Friday, September 28, 2018

ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းနှင့် နယ်စပ်မျဉ်းအနီး နေထိုင်သူများအား တွေ့ဆုံသတင်းရယူ



ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်း မီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တောင်ပြို လက်ဝဲမြို့နယ်ရှိ ယာယီလက်ခံ ရေးစခန်းသို့ ရောက်ရှိကြရာ စခန်း ရှင်းလင်းဆောင်၌ စခန်းတာဝန်ရှိသူ များက ပြန်လည်ဝင်ရောက်လာသူများ အတွက် စခန်းအတွင်း အသင့်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု၊ စိစစ်လက်ခံရေးအတွက် ဝန်ကြီးဌာနများအား စုဖွဲ့ထားရှိမှု၊ ပြန်လည်ဝင်ရောက်လာသူများအား လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုး ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများက ပြန်လည်စိစစ်လက်ခံရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ကြသည်။ 
ယင်းနောက် သတင်းမီဒီယာ အဖွဲ့ဝင်များသည် စခန်းအတွင်းရှိ စိစစ်လက်ခံ ရေးအဖွဲ့များ၏ ရုံးခန်းများ ဖွင့်လှစ်ထားမှု နှင့် နှစ်နိုင်ငံ နယ်စပ်တံတားတို့ကို ကြည့်ရှု သတင်းရယူကြသည်။ 



ထို့နောက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးတွင် နေထိုင် ကြသူများအား သွားရောက် တွေ့ဆုံ၍ ၄င်းတို့၏ ရောက်ရှိနေထိုင်မှုနှင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရေး အပါအဝင် သိရှိလိုသည်များကို မေးမြန်း သတင်းရယူကြသည်။ 

ညနေပိုင်းတွင် သတင်းမီဒီယာ အဖွဲ့သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။ 

ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့တွင်Nikkei Shimbun, NHK, Nippon TV, CRI, CNN, The Guardian Newspaper, The Washington Post, CBC , Arte Television , MRTV, MITVနှင့် MNA တို့မှ သတင်းသမားများပါ ရှိသည်။ 

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်သို့ သတင်းမီဒီယာ အဖွဲ့များ စေလွှတ်မှုမှာ ၂ဝ၁၆ ခုနှစ် တွင် တစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် ရှစ်ကြိမ်နှင့် ၂ဝ၁၈ ခုနှစ်တွင် ၁၇ ကြိမ် စုစုပေါင်း ၂၆ ကြိမ်ရှိခဲ့ပြီ ဖြစ်သည်။ 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အစီအစဉ် ဖြင့် ၂ဝ၁၈ ခုနှစ်အတွင်း တစ်လလျှင် နှစ်ကြိမ် ခရီးစဉ် စေလွှတ်မှုအနေဖြင့် ယခုခရီးစဉ် အပါအဝင် ၁၁ ကြိမ်ရှိပြီဖြစ်သည်။ 



MOI

0 comments:

Post a Comment