Monday, June 1, 2020

အိန္ဒိယပြန်များမှ COVID-19 ထပ်တိုးလူနာ (၄)အား တပ်မတော် အသည်းရောဂါ အထူးကု ဆေးရုံကြီးတွင်ကုသ ပေးသွားမည်ဖြစ်ပြီး ကူးစက်ခံရသူ(၂၂၈)ဦးအထိရှိလာ

၁။ (၃၁-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ(၇၃၄)ခု နှင့်ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၃) ခု၊စုစုပေါင်း (၈၃၇)ခု အား (၁-၆-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦးတွေ့ရှိရပါသည်။
၂။ (၁-၆-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၂၈) ဦးရှိပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များတွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၃၈) ဦးရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၃၁-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၁,၂၇၉)ခု၊• ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၇၈) ခုနှင့်
• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၃) ခု၊စုစုပေါင်း (၁,၅၆၀)ခုအား စစ်ဆေးခဲ့ပြီး (၁-၆-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment