ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ကို မြဝတီနယ်စပ်ဝင်ပေါက် ဂိတ်အမှတ် (၂)ကနေတိုက်ရိုက်ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံပြန် စုစုပေါင်း(၈၈)ယောက်ရောက်ရှိပြီး သူတို့အားလုံးဟာ ကွာရန်တင်းမဝင်ရသေး သူတွေဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်ကပြောပါတယ်။
အဲဒီနေရပ်ပြန်တွေဟာ ဇွန်(၆)ရက်မှာ မြဝတီမြို့ကနေ စတင်ဝင်ရောက်လာပြီး ဇွန်(၇)ရက်မနက်ပိုင်းမှာ ပထမ အသုတ်အဖြစ် (၄၆)ယောက်၊ ညနေပိုင်းမှာ ဒုတိယ အသုတ်အဖြစ် (၄၂)ယောက် ဝင်ရောက်လာခဲ့တာပါ။ အဲဒီသူ တွေအားလုံးဟာ Quarantine မဝင်ရသေးသူတွေဖြစ်ပြီး ဟိုပုံးမြို့မှာ Quarantine မဝင်ရသေးတဲ့ သူတွေကို လက်ခံတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်းဆိုပါတယ်။
အခုပြန်လာတဲ့နေရပ်ပြန်အားလုံးကို နောင်တောင်းပရဟိတလူငယ်သင်တန်းကျောင်းက Quarantine Centerမှာ ထားရှိပြီး သူတို့ရဲ့ဓာတ်ခွဲနမူနာတွေကို ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနဆီ ပေးပို့စစ်ဆေးသွား မယ်လို့ ဟိုပုံးမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း ကပြောပါတယ်။ ဓာတ်ခွဲအဖြေအရ positive ထွက်သူပါခဲ့ရင် စဝ်စံထွန်းပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသပေးသွားမယ်လို့ ဆိုပါတယ်။ Negative အဖြေထွက်သူတွေကိုတော့ သက်ဆိုင်ရာမြို့နယ်အလိုက် ပြန်ပို့ပေးပြီး Facility Quarantine နဲ့ Home Quarantine (၂၈)ရက်ပြည့်အောင် စောင့်ကြည့်သွားမယ်လို့ ဒေါက်တာ မောင်မောင်သိန်း ကပြောပါတယ်။

crd-One News Myanmar #Myanmar_Online_News
>>zawgyi<<
ထိုင်းနိုင်ငံပြန် စုစုပေါင်း(၈၈)ဦး ဟိုပုံးမြို့ကိုရောက်ရှိ
Sunday, June 7, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ကို မြဝတီ နယ်စပ်ဝင်ပေါက် ဂိတ်အမှတ် (၂)ကနေတိုက်ရိုက်ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံပြန် စုစုပေါင်း(၈၈)ယောက်ရောက်ရှိပြီး သူတို့အားလုံးဟာ ကွာရန်တင်းမဝင်ရသေး သူတွေဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်ကပြောပါတယ်။
အဲဒီနေရပ်ပြန်တွေဟာ ဇွန်(၆)ရက်မှာ မြဝတီမြို့ကနေ စတင်ဝင်ရောက်လာပြီး ဇွန်(၇)ရက်မနက်ပိုင်းမှာ ပထမ အသုတ်အဖြစ် (၄၆)ယောက်၊ ညနေပိုင်းမှာ ဒုတိယ အသုတ်အဖြစ် (၄၂)ယောက် ဝင်ရောက်လာခဲ့တာပါ။ အဲဒီသူ တွေအားလုံးဟာ Quarantine မဝင်ရသေးသူတွေဖြစ်ပြီး ဟိုပုံးမြို့မှာ Quarantine မဝင်ရသေးတဲ့ သူတွေကို လက်ခံတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်းဆိုပါတယ်။
အခုပြန်လာတဲ့နေရပ်ပြန်အားလုံးကို နောင်တောင်းပရဟိတလူငယ်သင်တန်းကျောင်းက Quarantine Centerမှာ ထားရှိပြီး သူတို့ရဲ့ဓာတ်ခွဲနမူနာတွေကို ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနဆီ ပေးပို့စစ်ဆေးသွား မယ်လို့ ဟိုပုံးမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း ကပြောပါတယ်။ ဓာတ်ခွဲအဖြေအရ positive ထွက်သူပါခဲ့ရင် စဝ်စံထွန်းပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသပေးသွားမယ်လို့ ဆိုပါတယ်။ Negative အဖြေထွက်သူတွေကိုတော့ သက်ဆိုင်ရာမြို့နယ်အလိုက် ပြန်ပို့ပေးပြီး Facility Quarantine နဲ့ Home Quarantine (၂၈)ရက်ပြည့်အောင် စောင့်ကြည့်သွားမယ်လို့ ဒေါက်တာ မောင်မောင်သိန်း ကပြောပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:
Post a Comment