အမေရိကန်နိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မဆင်မခြင်ဖမ်းဆီးမှုကြောင့် လူမည်းအမျိုးသား George Floyd သေဆုံးသွားမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဟာနိုင်ငံတလွှားမှာဖြစ်ပွားပြီး သြစတြေးလျ၊ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတို့ရှိ မြို့တွေမှာလည်း လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ အခုလ(၆)ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
သြစတြေးလျနိုင်ငံ Brisbane မြို့မှာ လူပေါင်းတစ်သောင်းလောက်ဟာ “Black Lives Matter”ဆိုတဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ ဆစ်(ဒ)နီမြို့မှာလည်း လူထောင်ဂဏန်းလောက်ဟာ ဆန္ဒပြခဲ့ကြပါတယ်။အလားတူ ဆန္ဒပြပွဲတွေဟာ Melbourne ၊ Adelaide နဲ့ အခြား သြစတြေးလျမြို့တွေမှာလည်းဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ “တရားမျှတမှုမရှိရင်၊ငြိမ်းချမ်းမှုမရှိ ၊ လူမျိုးရေးခွဲခြားတဲ့ ရဲများအလိုမရှိ” စတဲ့ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာလည်း တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာဟာ George Floyd နောက်ဆုံးပြောသွားခဲ့တဲ့ “ငါအသက်ရှုလို့မရတော့ဘူး” ဆိုတဲ့ စာသားပါတဲ့ နှာခေါင်းစည်းတွေဝတ်ဆင်ပြီး စုရုံးဆန္ဒပြခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<
လူမျိုးရေးခွဲခြားမှုဆန့်ကျင်တဲ့ဆန္ဒပြပွဲများ အာရှနိုင်ငံအချို့သို့ ကူးစက်လာ
Sunday, June 7, 2020

0 comments:
Post a Comment