
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဂျပန်ချေးငွေနဲ့ မကြာခင်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့် ကပြောပါတယ်။
ဇွန်(၁၀)ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ အစိုးရရဲ့ စတုတ္ထတစ်နှစ်တာ ဆောင် ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဟံသာဝတီလေဆိပ်ကို မြန်မာ နိုင်ငံရဲ့ အဓိကကျတဲ့ ဝင်ပေါက်တစ်ခု အနေနဲ့ ဆောင်ရွက်ဖို့ မျှော်မှန်း ဆောင် ရွက်နေရာမှာ ဂျပန်နိုင်ငံရဲ့ချေးငွေနဲ့ မကြာခင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့ ဦးဝင်းခန့် ကပြောပါတယ်။
ဟံသာဝတီလေဆိပ်စီမံကိန်းကို အရင်အစိုးရလက်ထက်မှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ပြီး PPP စနစ်နဲ့ ဆောင်ရွက်ခဲ့ပေမယ့် တင်ဒါအောင်ကုမ္ပဏီက ဆက်လက်ဆောင်ရွက် တာမရှိတာဘဲ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာပါ။ ဟံသာဝတီလေဆိပ်ကို အနာဂတ် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း တွေရဲ့ အဓိကဝင်ပေါက်အနေနဲ့ ဆောင်ရွက် နိုင်ဖို့ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်နေတယ်လို့ ဦးဝင်းခန့် ကဆိုပါတယ်။



Ref ; One News Myanmar






0 comments:
Post a Comment