Sunday, June 7, 2020

ရုရှားတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူဖြင့်စမ်းသပ်မည်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးကို လူတွေနဲ့ စမ်းသပ်ဖို့ ပြင်ဆင်နေပြီလို့ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ပြထားပါတယ်။
ဝန်ကြီးဌာန ဝန်ထမ်းတွေထဲက စေတနာ့ဝန်ထမ်းအယောက် ငါးဆယ်လောက်ကို ရွေးထားပြီး သူတို့ကို မော်စကို ဒေသထဲက ဆေးဘက်ဆိုင်ရာဌာနဆီ ပို့ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။ စေတနာ့ဝန်ထမ်းတွေကို ရောဂါခြေချုပ်နဲ့ ၁၄ ရက်ထားပြီး စမ်းသပ်ချက် မစခင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မခံရတာ သေချာအောင် စီစဉ်ထားပါတယ်။
ကာကွယ်ဆေးကိုတော့ ရုရှားကူးစက်ရောဂါဗေဒနဲ့ အနုဇီဝဗေဒသုတေသနဌာနက တီထွင် ဖန်တီးထားပြီးနွေရာသီအကုန်ပိုင်းမှာ ကာကွယ်ဆေးကို အကြီးအကျယ် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထား တယ်လို့ ဌာနအကြီးအကဲက “Russia 1” ရုပ်သံလွှင့် သတင်းဌာနကို ပြောပါတယ်။
ရုရှားမှာ ဇွန်လ ၇ ရက် မွန်းတည့်ချိန်ထိ အတည်ပြုချက်အရ ကူးစက်ခံ ၄ သိန်း ၆ သောင်း ၇ ထောင် ကျော်ရှိပြီး ကူးစက်ခံ ၆ ထောင်နီးပါး သေဆုံးခဲ့တယ်လို့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။
>>zawgyi<<

0 comments:

Post a Comment