Wednesday, June 26, 2019

နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးအား နေပြည်တော်ဒုမြို့တော်ဝန်အဖြစ်ခန့်အပ်



နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌဦးရဲမင်းဦးအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ 

ဇွန်လ ၂၅ ရက် ရက်စွဲဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၁၉)ဖြင့် ဦးရဲမင်းဦးအား ဒုမြို့တော်ဝန်အဖြစ် သမ္မတရုံးခွင့်ပြုချက်အရခန့်ထားလိုက်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ 
ဦးရဲမင်းဦးသည် NLD ပါတီ၏ စီးပွားရေးကော်မတီ၊ ပြန်ကြားရေးကော်မတီတို့တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်ဆန်းပိုင်းမှစတင်ကာ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်များထမ်းဆောင်ခဲ့ပြီး ဘဏ်လုပ်ငန်းနှင့်ငွေကြေးဆိုင်ရာသုံးသပ်လေ့လာသူပညာရှင်တစ်ဦး ဖြစ်သည်။ 
လက်ရှိနေပြည်တော်ကောင်စီဥက္ကဌနှင့် မြို့တော်ဝန်မှာ ဒေါက်တာမျိုးအောင်ဖြစ်ပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ အဓိကဖြေရှင်းရသောအကြောင်းအရာများမှာ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး၊ မြို့တော်သာယာလှပရေးတို့ဖြစ်သည်။


မင်းသီဟန် ( အကုန်သိသတင်းဌာန )


0 comments:

Post a Comment