Wednesday, June 3, 2020

ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်ရန် လျာထားလုပ်ငန်း (၂၁) ခုအတွက် ကျပ်သိန်း ၅၀၀၀၀ တင်ပြတောင်းခံထား

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်အပါအဝင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၌ လျာထားလုပ်ငန်း (၂၁) ခုလုပ်ဆောင်သွားမည်ဖြစ်ပြီး ကျပ်သိန်း ၅၀၀၀၀ တင်ပြတောင်းခံထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က သိရသည် ။
အဆိုပါ လုပ်ငန်း ၂၁ ခုအနက် ဧရာဝတီမြစ်အတွင်း လုပ်ငန်း (၉) ခုပါဝင်မှာဖြစ်ပြီး ဧရာဝတီမြစ်ပြင်ပ အခြားမြစ်များတွင် လုပ်ငန်း (၁၂) ခုပါဝင်ကြောင်း သိရသည် ။
``မြို့နယ်ကတော့ အစုံပဲ ပါတယ်။ လျာထားနေရာတွေတင်ပြတဲ့အခါမှာ သက်ဆိုင်ရာမြို့နယ်ကလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကွင်းဆင်းစစ်ဆေးပြီး လုပ်တာပါ။ အဲ့ဒီထဲကမှ အရေးပေါ်လိုအပ်တဲ့ နေရာတွေကို ဦး စားပေးလုပ်တာပါ´´ ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မြင့်သန်း က ပြောသည် ။
ရေကြောင်း ပြောင်းလဲမှုများကြောင့် နှစ်စဉ် ဧရာဝတီမြစ် အပါအဝင် အခြားမြစ်များတွင် ကမ်းပါးပြိုကျမှုများဖြစ်ပြီး စိုက်ပျိုးမြေများဆုံးရှုံးခြင်း ၊ အဆောက်အဦနှင့် လူနေအိမ်များ ပျက်စီးခြင်း စသည်တို့ ဖြစ်ပွားကြသည် ။
ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် တိုက်ရိုက်ကာကွယ်သည့် နည်းလမ်းဖြစ်သော ကမ်းပါးကို ကျောက်စီတမံလုပ်ခြင်း နှင့် ကမ်းမပြိုရန် ရေလမ်းကြောင်းပြောင်းဖို့အတွက် သောင်တူးခြင်း၊ ရေလွှဲ ရေကာ လုပ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည် ။
Ref ;The Fifth Wave News

0 comments:

Post a Comment