Monday, June 1, 2020

၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့်ကတည်းက ကိုရိုနာဗိုင်းရပ်စ်သည် ဥရောပသို့ ပြန့်နှံ့ရောက်ရှိနေခြင်းဖြစ်နိုင်ကြောင်း ပြင်သစ် ဖော်ထုတ်

ပြင်သစ်နိုင်ငံ ကိုလ်မာမြို့ရှိ အဲလ်ဘတ်ရွှိုက်ဇာ ဆေးရုံမှ ဒေါက်တာ မိုက်ကယ်လ်ရှမစ်ဦးဆောင်သော ဆေးပညာရှင် သုတေသီတို့က ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့်ကတည်းက ဥရောပသို့ ပြန့်နှံ့ရောက်ရှိနေခြင်းဖြစ်နိုင်ကြောင်း ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
ယင်းသုတေသီအဖွဲ့သည် ၂၀၁၉ ခုနှစ်နှောင်းပိုင်း ပြင်သစ်နိုင်ငံမှ လူနာများ၏ ရင်ဘတ်ပိုင်းဆိုင်ရာ ဓာတ်မှန်များကို နောက်ကြောင်းပြန် လေ့လာစုံစမ်းခဲ့သည်။ လူနာပေါင်း ၂၅၀၀ တို့၏ ရင်ဘတ်ပိုင်းဆိုင်ရာ ဓာတ်မှန်များကို ပြန်လည်ဆန်းစစ်လေ့လာရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၈ ရက်အကြား လူနာတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာနှင့် ကိုက်ညီသော လက္ခဏာများ အဆုပ်တွင်ဖြစ်ပေါ်နေခြင်းကို သိရှိခဲ့ရခြင်းဖြစ်သည်။ ယင်းရက်အပိုင်းအခြားသည် ပြင်သစ်နိုင်ငံတွင် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ့ရှိကြောင်း ကြေညာခဲ့သည့် ဇန်နဝါရီ ၂၄ ရက်ထက် ၂ လခန့်စောနေသည်။
ဒေါက်တာ ရှမစ်တို့ သုတေသီအဖွဲ့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုသို့သော ရောဂါလက္ခဏာရှိနေသူ ၁၂ ဦးနှင့် ၂၀၂ဝခုနှစ် ဇန်နဝါရီလအတွင်းတွင် ထိုသို့သော ရောဂါလက္ခဏာရှိနေသူ ၁၆ ဦးကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ယခုအခါ သုတေသီအဖွဲ့သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ရင်ဘတ်ပိုင်းဆိုင်ရာ ဓာတ်မှန်များကိုု ဆက်လက်လေ့လာရန် ကြိုးပမ်းလျှက်ရှိသည်။
”ကျွန်တော်တို့ဟာ အတိတ်ဖြစ်ရပ်ကို သေသေချာချာနားလည်မှ အနာဂတ်ကို စီမံခန့်ခွဲနိုင်ကြမှာပါ။ ဒီဗိုင်းရပ်စ်ပြန့်နှံ့တာကို ကနေ့အထိ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမသိကြရသေးပါဘူး။ အခုတွေ့ရှိမှုတွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှု မဟာဗျူဟာကို လုံးဝ ပြောင်းလဲသွားနိုုင်ပါတယ်”ဟုု ဒေါက်တာရှမစ်က NBC သတင်းဌာနနှင့် တွေ့ဆုံရာတွင်ပြောကြားသည်။
crd-Popular News Journal #Myanmar_Online_News
>>zawgyi<<
၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့်ကတည်းက ကိုရိုနာဗိုင်းရပ်စ်သည် ဥရောပသို့ ပြန့်နှံ့ရောက်ရှိနေခြင်းဖြစ်နိုင်ကြောင်း ပြင်သစ် ဖော်ထုတ်
Monday, June 1, 2020
ပြင်သစ်နိုင်ငံ ကိုလ်မာမြို့ရှိ အဲလ်ဘတ်ရွှိုက်ဇာ ဆေးရုံမှ ဒေါက်တာ မိုက်ကယ်လ်ရှမစ်ဦးဆောင်သော ဆေးပညာရှင် သုတေသီတို့က ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့်ကတည်းက ဥရောပသို့ ပြန့်နှံ့ရောက်ရှိနေခြင်းဖြစ်နိုင်ကြောင်း ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
ယင်းသုတေသီအဖွဲ့သည် ၂၀၁၉ ခုနှစ်နှောင်းပိုင်း ပြင်သစ်နိုင်ငံမှ လူနာများ၏ ရင်ဘတ်ပိုင်းဆိုင်ရာ ဓာတ်မှန်များကို နောက်ကြောင်းပြန် လေ့လာစုံစမ်းခဲ့သည်။ လူနာပေါင်း ၂၅၀၀ တို့၏ ရင်ဘတ်ပိုင်းဆိုင်ရာ ဓာတ်မှန်များကို ပြန်လည်ဆန်းစစ်လေ့လာရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၈ ရက်အကြား လူနာတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာနှင့် ကိုက်ညီသော လက္ခဏာများ အဆုပ်တွင်ဖြစ်ပေါ်နေခြင်းကို သိရှိခဲ့ရခြင်းဖြစ်သည်။ ယင်းရက်အပိုင်းအခြားသည် ပြင်သစ်နိုင်ငံတွင် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ့ရှိကြောင်း ကြေညာခဲ့သည့် ဇန်နဝါရီ ၂၄ ရက်ထက် ၂ လခန့်စောနေသည်။
ဒေါက်တာ ရှမစ်တို့ သုတေသီအဖွဲ့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုသို့သော ရောဂါလက္ခဏာရှိနေသူ ၁၂ ဦးနှင့် ၂၀၂ဝခုနှစ် ဇန်နဝါရီလအတွင်းတွင် ထိုသို့သော ရောဂါလက္ခဏာရှိနေသူ ၁၆ ဦးကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ယခုအခါ သုတေသီအဖွဲ့သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ရင်ဘတ်ပိုင်းဆိုင်ရာ ဓာတ်မှန်များကို ဆက်လက်လေ့လာရန် ကြိုးပမ်းလျှက်ရှိသည်။
”ကျွန်တော်တို့ဟာ အတိတ်ဖြစ်ရပ်ကို သေသေချာချာနားလည်မှ အနာဂတ်ကို စီမံခန့်ခွဲနိုင်ကြမှာပါ။ ဒီဗိုင်းရပ်စ်ပြန့်နှံ့တာကို ကနေ့အထိ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမသိကြရသေးပါဘူး။ အခုတွေ့ရှိမှုတွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှု မဟာဗျူဟာကို လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်”ဟု ဒေါက်တာရှမစ်က NBC သတင်းဌာနနှင့် တွေ့ဆုံရာတွင်ပြောကြားသည်။
crd-Popular News Journal #Myanmar_Online_News

0 comments:

Post a Comment