
မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် တအောင်းလက်နက်ကိုင် အဖွဲ့ (TNLA) ၊ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA )တို့၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို တပ်မတော်အနေဖြင့်ယုံကြည်ရန်ခဲယဉ်း ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက " အပစ်အခတ်ရပ်စဲမယ် လို့သာပြောတာ။ အပြောတစ်ခြား၊ အလုပ်တခြားပဲ
ဖြစ်ပါတယ်။ ဒီနေ့ ပုဏ္ဏာကျွန်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ဆိုရင် ကြေညာချက်ထုတ်တာ မနေ့က ထုတ်တာ။ ဒီနေ့ မှာတင် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မိုင်းထောင်၊မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပဲလေ။ ဒါက လက်တွေ့ပြတာပါပဲ" ဟု ဆိုသည်။
ဇွန်လ ၂ ရက်နေ့နံနက် ၁၁နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့အဝင်ကင်းချောင်းတံတားအနီး၌ တပ်မတော်မှ လုံ ခြုံရေးဆောင်ရွက်နေသည့် စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူများက ရီမု မိုင်းနှစ်လုံးဖေါက်ခွဲကာ တိုက်ခိုက်ခဲ့သောကြာင့် တပ်မတော်သား တချို့ထိခိုက်ဒဏ်ရာရရိမှုရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကင်းချောင်းတံတားအနီးနား၌ပင် ဆိုင်ကယ်စီးလာသည့် ဒေသခံနှစ်ဦး မိုင်းထိကာ တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး တစ်ဦး ဒဏ်ရာရှိခဲ့ကြောင်းလည်း သိရှိရသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ " AA က ရီမုမိုင်းနှစ် လုံး ဖေါက်ခွဲပြီး တိုက်ခိုက်ခဲ့တယ်။ တပ်မတော်သားတချို့
ထိခိုက် ဒဏ်ရာရရှိခဲ့တယ်။ အရပ်သား ထိခိုက်ဒဏ် ရာရရှိမှု သေဆုံးမှုတော့ မသိဘူး။ AA အနေနဲ့ လုပ်နေ တဲ့အကျင့်ကတော့ အရပ်ဝတ်တွေနဲ့ မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်တယ်။ တပ်ကနေပြန်ပြီးတော့ ပစ်ခတ်တဲ့အခါမှာသေဆုံးသွားရင် အရပ်သားဆိုပြီးပြောတာမျိုးရှိတယ်။ ဒါမျိုးလည်းရှိကောင်းရှိနိုင်တယ်။ ပြီးရင် ဒီဟာနဲ့ရောချပြီးတော့ အရပ်သားသေဆုံးတယ် လို့ ၊ အရပ်သားထိခိုက်ဒဏ်ရာရတယ်လို့ လုပ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်" ဟု ဆိုသည်။
ဇွန် ၁ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား ဆဋ္ဌမအကြိမ် သုံးလတာ ထပ်မံတိုးမြှင့်ပြီး မြန်မာ့တပ်မတော်နှင့်နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းသည်ဟု ဖေါ်ပြထားသော်လည်း တပ်မတော်ဘက်မှ ယုံကြည်မှု မရှိပေ။
AA အနေဖြင့် ၂၀၁၉ ဇန်နဝါရီလတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တရားဥပဒေစိုးမိုရေးဆောင်ရွက်
နေသည့် ရဲကင်းစခန်းလေးခုကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရဲကင်းစခန်းလေးခုမှာ ဘင်္ဂါလီ ပဋိပက္ခဖြစ်ပွားပြီးသည့်နောက်တွင် တိုင်းရင်းသားကျေးရွာများအတွက် လုံခြုံရေးဆောင်ရွက်ပေးနေသည့် စခန်းများဖြစ်သည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
" မကြာသေးခင်ကပဲ သဇင်မြိုင်ရဲစခန်းကို တိုက်ခိုက် ခဲ့တာရှိတယ်။ သဇင်မြိုင်ရဲစခန်းဆိုတာလည်း ၂၀၁၅ - ၂၀၁၇ ဘင်္ဂါလီကိစ္စတွေပြီးလာမှ။ အဲဒီရွာကို မီးရှို့ခံရမယ်။ အဲဒီရွာနဲ့ ပတ်သက်ပြီး ဖျက်ဆီးခံရမယ်ဆိုပြီးခြိမ်းခြောက်မှုတွေရှိလို့။ အဲဒီရွာက ဒေသခံတွေကိုယ် တိုင်မေတ္တာရပ်ခံချက်အရ ပေါ်ပေါက်လာတဲ့ ရဲကင်း
စခန်းဖြစ်တယ်။ အင်အားအနည်းငယ်သာရှိတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တာမျိုးဖြစ်တယ်။ TNLA အနေနဲ့လည်း လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်က ပြည်ထောင်စုလမ်းမပေါ်အထိတက်လာပြီး တပ်မတော်က အုပ်ချုပ်မှုယာဉ်တန်းကို ရည်ရွယ်ချက်ရှိရှိမိုင်းထောင်ဆွဲတိုက်ခိုက်ခဲ့တာမျိုးတွေ တွေ့ရမှာဖြစ်တယ်" ဟု ဆိုသည်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "သူတို့အနေနဲ့ကတော့ ကြေညာချက်တွေထုတ်နေတာ။ ထုတ်
နေတာ တခြားပဲ။ လက်တွေ့လုပ်ဆောင်မှုကတော့ ဒါတွေပဲတွေ့ရမှာဖြစ်တယ်။ ဒါကြောင်မို့လို့ ကျွန်တော် အနေနဲ့ ပြောနိုင်တာကတော့ တပ်မတော်အနေနဲ့ ဒီကြေညာချက်တွေအပေါ်မှာတော့ ယုံကြည်ဖို့ခဲယဉ်း တယ်လို့ပဲပြောလိုတယ်" ဟု ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၉ သြဂုတ်လအတွင်းက TNLA, MNDAA, AA မြောက်ပိုင်းသုံးဖွဲ့တို့သည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ နေရာအား အလစ်အငိုက်တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။


Ref ; The Ladies News






0 comments:
Post a Comment