Friday, September 28, 2018

ပညာရေးကောလိပ်သင်တန်းသား/ သူများ အလုပ်မဝင်မီ လျော်ကြေးပေးသွင်းခြင်းမရှိပါက ကိုယ်ပိုင်ကျောင်းဆရာဖြစ် ကဒ်ထုတ်ပေးမည်မဟုတ်



သွားလာရေးခက်ခဲသည့်ဒေသများသို့တာဝန်ဆောင်ခြင်းမရှိသည့် ကျောင်းဆရာများရှိခြင်းကြောင့် PPDD၊ DDED ၊BEDအသစ်ဝင်သူအားလုံးအတွက် အလုပ်မဝင်ခင်လျော်ေ ကြးပေးသွင်းစေခြင်းနှင့်ပေးသွင်းခြင်းမရှိပါက အလုပ်မဝင်ခင် ကိုယ်ပိုင်ကျောင်းဆရာဖြစ် Green ကဒ်ထုတ်ပေးသွား မည်မဟုတ်ကြောင်း ကရင်တိုင်းရင်း သားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။ 
''PPDD၊ DDED ၊BED အသစ်ဝင်သူအားလုံးအတွက် အလုပ်မဝင်ခင်လျော်ကြေးပေးသွင်းစေမည်ဖြစ်ပါတယ်။သင်တန်းသူများအားလုံးဆက်သွယ်ဆောင်ရွက်နိုင်ရန်မြို့နယ်ပညာရေးမှူးများအား နေရပ်လိပ်စာပေး၍စုံစမ်းဆောင်ရွက်စေပြီး ပေးသွင်းခြင်းမရှိ၊ အလုပ်မဝင်ခင်ကိုယ်ပိုင်ကျောင်းဆရာဖြစ်လက်မှတ် Green ကဒ်ထုတ်ပေးသည့်အဆင့်အထိ လုံးဝလုပ်ဆောင်ပေး မည်မဟုတ်ပါ''ဟု ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။ 

ထို့အပြင် သင်တန်းဆင်းအလုပ်ခန့်စာအရ အလုပ်ဝင်ပြီးနောက် ၂နှစ်မပြည့်မီ နုတ်ထွက်မှုကိုခွင့်မပြုခြင်းဖြင့်ထိန်းညှိသွားမည်ဖြစ် ကြောင်းလည်း ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ဆိုသည်။ 

ပညာရေးကောလိပ်သင်တန်းဝင်ခွင့်ပါလမ်းညွန်ချက်ပါ လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်အရ လုပ်ငန်းခွင်တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ခြင်းနှင့်ဆရာ၊ဆရာမ အဖြစ်အနည်းဆုံးလုပ်သက် တဆက်တည်း ၅နှစ် တာဝန်ထမ်းဆောင်ခြင်းမရှိပါက ဆရာအတတ်သင်ဒီပလိုမာသင်တန်းဆင်းများအတွက် ကျပ်ငွေ ၃၀၀၀၀၊ဒုတိယနှစ်သင်တန်းဆင်းများအတွက် ကျပ်ငွေ ၄၀၀၀၀၊ပညာရေးဘွဲ့သင်တန်းသားများအတွက်လျော်ကြေး ၅၀၀၀၀နှင့်ပညာသင်ထောက်ပံ့ငွေရရှိသူဖြစ်ပါက ထောက်ပံ့ငွေစုစုပေါင်း၏နှစ်ဆပေးလျော်ရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားကြောင်း သိရသည်။ 

ဆိပ်ကြီးခနောင်တိုမဲ ဆန္ဒနယ်အမှတ် (၁ )မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်းလှယ်ဒေါ်စန္ဒာမင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းကိုယ်စား ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊သတ္တမပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်းလှယ်ဒေါ်စန္ဒာမင်းက နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် ပညာရေးတက္ကသိုလ်မှ ဖွင့်လှစ်သော B.Ed သင်တန်းဆင်းပညာရေးဝန်ထမ်းများ သင်တန်းဆင်း၍ တာဝန်ချထားပေးသောနေရာတွင် လုပ်ငန်းခွင်ရောက်ခြင်းမရှိသော ဝန်ထမ်းများအား မည်ကဲ့သို့ထိမ်စညှိဆောင်ရွက်မည်နည်း၊ပညာရေးဘွဲ့ B.Ed( ၅ )နှစ်သင်တန်း ဝင်ခွင့်အရည်အချင်း သတ်မှတ်ရာတွင်ပါရှိသော အချက်များအားလက်မှတ်ရေးထိုးကတိပြုပြီးသော ဝန်ထမ်းဖြစ်ပါလျက် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက မည်ကဲ့သို့ထိန်းညှိဆောင်ရွက် မည်နည်း။စာချုပ်ဖောက်ဖျက်ပါက ဒဏ်ငွေကျပ် တစ်သိန်း ပေးဆောင်ခိုင်းခြင်းသည် လက်ရှအချိန်ကာလနှင့် ဆီလျှော်မှုရှိ၊မရှိနှင့် ရန်ကုန်းတိုင်းဒေသကြီးအတွင်း သွားလာမှုခက်ခဲသော နေရာများ၌ တာဝန်ချထားခြင်းခံရသော ပညာရေးဝန်ထမ်းများအား တိုင်းဒေသ ကြီးအစိုးရအနေဖြင့် မည်ကဲ့သို့ပံ့ပိုးပေးရန် အစီအစဉ် ရှိ / မရှိသိလိုကြောင်းကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ 

The Fifth Wave News

0 comments:

Post a Comment