
ဘူရွန်ဒီသမ္မတ ပီယာရီကူရွန်ဇီဇာသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကွယ်လွန်ခဲ့ရာ အဆိုပါကပ်ရောဂါကြောင့် သေဆုံးသည့် ကမ္ဘာ့ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်လာဖွယ်ရှိကြောင်း သတင်းတစ်ပုဒ်အရ သိရသည်။
အသက် ၅၅ နှစ်အရွယ် သမ္မတ ကူရွန်ဇီဇာ သည် နှလုံးဖောက်ပြန်မှုကြောင့် သေဆုံးခဲ့သည် ဟု ဘူရွန်ဒီအစိုးရက ဇွန် ၉ ရက်တွင် ကြေညာခဲ့ သော်လည်း သေဆုံးမှုမှာ ကိုဗစ်-၁၉ ရောဂါ ကြောင့်ဖြစ်ကြောင်း အတိုက်အခံသတင်း ရပ်ကွက်များက ပြောသည်။ ဖျားနာမှုခံစားခဲ့ ရသည့် သမ္မတကူရွန်ဇီဇာကို ကာရူဇီမြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ဘူရွန်ဒီနိုင်ငံရှိ အနည်းငယ်သော အသက်ရှူ အထောက်အကူပြုကိရိယာများက နေမကောင်း ဖြစ်နေသော ကူရွန်ဇီဇာ၏အသက်ကို မကယ် တင်နိုင်ခဲ့ပေ။
“ဆေးရုံရောက်လာတာ တော်တော်ကို နောက်ကျနေပါပြီ။ သူ့အခြေအနေက ချက်ချင်း ကို ဆိုးရွားသွားခဲ့ပါတယ်” ဟု သတင်းတစ်ရပ် က ဖော်ပြထားသည်။ ကူရွန်ဇီဇာ၏ ဇနီးသည် ဒင်းနစ်ဘူကူမီအား ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဆေးကုသ ပေးခဲ့ကြောင်း ကင်ညာတာဝန်ရှိသူများကို ကိုးကား၍ မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။ ဘူရွန်ဒီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ ၈၃ဦးနှင့် သေဆုံးသူ တစ်ဦးသာရှိကြောင်း သိရသည်။ ဘူရွန်ဒီအစိုးရက သမ္မတ ကူရွန်ဇီဇာ မမျှော်လင့်ဘဲ သေဆုံးမှုအတွက် များစွာဝမ်းနည်း မှုကြောင့် အဆိုပါသတင်း မကြေညာမီ အမှန် တကယ် သေဆုံးခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ရန် တစ်ရက်ကြာစောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော မေလအတွင်း ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတ အဖြစ် ရွေးကောက်ခံရသူ အီဗာရက်စတီ ဒါယီရှီမီဘေး ကျမ်းသစ္စာမကျိန်ဆိုမီ သီတင်း ပတ်အနည်းငယ်အလိုတွင် ကူရွန်ဇီဇာ သေဆုံး ခဲ့ခြင်းဖြစ်သည်။
Source - MRTV






0 comments:
Post a Comment