
တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသဟောင်ကောင် (HKSAR)၏ အုပ်ချုပ်ရေးမှူး Carrie Lam သည် HKSAR အတွက် ပြဌာန်းမည့် အမျိုးသားလုံခြုံရေး ဉပဒေကိုဆွေးနွေးရန်အတွက် ဇွန်လ ၃ ရက်နေ့ ဗုဒ္ဓဟူး နေ့တွင် တရုတ်နိုင်ငံသို့သွား ရောက်ခဲ့ပါသည်။သူမသည် အဆိုပါ အမျိုးသားလုံခြုံရေးဉပဒေအပေါ် သူမ၏ သဘောထား အမြင်များကို ဗဟိုအစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့ ကြာသာပတေးနေ့နံနက်ပိုင်းတွင် ဟောင်ကောင်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း HKSAR အစိုးရမှ ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
မေလ ၃၀ ရက်နေ့တွင် ကယ်ရီလမ်းမှ ဒေသခံပြည်သူများအား ဟောင်ကောင် အတွက် အမျိုးသာလုံခြုံရေး ဥပဒေပြဌာန်းချက်အား ချမှတ်ရာတွင် အမျိုးသားဉပဒေ ပြုလွှတ်တော်အမတ်များကို အခိုင်အမာထောက်ခံရန်အတွက် တောင်းဆိုသည့်စာ တစ်စောင်ပေးပို့ခဲ့ပါသည်။အမျိုးသားလုံခြုံရေးဉပဒေသည် အထူးကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ ဟောင်ကောင် အတွက် တစ်နိုင်ငံစနစ်နှစ်ခု ဉပဒေကို ပိုမိုခိုင်မာလာစေနိုင်သည်ကို သူမအနေဖြင့် ယုံကြည်ကြောင်း ကယ်ရီလမ်းမှပြောကြားခဲ့ပါသည်။
ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဉပဒေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကို ဆွေးနွေးရန်အတွက် တ ရုတ်နိုင်ငံအမျိုးသားလွှတ်တော်ဖြစ်သော အမျိုးသား ပြည်သူ့ကွန်ဂယက် NPC သို့ မေလ ၂၂ ရက်နေ့တွင် အဆိုတင်သွင်းခဲ့ပြီး မေလ ၂၈ ရက်နေ့တွင် ၁၃ ကြိမ်မြောက် NPC အထိမ်းအမှတ်အစည်းအဝေးပွဲတွင် ကိုယ်စားလှယ်အများမှ မဲပေးခဲ့ကြပါသည်။
အဆိုပါဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံဗဟိုအစိုးရ၏အမျိုးသားလုံခြုံရေးအဖွဲ့ များအား လိုအပ်ပါက ဟောင်ကောင်တွင် အေဂျင်စီများဖွင့်လှစ်ရန်အတွက် ခွင့်ပြုသွား မည်ဖြစ်ပါသည်။
Source - CGTN






0 comments:
Post a Comment