Wednesday, June 3, 2020

ယခုတစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားကန့်သတ်မှုများကို ထိုင်းအစိုးရဖြေလျှော့နိုင်ရန်ရှိ

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ မရှိသလောက်ကျဆင်းခဲ့ပြီးနောက် ယခုတစ်ပတ်တွင် ခရီး သွားကန့်သတ်မှုများကို လုံးဝဖြေလျှော့နိုင်ချေရှိသည်ဟု အရာရှိကြီးတစ်ယောက်က အင်္ဂါနေ့တွင်ပြောသည်။
ခရီးဝေးသွားဘတ်စ်ကားများနှင့် ရထားလမ်းကြောင်းများအပါအဝင် အများပြည်သူသုံး ပို့ဆောင်ရေးလုပ် ငန်းများ အားလုံးပြန်စရန် ကြာသပတေးနေ့တွင် ထိုင်းအစိုးရထံအဆိုပြုသွားမည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် အနွန် လွမ်ဘိုရီဘွန်းကပြောသည်။
ထိုင်းအစိုးရက မီးစိမ်းပြပါက အစောဆုံးစနေနေ့တွင် အစီအမံများစတင် အကျိုးသက်ရောက်နိုင်ကြောင်းလည်း ပြောသည်။
ထိုင်းတောင်ပိုင်းခရိုင်များတွင် ပြည်တွင်းခရီးသွားလာမှုကို ကန့်သတ်ထားသဖြင့် ခရီးသွားရခက်ခဲသော် လည်းပြီးခဲ့သည့်လတွင် ထိုင်းအစိုးရက ညမထွက်ရ အချိန်လျှော့ပေးခဲ့ပြီးနောက် အများပြည်သူသုံး ပို့ ဆောင်ရေးလုပ်ငန်းပိုင်ရှင်များက သူတို့ဝန်ဆောင်မှုပေးသည့် အချိန်ကို တိုးမြှင့်ခဲ့ပြီး ခရီးဝေးလမ်းကြောင်းများကိုလည်းပြန်စခဲ့သည်။
ခရိုင် ၁၉ ခုတွင် မကြာမီ အလုံပိတ် ကန့်သတ်မှုများဖြေလျှော့ပေးမည်ဟုမျှော်လင့်ကြောင်း ပို့ဆောင်ရေးအရာရှိကပြောသည်။
The Transport Co က စီမံလည်ပတ်နေသည့်မြို့တွင်းသွားဘတ်စ်ကားများကလည်း ဘန်ကောက်နှင့် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ခရိုင်များကြားပြေးဆွဲနေသည့်ခရီးစဉ် ၁၅ ခုအတွက် ဝန် ဆောင်မှုများပြန်စနေသော်လည်း အရေးပေါ်အမိန့်ကန့်သတ်ချက်အရ ထိုင်းနိုင်ငံသားများကိုသာ လက်မှတ်ဝယ်ခွင့်ပေးနေကြောင်း ကုမ္ပဏီကပြောသည်။
တနင်္လာနေ့ကစပြီး ထိုင်းတောင်ပိုင်းမှဖူးကတ်တွင် ဝင်ပေါက်ထွက်ပေါက်များ အားလုံးပြန်ဖွင့်နေပြီဖြစ် သည်။
Ref ; MeKong News

0 comments:

Post a Comment