Friday, September 28, 2018

စစ်ကိုင်းမြို့တွင် တပ်မတော်အား ထောက်ခံကြောင်း ဆန္ဒပြ



စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့တွင် စစ်ကိုင်းမြို့နယ် စစ်မှုထမ်းဟောင်းများ အဖွဲ့က ဦးစီးဆောင်ရွက်၍ စက်တင်ဘာလ ၂၈ ရက်နေ့က တပ်မတော်အား ထောက်ခံကြောင်း ဆန္ဒပြခဲ့သည်။ 
ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာ လုံးဝလက်မခံ၊ တပ်မတော်အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုံ့ချသည်၊မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံ သည် စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ လူ ၁၀၀ ကျော်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

" တပ်မတော်ကို ထောက်ခံတယ် ။ တပ်မတော်ကျရောက်နေတဲ့ ဖိအားတွေကို ရှုံ့ချတယ် ။ ကျွန်တော်တို့စစ်မှုထမ်းဟောင်း အားလုံးကလည်း တပ်မတော်သားများ ဖြစ်တဲ့ အတွက် တပ်မတော်ကို ချစ်မြတ်နိုးတဲ့ အတွက် တတက်တအား ပါဝင်ပြီးတော့ ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ် " ဟု စစ်ကိုင်းမြို့နယ် စစ်မှုထမ်းဟောင်းများ အဖွဲ့ မှ ဥက္ကဋ္ဌ ဦးဝင်းညွှန့် က ပြောသည် ။ 

တပ်မတော်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန် ၊ မန္တလေး၊ စစ်ကိုင်း စသည့် နေရာများအပြင်း အခြား ပြည်နယ်များရှိ မြို့နယ်များတွင် ပြုလုပ်ခဲ့ပြီး ထပ်မံ၍လည်း ပြုလုပ်ရန်ရှိကြောင်း သိရသည်။ 


The Fifth Wave News

0 comments:

Post a Comment