
ယနေ့ ဇွန်လ (၁၁)ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ တပ်မတော်ကတရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်(၃)ယောက်ကို မအူပင်မြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ထပ်မံအမိန့်ချလိုက်ကြောင်း သိရသည်။
မအူပင်မြို့နယ်တရားရုံးက ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေဖြစ်တဲ့ ဇေယျာလွင်၊ ပိုင်ရဲသူနဲ့ ပိုင်ဖြိုးမင်းတို့ကို ရုံးထုတ်စစ်ဆေးကာ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဖျာပုံမြို့နယ် တရားရုံးကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ပဲ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ်စီချမှတ်ခဲ့ထားသည်။
လက်ရှိအချိန်တွင် ၎င်းတို့(၃)ယောက်အား မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တစ်ထောင်မြို့နယ်တရားရုံး၊ ဖျာပုံမြို့နယ်တရားရုံးနဲ့ မအူပင်မြို့နယ်တရားရုံးတို့မှာ တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားခဲ့တာ ဖြစ်သည်။







0 comments:
Post a Comment