Monday, June 1, 2020

မွတ်ဆလင်ဘာသာရေးအဖွဲ့ နှင့် ဆက်နွယ်သည်ဟု ယူဆရသည့် မြန်မာနိုင်ငံသား၂၂ဦးကို အိန္ဒိယဂါယာလေဆိပ်၌ ဖမ်းဆီး

မွတ်ဆလင်ဘာသာရေးအဖွဲ့တစ်ခုဖြစ်သည့် Tablighi Jamaat နှင့် ဆက်နွယ်နေသည်ဟုယူဆရသည့် မြန်မာနိုင်ငံသား ၂၂ ဦးကို အိန္ဒိယနိုင်ငံဂါယာ လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိမ်ားက ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ထိန်းသိမ်းခံခဲ့ရသူ ၂၂ ဦးသည် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့လိုက်ပါမည့်သူများဖြစ်ကြောင်း The Times of India သတင်းစာက ဖော်ပြထားသည်။ ၎င်းတို့သည် ကာလကတ္တားမှ ဂါယာသို့ရောက်ရှိလာပြီးနောက် မြန်မာနိုင်ငံသို့ပြန်လည်လိုက်ပါရန် ကြိုးစားနေချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
နယူးဒေလီရဲတပ်ဖွဲ့က ၎င်းတို့၏ခရီးစဉ်ကိုဆိုင်းငံ့ထားရန် ညွှန်ကြားချက်ထွက်လာပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများသည် Tablighi အဖွဲ့နှင့် ဆက်နွယ် မှု ရှိ-မရှိကို ခရိုင်အဆင့်တာဝန်ရှိသူများက အတည်ပြု ပြောကြားထားမှုမရှိသေးသော်လည်း လေဆိပ်သတင်းများအရ ဘာသာရေးအဖွဲ့နှင့်ဆက်နွယ်ခြင်းက ဖမ်းဆီးရသည့်အကြောင်းရင်းဖြစ်ကြောင်း The Times of India သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသား ၂၂ ဦးသည် မတ်လအတွင်း က နယူးဒေလီရှိ Nizamuddin တွင်ကျင်းပခဲ့သည့် Tablighi Jamaat ဘာသာရေးပွဲသို့တက်ရောက်ခဲ့သည်ဟုလည်း ယူဆခံထားရသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှသတင်းရင်းမြစ်များကို The Times of Indiaသတင်းစာက ကိုးကားဖော် ပြမှုအရ မြန်မာနိုင်ငံသား ၂၂ ဦးသည် မြန်မာအစိုးရက စီစဉ်ပေးသော အထူးလေယာဉ်ဖြင့် အိန္ဒိယမှပြန် လည်ထွက်ခွာရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့က ဂါယာမှ ရန်ကုန် သို့ထွက်ခွာခဲ့သည့်အထူးလေယာဉ်သည် ၂ နာရီခန့် နှောင့်နှေးခဲ့ပြီးနောက် ကျန်ခရီးသည် ၈၂ ဦးဖြင့်ထွက် ခွာခဲ့ရကြောင်း သိရသည်။
Ref-The Ladies News #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment