Thursday, June 11, 2020

ကျိုင်းတုံမြို့နယ်တွင်ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးအမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးသတင်းပေးဟုယူဆရသူတစ်ဦးအသတ်ခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇွန် ၇ ရက် ညနေ ၅ နာရီခန့်တွင် ဝမ်မိုင်ကျေးရွာအနီးရှိ ကျိုင်းတုံမြို့ရှောင်လမ်း၌ စစ်ဆေးဆောင်ရွက်စဉ် ဗွီဂိုးအမျိုးအစား မော်တော်ယာဉ် ၃ စီးနှင့်အတူ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား AAA တံဆိပ်ပါ အိုက်စ် ၇၀၀ ကီလိုဂရမ်၊ တံဆိပ်မပါ အိုက်စ် ၁ ၃၀၀ ကီလိုဂရမ်၊ (စုစုပေါင်း ခန့်မှန်းတန်ဖိုး ၂၅ ဘီလီ ယံ)၊ ဘိန်းဖြူ ၃ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၄၈၀)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးအဆိုပါ မော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်း ချက်များအရ ၎င်းတို့သည် မူးယစ်ဆေးဝါးများအား မိုင်းပေါက်မှ မိုင်းညှင်း၊ မိုင်းညှင်းမှ ဟွေပုံအောက်ကျေးရွာ- ကတ်ထိုက်ကျေးရွာ-ကတ်တောင်ကျေးရွာ-ယန်းကျိန်ကျေးရွာ-ကတ်ဖကျေးရွာ-ဝမ်မိုင်ကျေးရွာ တို့မှတစ်ဆင့် ပြည်ထောင်စုကားလမ်းမကြီးအတိုင်း မိုင်းဖြတ်-တာချီလိတ်သို့ ပို့ဆောင်ရန် ဇွန် ၇ ရက် ညနေပိုင်းတွင် ထွက်ခွာလာစဉ် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့်အချိန်နှင့် တစ်ချိန်တည်းတွင် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းပေါ်ရှိ ဟွေပုံအောက်ကျေးရွာ မှ ဦးလီးဘို(ဘ) ဦးကျဖူး၊ လားဟူလူမျိုးအား မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်နွယ်သူများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ဦးလီးဘိုသည် ဇနီး ဖြစ်သူ မနားဟယ်၊ သမီးဖြစ်သူ မဒီစီညီးတို့နှင့်အတူ ကျိုင်းတုံမှ ဟွေပုံသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဝမ်လပ်ရှမ်းရွာသို့ အရောက်၌ အနောက်မှ ဆိုင်ကယ်တစ်စီးလိုက်ပါလာသည်ကို တွေ့ရှိသဖြင့် လမ်းယာဘက် သို့ ကပ်ပေးစဉ် နောက်မှလိုက်ပါလာသော ဆိုင်ကယ်သည် ဦးလီးဘို၏ ဆိုင်ကယ်ဘေးမှကပ်၍ ဦးလီးဘိုအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ရာ ဝဲဘက်နားနှင့် နဖူးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြေပြင်သတင်းစုံစမ်းချက်များအရ ဦးလီးဘိုအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူများမှာ ဝမ်မိုင်ကျေးရွာအနီးဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက် နွယ်သူများဖြစ်ကြောင်း၊ ဦးလီးဘိုမှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ပတ်သက်၍ ကျော်ဇောသတင်းရှိသူဖြစ်ပြီး ဝမ်မိုင်ကျေးရွာအနီးဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသယ် ဆောင်မှုကို သတင်းပေးသည်ဟု ထင်မြင်ယူဆ၍ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ဆက်နွယ်သူများအား ဖော်ထုတ်၍ လုပ်ထုံးလုပ်နည်းအရ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Crd : တပ်မတော်

0 comments:

Post a Comment