Monday, June 8, 2020

ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁) ဦးထပ်မံတွေ့ရှိခဲ့သော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ နံနက် (၈:၀၀)နာရီအချိန် သတင်းထုတ်ပြန်ခြင်း

၁။ (၇-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုမျးပြုလုပ်ရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၅၆၃)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ (၂၅၅)ခု နှင့်
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၇၉)ခု၊ စုစုပေါင်း (၈၉၇) စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။
၂။ (၈-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၄၃) ဦးရှိပါသည်။
၃။ (၇-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်)ဓာတ်ခွဲနမူနာ (၁,၁၂၃)ခု၊
• ဆေးသုတေသနဉီးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၆၅)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၂၈၃)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL-MLM)မှ ဓာတ်ခွဲနမူနာ (၂၅၅)ခု နှင့်
• ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ (၁၇၁)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၀၉၇)ခုအား စစ်ဆေးခဲ့ပါသည်။
Source : Ministry_of_Health_and_Sports_Myanmar #Myanmar_Online_News

0 comments:

Post a Comment