Monday, June 1, 2020

အိမ်ဖြူတော်အပြင်ဖက်တွင် သတင်းအရ ကားဗုံးရှာဖွေစဉ် ဆန္ဒပြသူများ မီးရှို့သဖြင့် အထူးလုံခြုံရေးအေးဂျင့် ၅၀ ကျော်ဒါဏ်ရာရရှိ၊ ကန့်ကွက်ဆန္ဒပြမှုများ ပြင်းထန်လာသည့် သမ္မတထရမ့်အား မြေအောက်ဘန်ကာသို့ ရွှေ့ပြောင်း

လူမည်းအမျိုးသား ဂျော့ဖလွိုက်သေဆုံးမှုကန့်ကွက်ပွဲများနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်၏ Twitter တွင် တိုင်းကျော်ပြည်ကျော် ရေးသားချက်အပေါ် ရှုတ်ချဝေဖန်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျှက်ရှိသည်။ အမေရိကန်အိမ်ဖြူတော်အပြင်ဘက်တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြင်းထန်များပြားလာခဲ့ရာ အမေရိကန်သမ္မတအား ဘေးကင်းရာ အိမ်ဖြူတော်မြေအောက်ဘန်ကာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု Guardian , CNN, Washington Post , Fox News နှင့် နိုင်ငံတကာမီဒီယာများက ယနေ့ရေးသားသည်။
လွန်ခဲ့သည့် တနင်္လာနေ့ မင်နီယာပိုလိစ်တွင် ဂျော့ဖလွိုက်သေဆုံးခြင်းနှင့်ပတ်သက်၍ အမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်အပါအဝင် မြို့ကြီးအတော်များများတို့၌ မငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ရသည်။ ကန့်ကွက်ဆန္ဒပြသူများသည် ပဋိပက္ခများအကြိမ်ကြိမ်ဖြစ်ပွားနေသည့်ကြားမှပင် သောကြာနေ့ညကတည်းက အိမ်ဖြူတော် ပတ်ဝန်းကျင်၌ စုရုံးခဲ့ကြသည်။ အိမ်ဖြူတော်အနီးတွင် ဆန္ဒပြသူများ ပေါင်းဆုံလာသဖြင့် ဒေါ်နယ်ထရမ့်ကို ယခင် အမေရိကန်သမ္မတအား အကြမ်းဖက်တိုက်ခိုက်လာလျှင် အသုံးပြုသည့် အိမ်ဖြူတော်မြေအောက် ဘန်ကာသို့ Secret Service Agent အထူးလုံခြုံရေးအေးဂျင့်များက ရုတ်တရက်အလျှင်အမြန် ရွှေ့ပြောင်းပေးခဲ့ကြောင်း New York Times က ရေးသားသည်။
အဆိုပါဘန်ကာသည် ခံတပ်တစ်ခုပမာ ခိုင်ခံပြီး ခရီးသည်တင်ဂျက်လေယာဉ်တစ်စီး ထိုးစိုက်ချခြင်းကိုပင်လျှင် ကောင်းစွာခံနိုင်သည်ဆို၏။ 9/11 အကြမ်းဖက်ခံရမှု ဖြစ်စဉ်တွင် ဒုတိယသမ္မတ ဒစ်ချေနီအား ခိုလှုံစေရာ၌ အသုံးပြုခဲ့ဖူးကြောင်း သိရှိရသည်။ သောကြာနေ့ညတွင် အကြံပေးများစွာ၏ တိုက်တွန်းချက်အရ သမ္မတနှင့်၎င်း၏ မိသားစုအား ထိုသို့ ရုတ်တရက်စီမံဆောက်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ပါရှိသည်။
တနင်္ဂနွေနေ့ ( မြန်မာအတွက် ယနေ့ ) တွင် သမ္မတအိမ်တော်အနီး၌ ကန့်ကွက်ဆန္ဒပြသူများက မီးရှို့သဖြင့် အထူးလုံခြုံရေး အေးဂျင့် ၅၀-ကျော် ဒါဏ်ရာရရှိကြောင်း၊ အိမ်ဖြူတော်အနီးတွင် အထူးလုံခြံုရေး အေးဂျင့်များက သတင်းအရ ကားဗုံးရှာဖွေစဉ် ဆူပူသောင်းကျန်းသူများက မီးရှို့ခြင်းဖြစ်ကြောင်း၊ အဓိကရုန်းများ ကူးစက်လာဖြင့် လွန်ခဲ့သည့် နှစ်ရက်ကပင် သမ္မတထရမ့်အား အိမ်ဖြူတော်မြေအောက် ဘန်ကာသို့ ပြောင်းရွှေ့ပေးထား ခဲ့ကြောင်း Fox News က ယနေ့ရေးသားသည်။
အိမ်ဖြူတော်နှင့် မျက်နှာချင်းဆိုင်ရှိ လာဖေးယက်ပန်းခြံတွင် ကန့်ကွက်ဆန္ဒပြသူများက ပုလင်း၊ Molotov cocktails ခေါ် ဓါတ်ဆီထည့်ထားသော ပုလင်းဗုံးဖြင့် ပစ်ပေါက်ကြသဖြင့် အထူးးလုံခြုံရေးအေးဂျင့်အချို့ ဒါဏ်ရာရရှိခြင်းဖြစ်သည်ဆို၏။
အမေရိကန်နိုင်ငံတဝှမ်း မြို့ကြီးပေါင်း ၁၄၀ တို့တွင် ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်း New York Times က ရေးသားပြီး၊ အထင်ကရ မြို့ကြီးများတွင် အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်းနှင့် အဓိကရုန်းများဖြစ်ပွားလျှက်ရှိကြောင်း၊ မော်တော်ကားများတွင် ပြင်းထန်စွာ မီးလောင်ကြွမ်းစေသော ပစ္စည်းများကိုတင်ဆောင်၍ အသုံးပြု လာဖွယ်ရှိကြောင်း Fox News က ဖော်ပြသည်။
ဝါရှင်တန်ဒီစီလမ်းများပေါ်တွင် ဒေသခံရဲတပ်ဖွဲ့ဝင်များအပြင်၊ အမိမြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးဆိုင်ရာဖက်ဒရယ်အာဏာပိုင်အဖွဲ့ DEA အေးဂျင့်များအား တာဝန်ချထားပြီး လုံခြံုရေးတိုးမြှင့်၍ ထူးခြားဖြစ်စဉ်များအား ဖော်ထုတ်လျှက်ရှိကြောင်း၊ အကြမ်းဖက်မှုများတိုးမြင့်လာသည့်အတွက် အမျိုးသားကာကွယ်ရေး အစောင့်တပ်ဖွဲ့ဝင် ၅၀၀ ကို ခေါ်ယူထားပြီး၊ စစ်သား ၁၂၀၀ တို့ အသင့်ရှိနေကြောင်း အမေရိကန်စစ်တပ်ဆိုင်ရာ ဝန်ကြီးက ပြောဆိုသည်။
နိုင်ငံအဝှမ်းတုန်လှုပ်စေသော ဂျော့ဖလွိုက်သေဆုံးမှုနှင့်ပတ်သက်၍ ကန့်ကွက်မှုများအပေါ် ဒေါ်နယ်ထရမ့်က တုန့်ပြန်ခဲ့ရာတွင် ကျယ်ပြန့်စွာဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အဓိကရုန်းဖြစ်ပွားလျှက်ရှိသည့် အချို့ရက်များအတွင်း ဒေါ်နယ်ထရမ့်အနေဖြင့် ဆန္ဒပြသူများ၏ ဒေါသကို လှုံဆော်ရာရောက်သည့် မခံချည့် မခံသာ ရေးသားချက်များကို Twiter မှတစ်ဆင့် လွှင့်တင်နေခဲ့သည်။
crd-Htay Oung #Myanmar_Online_News
>>zawgyi<<
အိမ်ဖြူတော်အပြင်ဖက်တွင် သတင်းအရ ကားဗုံးရှာဖွေစဉ် ဆန္ဒပြသူများ မီးရှို့သဖြင့် အထူးလုံခြုံရေးအေးဂျင့် ၅၀ ကျော်ဒါဏ်ရာရရှိ၊ ကန့်ကွက်ဆန္ဒပြမှုများ ပြင်းထန်လာသည့် သမ္မတထရမ့်အား မြေအောက်ဘန်ကာသို့ ရွှေ့ပြောင်း
Monday, June 1, 2020
လူမည်းအမျိုးသား ဂျော့ဖလွိုက်သေဆုံးမှုကန့်ကွက်ပွဲများနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်၏ Twitter တွင် တိုင်းကျော်ပြည်ကျော် ရေးသားချက်အပေါ် ရှုတ်ချဝေဖန်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျှက်ရှိသည်။ အမေရိကန်အိမ်ဖြူတော်အပြင်ဘက်တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြင်းထန်များပြားလာခဲ့ရာ အမေရိကန်သမ္မတအား ဘေးကင်းရာ အိမ်ဖြူတော်မြေအောက်ဘန်ကာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု Guardian , CNN, Washington Post , Fox News နှင့် နိုင်ငံတကာမီဒီယာများက ယနေ့ရေးသားသည်။
လွန်ခဲ့သည့် တနင်္လာနေ့ မင်နီယာပိုလိစ်တွင် ဂျော့ဖလွိုက်သေဆုံးခြင်းနှင့်ပတ်သက်၍ အမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်အပါအဝင် မြို့ကြီးအတော်များများတို့၌ မငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ရသည်။ ကန့်ကွက်ဆန္ဒပြသူများသည် ပဋိပက္ခများအကြိမ်ကြိမ်ဖြစ်ပွားနေသည့်ကြားမှပင် သောကြာနေ့ညကတည်းက အိမ်ဖြူတော် ပတ်ဝန်းကျင်၌ စုရုံးခဲ့ကြသည်။ အိမ်ဖြူတော်အနီးတွင် ဆန္ဒပြသူများ ပေါင်းဆုံလာသဖြင့် ဒေါ်နယ်ထရမ့်ကို ယခင် အမေရိကန်သမ္မတအား အကြမ်းဖက်တိုက်ခိုက်လာလျှင် အသုံးပြုသည့် အိမ်ဖြူတော်မြေအောက် ဘန်ကာသို့ Secret Service Agent အထူးလုံခြုံရေးအေးဂျင့်များက ရုတ်တရက်အလျှင်အမြန် ရွှေ့ပြောင်းပေးခဲ့ကြောင်း New York Times က ရေးသားသည်။
အဆိုပါဘန်ကာသည် ခံတပ်တစ်ခုပမာ ခိုင်ခံပြီး ခရီးသည်တင်ဂျက်လေယာဉ်တစ်စီး ထိုးစိုက်ချခြင်းကိုပင်လျှင် ကောင်းစွာခံနိုင်သည်ဆို၏။ 9/11 အကြမ်းဖက်ခံရမှု ဖြစ်စဉ်တွင် ဒုတိယသမ္မတ ဒစ်ချေနီအား ခိုလှုံစေရာ၌ အသုံးပြုခဲ့ဖူးကြောင်း သိရှိရသည်။ သောကြာနေ့ညတွင် အကြံပေးများစွာ၏ တိုက်တွန်းချက်အရ သမ္မတနှင့်၎င်း၏ မိသားစုအား ထိုသို့ ရုတ်တရက်စီမံဆောက်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ပါရှိသည်။
တနင်္ဂနွေနေ့ ( မြန်မာအတွက် ယနေ့ ) တွင် သမ္မတအိမ်တော်အနီး၌ ကန့်ကွက်ဆန္ဒပြသူများက မီးရှို့သဖြင့် အထူးလုံခြုံရေး အေးဂျင့် ၅၀-ကျော် ဒါဏ်ရာရရှိကြောင်း၊ အိမ်ဖြူတော်အနီးတွင် အထူးလုံခြုံရေး အေးဂျင့်များက သတင်းအရ ကားဗုံးရှာဖွေစဉ် ဆူပူသောင်းကျန်းသူများက မီးရှို့ခြင်းဖြစ်ကြောင်း၊ အဓိကရုန်းများ ကူးစက်လာဖြင့် လွန်ခဲ့သည့် နှစ်ရက်ကပင် သမ္မတထရမ့်အား အိမ်ဖြူတော်မြေအောက် ဘန်ကာသို့ ပြောင်းရွှေ့ပေးထား ခဲ့ကြောင်း Fox News က ယနေ့ရေးသားသည်။
အိမ်ဖြူတော်နှင့် မျက်နှာချင်းဆိုင်ရှိ လာဖေးယက်ပန်းခြံတွင် ကန့်ကွက်ဆန္ဒပြသူများက ပုလင်း၊ Molotov cocktails ခေါ် ဓါတ်ဆီထည့်ထားသော ပုလင်းဗုံးဖြင့် ပစ်ပေါက်ကြသဖြင့် အထူးးလုံခြုံရေးအေးဂျင့်အချို့ ဒါဏ်ရာရရှိခြင်းဖြစ်သည်ဆို၏။
အမေရိကန်နိုင်ငံတဝှမ်း မြို့ကြီးပေါင်း ၁၄၀ တို့တွင် ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်း New York Times က ရေးသားပြီး၊ အထင်ကရ မြို့ကြီးများတွင် အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်းနှင့် အဓိကရုန်းများဖြစ်ပွားလျှက်ရှိကြောင်း၊ မော်တော်ကားများတွင် ပြင်းထန်စွာ မီးလောင်ကြွမ်းစေသော ပစ္စည်းများကိုတင်ဆောင်၍ အသုံးပြု လာဖွယ်ရှိကြောင်း Fox News က ဖော်ပြသည်။
ဝါရှင်တန်ဒီစီလမ်းများပေါ်တွင် ဒေသခံရဲတပ်ဖွဲ့ဝင်များအပြင်၊ အမိမြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးဆိုင်ရာဖက်ဒရယ်အာဏာပိုင်အဖွဲ့ DEA အေးဂျင့်များအား တာဝန်ချထားပြီး လုံခြုံရေးတိုးမြှင့်၍ ထူးခြားဖြစ်စဉ်များအား ဖော်ထုတ်လျှက်ရှိကြောင်း၊ အကြမ်းဖက်မှုများတိုးမြင့်လာသည့်အတွက် အမျိုးသားကာကွယ်ရေး အစောင့်တပ်ဖွဲ့ဝင် ၅၀၀ ကို ခေါ်ယူထားပြီး၊ စစ်သား ၁၂၀၀ တို့ အသင့်ရှိနေကြောင်း အမေရိကန်စစ်တပ်ဆိုင်ရာ ဝန်ကြီးက ပြောဆိုသည်။
နိုင်ငံအဝှမ်းတုန်လှုပ်စေသော ဂျော့ဖလွိုက်သေဆုံးမှုနှင့်ပတ်သက်၍ ကန့်ကွက်မှုများအပေါ် ဒေါ်နယ်ထရမ့်က တုန့်ပြန်ခဲ့ရာတွင် ကျယ်ပြန့်စွာဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အဓိကရုန်းဖြစ်ပွားလျှက်ရှိသည့် အချို့ရက်များအတွင်း ဒေါ်နယ်ထရမ့်အနေဖြင့် ဆန္ဒပြသူများ၏ ဒေါသကို လှုံဆော်ရာရောက်သည့် မခံချည့် မခံသာ ရေးသားချက်များကို Twiter မှတစ်ဆင့် လွှင့်တင်နေခဲ့သည်။
crd-Htay Oung #Myanmar_Online_News

0 comments:

Post a Comment