Monday, June 1, 2020

သူလျှိုစွပ်စွဲချက်ဖြင့် ပါကစ္စတန်သံရုံးအရာရှိများကို အိန္ဒိယ နှင်ထုတ်

နယူးဒေလီရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန်ကော်မရှင်နာမင်းကြီးရုံး ခေါ် ပါကစ္စတန်သံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ပါကစ္စတန်အရာရှိနှစ်ဦးသည်“ သူလျှိုလှုပ်ရှားမှု့ ”တွင် ပါဝင်ပတ်သက်ခြင်းကြောင့် နိုင်ငံ့ပိုင်နက်အတွင်းမှ ထွက်ခွာသွားကြရန် ၂၄ နာရီအချိန်ပေးလိုက်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုကြောင်း Russia Today က ယနေ့ရေးသားသည်။
သံသယရှိသူတစ်ဦးမှာ ပါကစ္စတန်သံရုံး၏ ဗီဇာဋ္ဌာနတွင် ၎င်းထမ်းဆောင်ရသည့် လက်ထောက်အရာရှိတာဝန်ကို အသုံးချခဲ့သူဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ရေးသားကြသည်။ ယခုနှင်ထုတ်ခံရသည့်အရာရှိနှစ်ဦးစလုံးမှာ ပါကစ္စတန်လျှို့ဝှက်ထောက်လှမ်းရေးဌာနက အိန္ဒိယနိုင်ငံအတွင်း သတင်းအချက်အလက်များစုဆောင်းရန် တမင်ရည်ရွယ်လေ့ကျင့်ပေးထားသည့် ထောက်လှမ်းရေးကျွမ်းကျင်သူများဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စစ်ဖက်နှင့် မီးရထားလမ်းပိုင်းဆိုင်ရာ အချက်အလက်များကို ရယူရန် နယူးဒေလီရှိ ၎င်းတို့ အဆက်အသွယ်တစ်ဦးနှင့် တွေ့ဆုံနေစဉ်အတွင်း ထိန်းသိမ်းခဲ့ရကြောင်း အိန္ဒိယက စွပ်စွဲထားသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အိန္ဒိယu သံတမန်များအား ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ပြစ်တင်ရှုတ်ချလိုက်သည်။ အိန္ဒိယ၏ ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ ကြိုတင်အကွက်ချစီစဉ်ထားသည့် ပါကစ္စတန် ဆန့်ကျင်ရေး မီဒီယာဝါဒဖြန့်ချီမှု တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသည်။
ရန်ဖက် အိမ်နီးချင်းနှစ်နိုင်ငံအကြား အသေးစား ညူကလီယာစစ်ခင်းကြလျှင်ပင် ကမ္ဘာကြီး၏ စားနပ်ရိက္ခာထောက်ပံ့မှုတွင် အကြီးအကျယ်ထိခိုက်၍ ကပ်ဘေးဆိုက်ရောက်နိုင်ကြောင်း သုတေသနပြုချက်အသစ်တစ်ခု၌ တွေ့ရှိထားသည်ဟု Russia Today ( Mar 17,2020 ) က အခြားသတင်းတစ်ပုဒ်တွင် ရေးသားသည်။
ခန့်မှန်းညူကလီယာထိပ်ဖူး ၁၅၀ စီ အသီးသီးပိုင်ဆိုင်ကြသည့် ပြိုင်ဖက်နိုင်ငံများသည် ဒေသန္တရအတွင်း ကန့်သတ်စစ်ပွဲခင်းကျင်းကြလျှင် ကျန်ကမ္ဘာ့အစိတ်အပိုင်းတို့၌ နောက်ဆက်တွဲဆိုးကျိုးများ သွယ်ဝိုက်သက်ရောက်နိုင်ခြေရှိကြောင်း၊ လူ့သမိုင်းတွင် ကြုံခဲ့ဖူးခဲ့သမျှ အစာရေစာငတ်မွတ်ခေါင်းပါးခြင်းစံချိန်တို့ကို အဆပေါင်းများစွာ ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အာကာသသိပ္ပံဋ္ဌာန NASA ၏ Goddard Institute for Space Studies မှ သုတေသီတစ်ဦးက တွေ့ရှိထားသည်ဆို၏။
အခြေခံအချက်အလက်များကို ကောက်ယူ၍ ပုံစံတူပြုလုပ်လေ့လာရာတွင် အိန္ဒိယ-ပါကစ္စတန်အကြား တင်းမာမှုသည် ၂၀၂၅- ခုနှစ်တွင် ကက်ရှ်မီးယားအရေးဖြင့် အမြင့်ဆုံးရောက်ရှိနိုင်ကြောင်း၊ နှစ်ဖက်စလုံးက ပစ်လွှတ်ကြမည့် လက်နက်တို့သည် ခေတ်မီသာမိုညူကလီယာထိပ်ဖူးများထက် များစွာအင်အားနည်းပါးသော်လည်း ဟီရိုရှီးမားနျူကလီယာဗုံးထက် အဆ ၁၀၀ ပြင်းထန်ကြောင်း၊ ဧရာမ မီးလောင်ပေါက်ကွဲခြင်းဖြင့် နှစ်နိုင်ငံလုံးပျက်စီး၍ ထွက်ပေါ်လာသော ရေဒီယိုသတ္တိကြွပြာမှုန် တန်ချိန် ၅-သန်းတို့သည် ကမ္ဘာ့လေထု စတက်တိုစဖီယာအလွှာသို့တိုင် ရောက်ရှိပြီး သမိုင်းတင် မိုးခေါင်မှုဖြစ်စေနိုင်ကြောင်း သတင်း၌ ဖော်ပြထားသည်။
၎င်းအပြင် ကမ္ဘာတစ်ဝှမ်းလုံးအား ထူထဲသော မီးခိုးတိမ်တိုက်ကြီးက လွှမ်းခြုံသွားမည်ဖြစ်ပြီး အပူချိန်အကြီးအကျယ် လျော့ကျသည့် “ ညူကလီယာဆောင်းရာသီ “ နှင့် ရင်ဆိုင်ရကာ ကောက်ပဲသီးနှံအထွက်နှုန်းကို ကျဆင်းစေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် “ ပြောင်း “ ကဲ့သို့ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပျက်ပြားကာ ၎င်းအပေါ် အဓိက မှီခိုသည့် အမေရိကန်၊ ဥရောပ၊ ရုရှားနှင့် တရုတ်စသည့် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံတို့တွင် အဆိုးရွားဆုံး အကျိုးသက် ရောက်မည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ထုတ်လုပ်မှုနှင့် ဆက်နွယ်မှီခိုနေရသည့် ကမ္ဘာ့တောင်ပိုင်းလူ ဦးရေအများပြားတို့မှာ အငတ်ဘေးဆိုက်ကြရမည်ဖြစ်ကြောင်း၊ လူဦးရေစုစုပေါင်း ၁.၃ ဘီလီယံရှိသည့် ဆင်းရဲသောနိုင်ငံပေါင်း ၇၀ တို့သည် ၅-နှစ်အတွင်းရိက္ခာထောက်ပံ့မှု ၂၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားနိုင်ကြောင်း၊ ပစ်မှတ်ထားသည့် ဧရိယာအတွင်း ညူကလီယာလက်နက် တိုက်ရိုက်သက်ရောက်ခြင်းအပြင် အခြားပြင်ပ ကမ္ဘာအရပ်ရပ်တွင်လည်း အစာရေစာ ရှားပါးခြင်းကြောင့် လူအများအပြား သေဆုံးနိုင်ကြောင်း လေ့လာတွေ့ရှိရသည်ဟု သတင်း၌ ဖော်ပြသည်။
crd- Russia Today #Myanmar_Online_News
>>zawgyi<<
သူလျှိုစွပ်စွဲချက်ဖြင့် ပါကစ္စတန်သံရုံးအရာရှိများကို အိန္ဒိယ နှင်ထုတ်
Monday, June 1, 2020
နယူးဒေလီရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန်ကော်မရှင်နာမင်းကြီးရုံး ခေါ် ပါကစ္စတန်သံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ပါကစ္စတန်အရာရှိနှစ်ဦးသည်“ သူလျှိုလှုပ်ရှားမှု့ ” တွင် ပါဝင်ပတ်သက်ခြင်းကြောင့် နိုင်ငံ့ပိုင်နက်အတွင်းမှ ထွက်ခွာသွားကြရန် ၂၄ နာရီအချိန်ပေးလိုက်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုကြောင်း Russia Today က ယနေ့ရေးသားသည်။
သံသယရှိသူတစ်ဦးမှာ ပါကစ္စတန်သံရုံး၏ ဗီဇာဋ္ဌာနတွင် ၎င်းထမ်းဆောင်ရသည့် လက်ထောက်အရာရှိတာဝန်ကို အသုံးချခဲ့သူဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ရေးသားကြသည်။ ယခုနှင်ထုတ်ခံရသည့်အရာရှိနှစ်ဦးစလုံးမှာ ပါကစ္စတန်လျှို့ဝှက်ထောက်လှမ်းရေးဌာနက အိန္ဒိယနိုင်ငံအတွင်း သတင်းအချက်အလက်များစုဆောင်းရန် တမင်ရည်ရွယ်လေ့ကျင့်ပေးထားသည့် ထောက်လှမ်းရေးကျွမ်းကျင်သူများဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စစ်ဖက်နှင့် မီးရထားလမ်းပိုင်းဆိုင်ရာ အချက်အလက်များကို ရယူရန် နယူးဒေလီရှိ ၎င်းတို့ အဆက်အသွယ်တစ်ဦးနှင့် တွေ့ဆုံနေစဉ်အတွင်း ထိန်းသိမ်းခဲ့ရကြောင်း အိန္ဒိယက စွပ်စွဲထားသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အိန္ဒိယu သံတမန်များအား ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ပြစ်တင်ရှုတ်ချလိုက်သည်။ အိန္ဒိယ၏ ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ ကြိုတင်အကွက်ချစီစဉ်ထားသည့် ပါကစ္စတန် ဆန့်ကျင်ရေး မီဒီယာဝါဒဖြန့်ချီမှု တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသည်။
ရန်ဖက် အိမ်နီးချင်းနှစ်နိုင်ငံအကြား အသေးစား ညူကလီယာစစ်ခင်းကြလျှင်ပင် ကမ္ဘာကြီး၏ စားနပ်ရိက္ခာထောက်ပံ့မှုတွင် အကြီးအကျယ်ထိခိုက်၍ ကပ်ဘေးဆိုက်ရောက်နိုင်ကြောင်း သုတေသနပြုချက်အသစ်တစ်ခု၌ တွေ့ရှိထားသည်ဟု Russia Today ( Mar 17,2020 ) က အခြားသတင်းတစ်ပုဒ်တွင် ရေးသားသည်။
ခန့်မှန်းညူကလီယာထိပ်ဖူး ၁၅၀ စီ အသီးသီးပိုင်ဆိုင်ကြသည့် ပြိုင်ဖက်နိုင်ငံများသည် ဒေသန္တရအတွင်း ကန့်သတ်စစ်ပွဲခင်းကျင်းကြလျှင် ကျန်ကမ္ဘာ့အစိတ်အပိုင်းတို့၌ နောက်ဆက်တွဲဆိုးကျိုးများ သွယ်ဝိုက်သက်ရောက်နိုင်ခြေရှိကြောင်း၊ လူ့သမိုင်းတွင် ကြုံခဲ့ဖူးခဲ့သမျှ အစာရေစာငတ်မွတ်ခေါင်းပါးခြင်းစံချိန်တို့ကို အဆပေါင်းများစွာ ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အာကာသသိပ္ပံဋ္ဌာန NASA ၏ Goddard Institute for Space Studies မှ သုတေသီတစ်ဦးက တွေ့ရှိထားသည်ဆို၏။
အခြေခံအချက်အလက်များကို ကောက်ယူ၍ ပုံစံတူပြုလုပ်လေ့လာရာတွင် အိန္ဒိယ-ပါကစ္စတန်အကြား တင်းမာမှုသည် ၂၀၂၅- ခုနှစ်တွင် ကက်ရှ်မီးယားအရေးဖြင့် အမြင့်ဆုံးရောက်ရှိနိုင်ကြောင်း၊ နှစ်ဖက်စလုံးက ပစ်လွှတ်ကြမည့် လက်နက်တို့သည် ခေတ်မီသာမိုညူကလီယာထိပ်ဖူးများထက် များစွာအင်အားနည်းပါးသော်လည်း ဟီရိုရှီးမားနျူကလီယာဗုံးထက် အဆ ၁၀၀ ပြင်းထန်ကြောင်း၊ ဧရာမ မီးလောင်ပေါက်ကွဲခြင်းဖြင့် နှစ်နိုင်ငံလုံးပျက်စီး၍ ထွက်ပေါ်လာသော ရေဒီယိုသတ္တိကြွပြာမှုန် တန်ချိန် ၅-သန်းတို့သည် ကမ္ဘာ့လေထု စတက်တိုစဖီယာအလွှာသို့တိုင် ရောက်ရှိပြီး သမိုင်းတင် မိုးခေါင်မှုဖြစ်စေနိုင်ကြောင်း သတင်း၌ ဖော်ပြထားသည်။
၎င်းအပြင် ကမ္ဘာတစ်ဝှမ်းလုံးအား ထူထဲသော မီးခိုးတိမ်တိုက်ကြီးက လွှမ်းခြုံသွားမည်ဖြစ်ပြီး အပူချိန်အကြီးအကျယ် လျော့ကျသည့် “ ညူကလီယာဆောင်းရာသီ “ နှင့် ရင်ဆိုင်ရကာ ကောက်ပဲသီးနှံအထွက်နှုန်းကို ကျဆင်းစေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် “ ပြောင်း “ ကဲ့သို့ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပျက်ပြားကာ ၎င်းအပေါ် အဓိက မှီခိုသည့် အမေရိကန်၊ ဥရောပ၊ ရုရှားနှင့် တရုတ်စသည့် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံတို့တွင် အဆိုးရွားဆုံး အကျိုးသက် ရောက်မည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ထုတ်လုပ်မှုနှင့် ဆက်နွယ်မှီခိုနေရသည့် ကမ္ဘာ့တောင်ပိုင်းလူ ဦးရေအများပြားတို့မှာ အငတ်ဘေးဆိုက်ကြရမည်ဖြစ်ကြောင်း၊ လူဦးရေစုစုပေါင်း ၁.၃ ဘီလီယံရှိသည့် ဆင်းရဲသောနိုင်ငံပေါင်း ၇၀ တို့သည် ၅-နှစ်အတွင်းရိက္ခာထောက်ပံ့မှု ၂၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားနိုင်ကြောင်း၊ ပစ်မှတ်ထားသည့် ဧရိယာအတွင်း ညူကလီယာလက်နက် တိုက်ရိုက်သက်ရောက်ခြင်းအပြင် အခြားပြင်ပ ကမ္ဘာအရပ်ရပ်တွင်လည်း အစာရေစာ ရှားပါးခြင်းကြောင့် လူအများအပြား သေဆုံးနိုင်ကြောင်း လေ့လာတွေ့ရှိရသည်ဟု သတင်း၌ ဖော်ပြသည်။
crd- HtayOung #Myanmar_Online_News

0 comments:

Post a Comment