ပဲခူးတိုင်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာအုပ်စု မှော်အင်းရဲကင်းက ဒုရဲအုပ်တဦး ဇွန် ၆ ရက်နေ့ညက ဓားထိုးခံရတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ကုသထားရတယ်လို့ မြို့နယ်ရဲစခန်းက ပြောပါတယ်။
ကြို့ပင်စခန်းကျေးရွာက ဦးတင်စိုး ကြက်ခြံမှာ ဆိုင်ကယ်မီးထိုးခဲ့မိတာနဲ့ပက်သက်ပြီး ခိုက်ရန်ဖြစ်ပွားတာမှုအား ဒုရဲအုပ်နိုင်ဝင်းက ရန်မဖြစ်ဖို့ ပြောဆိုတားမြစ်တာကို ဇော်ထက်ပိုင်က အသင့်ပါလာတဲ့ ဓားနဲ့ ထိုးပြီး မောင်မောင်၊ ဇော်ထက်ပိုင်၊ စိုးမင်းထွန်း(ခ) ဆံရှည်နဲ့ ဖြိုးသက်ခိုင်(ခ)ဖြိုးလေး၊ ခိုင်ကျော်ကျော်(ခ)ချစ်ချစ် တို့က ဝိုင်းဝန်းထိုးကြိတ်၊ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြတာလို့ လက်ပံတန်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒုရဲအုပ်နိုင်ဝင်းမှာ ယာဘက်ကုပ်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံမှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကြောင့် လက်ပံတန်းဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
ခိုင်ကျော်ကျော် (ခ) ချစ်ချစ် နဲ့ စိုးမင်းထွန်း(ခ) ဆံရှည်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မောင်မောင်၊ ဇော်သက်ပိုင်၊ ဖြိုးသက်ခိုင်(ခ)ဖြိုးလေး တို့ကို ဖမ်းဆီးရမိဖို့ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။
crd-DVB #Myanmar_Online_News
>>zawgyi<<
ခိုက်ရန်ဖြစ်ပွားမှုကို သွားရောက်ဖြေရှင်းပေးသည့် ဒုရဲအုပ် ၁ ဦး ဓားထိုးခံရပြီး ဆေးရုံးတင်ထားရ
Sunday, June 7, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာအုပ်စု မှော်အင်းရဲကင်းက ဒုရဲအုပ်တဦး ဇွန် ၆ ရက်နေ့ညက ဓားထိုးခံရတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ကုသထားရတယ်လို့ မြို့နယ်ရဲစခန်းက ပြောပါတယ်။
ကြို့ပင်စခန်းကျေးရွာက ဦးတင်စိုး ကြက်ခြံမှာ ဆိုင်ကယ်မီးထိုးခဲ့မိတာနဲ့ပက်သက်ပြီး ခိုက်ရန်ဖြစ်ပွားတာမှုအား ဒုရဲအုပ်နိုင်ဝင်းက ရန်မဖြစ်ဖို့ ပြောဆိုတားမြစ်တာကို ဇော်ထက်ပိုင်က အသင့်ပါလာတဲ့ ဓားနဲ့ ထိုးပြီး မောင်မောင်၊ ဇော်ထက်ပိုင်၊ စိုးမင်းထွန်း(ခ) ဆံရှည်နဲ့ ဖြိုးသက်ခိုင်(ခ)ဖြိုးလေး၊ ခိုင်ကျော်ကျော်(ခ)ချစ်ချစ် တို့က ဝိုင်းဝန်းထိုးကြိတ်၊ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြတာလို့ လက်ပံတန်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒုရဲအုပ်နိုင်ဝင်းမှာ ယာဘက်ကုပ်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံမှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကြောင့် လက်ပံတန်းဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
ခိုင်ကျော်ကျော် (ခ) ချစ်ချစ် နဲ့ စိုးမင်းထွန်း(ခ) ဆံရှည်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မောင်မောင်၊ ဇော်သက်ပိုင်၊ ဖြိုးသက်ခိုင်(ခ)ဖြိုးလေး တို့ကို ဖမ်းဆီးရမိဖို့ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။
crd-DVB #Myanmar_Online_News

0 comments:
Post a Comment