Monday, June 1, 2020

အိန္ဒိယမှ တတိယအကြိမ်မြောက် ပြန်ခေါ်လာသည့် သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့၏ တို့ဖတ်နမူနာယူ၍ ဓာတ်ခွဲစစ်ဆေးမည်

သီတဂူဆရာတော်ကြီး၏အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ တတိယအကြိမ်မြောက် ပြန်လည်ခေါ်ဆောင်လာသည့် သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့၏ နှာခေါင်း၊ အာခေါင်တို့ဖတ်တို့ကို ဇွန် ၂ ရက်တွင်ရယူ၍ ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာနိုင်ငံမှ သံဃာတော် ၅၈ ပါး၊ သီလ ရှင်ရှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့ကို သီတဂူဆရာတော်ကြီး၏အစီအစဉ်ဖြင့် မေ ၂၈ ရက်က သွားရောက် ပင့်ဆောင်ခေါ်ယူခဲ့ကာ ယခုအခါ စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအပြည်ပြည်ဆိုင် ရာဝိပဿနာတက္ကသိုလ်တို့တွင် ၂၁ ရက်တာ Quarantine ထားရှိ နေခြင်းဖြစ်သည်။
"သီတဂူဆရာတော်ကြီး အစီအစဉ်နဲ့ သီတဂူမှာရောက်ရှိပြီး Quarantine အဖြစ်စီစဉ်ခဲ့တာ ဒါက တတိယအကြိမ်မြောက်ပါ။ ပထမ အကြိမ်တုန်းက သံဃာအပါး ၂၀ဝ ကျော်နဲ့ သီလရှင်၊ လူပုဂ္ဂိုလ်အပါအဝင် ၂၅၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ဆေးတဲ့အခါမှာ တော့ရောက်ရှိပြီး ငါးရက်အကြာမှာ စစ် ဆေးပါတယ်။ အခုရောက်ရှိတဲ့ သံဃာတော်၊ သီလရှင်နဲ့ လူပုဂ္ဂိုလ်တို့ကို ဇွန် ၂ ရက်မှာစစ်ဆေးမှာဖြစ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက်တာဝင်းလွင်က ပြောသည်။
အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး စစ်ကိုင်းတောင်ရိုးသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်တို့တွင် Quarantine အဖြစ် သီတင်းသုံးနေထိုင်သည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူဆောင်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးမှူးများ၊ မြို့နယ်ပြည်သူ့ဆေးရုံများမှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များက လုပ်ဆောင်ကြမည်ဖြစ်သည်။
ပထမအကြိမ်အနေဖြင့် ပင့်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံရောက်သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအပါ အဝင် လူဦးရေ ၂၅၀ ကျော်အနက် အမျိုးသားတစ်ဦးသာ ရောဂါပိုးတွေ့ရှိခဲ့ရာ အဆိုပါ COVID-19 ပိုးတွေ့လူနာကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စစ်ကိုင်းမြို့ ခုတင်၂၀ဝ ဆံ့ဆေးရုံသို့ ပြောင်းရွှေ့ကုသပေးခဲ့ရာ နှစ်ကြိမ် ဆက်တိုက် Negative (ပိုးမတွေ့) အဖြေထွက်သဖြင့် မေ ၂၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။
ဒုတိယအကြိမ် ခေါ်ယူခဲ့သည့် သီရိလင်္ကာနိုင်ငံရောက် သံဃာတော် အပါး ၁၃၀၊ သီလရှင်တစ်ပါးနှင့် လူပုဂ္ဂိုလ် ၃၂ ဦးတို့၏ နှာခေါင်တို့ဖတ်၊ အာခေါင်တို့ဖတ်များကို မေ ၂၁ ရက်က ယူဆောင်၍ ရန်ကုန်မြို့အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့ဆောင် ဓာတ်ခွဲစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း သိရသည်။
Ref ; The Myanmar Times
<zawgyi>
အိန္ဒိယမှ တတိယအကြိမ်မြောက် ပြန်ခေါ်လာသည့် သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့၏ တို့ဖတ်နမူနာယူ၍ ဓာတ်ခွဲစစ်ဆေးမည်
Monday, June 1, 2020
သီတဂူဆရာတော်ကြီး၏အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ တတိယအကြိမ်မြောက် ပြန်လည်ခေါ်ဆောင်လာသည့် သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့၏ နှာခေါင်း၊ အာခေါင်တို့ဖတ်တို့ကို ဇွန် ၂ ရက်တွင်ရယူ၍ ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနထံမှ သိရသည်။
အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာနိုင်ငံမှ သံဃာတော် ၅၈ ပါး၊ သီလ ရှင်ရှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့ကို သီတဂူဆရာတော်ကြီး၏အစီအစဉ်ဖြင့် မေ ၂၈ ရက်က သွားရောက် ပင့်ဆောင်ခေါ်ယူခဲ့ကာ ယခုအခါ စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအပြည်ပြည်ဆိုင် ရာဝိပဿနာတက္ကသိုလ်တို့တွင် ၂၁ ရက်တာ Quarantine ထားရှိ နေခြင်းဖြစ်သည်။
"သီတဂူဆရာတော်ကြီး အစီအစဉ်နဲ့ သီတဂူမှာရောက်ရှိပြီး Quarantine အဖြစ်စီစဉ်ခဲ့တာ ဒါက တတိယအကြိမ်မြောက်ပါ။ ပထမ အကြိမ်တုန်းက သံဃာအပါး ၂၀ဝ ကျော်နဲ့ သီလရှင်၊ လူပုဂ္ဂိုလ်အပါအဝင် ၂၅၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ဆေးတဲ့အခါမှာ တော့ရောက်ရှိပြီး ငါးရက်အကြာမှာ စစ် ဆေးပါတယ်။ အခုရောက်ရှိတဲ့ သံဃာတော်၊ သီလရှင်နဲ့ လူပုဂ္ဂိုလ်တို့ကို ဇွန် ၂ ရက်မှာစစ်ဆေးမှာဖြစ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက်တာဝင်းလွင်က ပြောသည်။
အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး စစ်ကိုင်းတောင်ရိုးသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်တို့တွင် Quarantine အဖြစ် သီတင်းသုံးနေထိုင်သည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူဆောင်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးမှူးများ၊ မြို့နယ်ပြည်သူ့ဆေးရုံများမှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များက လုပ်ဆောင်ကြမည်ဖြစ်သည်။
ပထမအကြိမ်အနေဖြင့် ပင့်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံရောက်သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအပါ အဝင် လူဦးရေ ၂၅၀ ကျော်အနက် အမျိုးသားတစ်ဦးသာ ရောဂါပိုးတွေ့ရှိခဲ့ရာ အဆိုပါ COVID-19 ပိုးတွေ့လူနာကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စစ်ကိုင်းမြို့ ခုတင်၂၀ဝ ဆံ့ဆေးရုံသို့ ပြောင်းရွှေ့ကုသပေးခဲ့ရာ နှစ်ကြိမ် ဆက်တိုက် Negative (ပိုးမတွေ့) အဖြေထွက်သဖြင့် မေ ၂၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။
ဒုတိယအကြိမ် ခေါ်ယူခဲ့သည့် သီရိလင်္ကာနိုင်ငံရောက် သံဃာတော် အပါး ၁၃၀၊ သီလရှင်တစ်ပါးနှင့် လူပုဂ္ဂိုလ် ၃၂ ဦးတို့၏ နှာခေါင်တို့ဖတ်၊ အာခေါင်တို့ဖတ်များကို မေ ၂၁ ရက်က ယူဆောင်၍ ရန်ကုန်မြို့အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့ဆောင် ဓာတ်ခွဲစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း သိရသည်။
Ref ; The Myanmar Times

0 comments:

Post a Comment