Tuesday, June 9, 2020

မလေးရှားသို့ ခိုးဝင်ဖို့ကြိုးစားတဲ့ ဘင်္ဂါလီ ၂၆၉ ဦးကို ကမ်းခြေစောင့်တပ် မလေးရှား ဖမ်းဆီး

စက်လှေတစ်စီးနဲ့ မလေးရှားနိုင်ငံအတွင်း ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ ဘင်္ဂါလီရွှေ့ပြောင်းဝင်ရောက်သူ ၂၆၉ ဦးအား တနင်္လာနေ့(ဇွန် ၈) က လန်ကာဝီကျွန်းကမ်းလွန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ယခုရက်မတိုင်မီကတည်းက သတင်းပေးချက်ရရှိထားတဲ့ မလေးရှား အာဏာပိုင်တွေဟာ တနင်္လာနေ့ အရုဏ်မတက်ခင် အချိန်လောက်က လန်ကာဝီ ကမ်းလွန်မှာ လှေတစ်စီးကို ကြားဖြတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကမ်းခြေစောင့်တပ် ရေယာဉ်ဟာ မသင်္ကာဖွယ်လှေကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတကာရေပြင်ဆီ မောင်းထုတ် ဖို့လုပ်ခဲ့ကြတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒါပေမဲ့ ကမ်းခြေစောင့်တပ် ချဉ်းကပ်လာချိန်မှာ လှေပေါ်က ဘင်္ဂါလီ ၅၃ ဦး ရေထဲခုန်ချထွက်ပြေးခဲ့ကြပြီး ၎င်းတို့အားလုံးကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
၎င်းတို့လှေကို စစ်ဆေးခဲ့ရာမှာတော့ နောက်ထပ် ဘင်္ဂါလီ ၂၁၆ ဦးနဲ့ အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြပါတယ်။ အသေးစိတ်စစ်ဆေးမှုတွေ လုပ်ရာမှာ ၎င်းတို့စီးလာတဲ့ လှေဟာ နောက်ကြောင်းပြန်လှည့်စေလို့မရအောင် ပျက်စီးနေပြီဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်က ပြောဆိုပါတယ်။
ယခုအခါ ဖမ်းဆီးထားသူ အားလုံးကို ယာယီနေရာချထားပေးပြီး ရေနဲ့ အစားအစာတွေ ပေးထားကြောင်းနဲ့ ၎င်းတို့လှေကို လန်ကာဝီရှိ Teluk Ewa Jetty အရပ်သို့ဆွဲခေါ်လာဖို့ အမျိုးသားလုံခြုံရေးကောင်စီက ခွင့်ပြု ထားကြောင်း သိရပါတယ်။
crd- AKonThi
>>zawgyi<<
မလေးရှားသို့ ခိုးဝင်ဖို့ကြိုးစားတဲ့ ဘင်္ဂါလီ ၂၆၉ ဦးကို ကမ်းခြေစောင့်တပ် မလေးရှား ဖမ်းဆီး
Tuesday, June 9, 2020
စက်လှေတစ်စီးနဲ့ မလေးရှားနိုင်ငံအတွင်း ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ ဘင်္ဂါလီ ရွှေ့ပြောင်းဝင်ရောက်သူ ၂၆၉ ဦးအား တနင်္လာနေ့(ဇွန် ၈) က လန်ကာဝီကျွန်းကမ်းလွန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ယခုရက်မတိုင်မီကတည်းက သတင်းပေးချက်ရရှိထားတဲ့ မလေးရှား အာဏာပိုင်တွေဟာ တနင်္လာနေ့ အရုဏ်မတက်ခင် အချိန်လောက်က လန်ကာဝီ ကမ်းလွန်မှာ လှေတစ်စီးကို ကြားဖြတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကမ်းခြေစောင့်တပ် ရေယာဉ်ဟာ မသင်္ကာဖွယ်လှေကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတကာရေပြင်ဆီ မောင်းထုတ် ဖို့လုပ်ခဲ့ကြတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒါပေမဲ့ ကမ်းခြေစောင့်တပ် ချဉ်းကပ်လာချိန်မှာ လှေပေါ်က ဘင်္ဂါလီ ၅၃ ဦး ရေထဲခုန်ချထွက်ပြေးခဲ့ကြပြီး ၎င်းတို့အားလုံးကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
၎င်းတို့လှေကို စစ်ဆေးခဲ့ရာမှာတော့ နောက်ထပ် ဘင်္ဂါလီ ၂၁၆ ဦးနဲ့ အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြပါတယ်။ အသေးစိတ်စစ်ဆေးမှုတွေ လုပ်ရာမှာ ၎င်းတို့စီးလာတဲ့ လှေဟာ နောက်ကြောင်းပြန်လှည့်စေလို့မရအောင် ပျက်စီးနေပြီဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်က ပြောဆိုပါတယ်။
ယခုအခါ ဖမ်းဆီးထားသူ အားလုံးကို ယာယီနေရာချထားပေးပြီး ရေနဲ့ အစားအစာတွေ ပေးထားကြောင်းနဲ့ ၎င်းတို့လှေကို လန်ကာဝီရှိ Teluk Ewa Jetty အရပ်သို့ဆွဲခေါ်လာဖို့ အမျိုးသားလုံခြုံရေးကောင်စီက ခွင့်ပြု ထားကြောင်း သိရပါတယ်။
crd- AKonThi

0 comments:

Post a Comment