဲ့သည်။ 

အဆိုပါ အလောင်းနှစ်လောင်းအား မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖမ်းဆီးရမိဘင်္ဂါလီခုနစ်ဦးအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အလားတူ စက်တင်ဘာ ၂၇ ရက် နံနက် ၂ နာရီခန့်တွင်လည်း မောင်တောမြို့နယ်၊ မင်္ဂလာကြီးချောင်းဝအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မင်္ဂလာကြီးချောင်းအတိုင်း နတ်မြစ်ဘက်သို့ လှော်ခတ်လာသော လှေတစ်စင်းအားတွေ့ရှိသဖြင့် အချက်ပြခေါ်ယူစစ်ဆေးခဲ့ရာ အာဖီဒူလာအပါအ၀င် ဘင်္ဂါလီအမျိုးသားငါးဦး အား အဖြူရောင်ဆာလာအိတ် ၃၅ အိတ်ဖြင့်ထည့်ထားသော Energy Plus တံဆိပ်ပါ ကွေကာအုပ် ၃၂၅ ထုပ်၊ Rich တံဆိပ်ပါ ကော်ဖီမစ်၄၂၀ ထုပ်၊ Happy တံဆိပ်ပါတီးမစ် ၂၂၀ ထုပ်၊ ဆေးရွက်ကြီးအမှုန့် သုံးအိတ်၊ ထုံးတစ်အိတ်၊ ကွမ်းသီးနှစ်အိတ်၊ ကွန်မန်ဒိုတံဆိပ်ပါ အချိုရည် ၁၉ ဖာ၊ ရွှေခြင်္သေ့တံဆိပ်ပါ လက်ဖက်ခြောက် ၃၀၀ထုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


မြဝတီ

0 comments:

Post a Comment