Wednesday, June 3, 2020

မန္တလေးတောင်ကို တက်ရောက်ခွင့် ရက်အကန့်အသတ်မရှိ ပိတ်

မန္တလေးတောင်ကို တက်ရောက်ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း မန္တလေးတောင်တော် သြဝါဒစရိယ ဆရာတော်များနှင့် ဂေါပကအဖွဲ့က ကြေညာထားသည်။
မန္တလေးတောင်တော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိတ်ထားခဲ့ရာမှ အားကစားလုပ်သူများ၊ တောင်တက်သူ၊ လမ်းလျှောက်သူ၊ စက်ဘီးစီးကြသူများကြောင့် ထပ်မံကြေညာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မန္တလေးမြို့ရှိ နာမည်ကြီးဘုရားများကို ဘုရားဖူးများဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မတ်လအကုန်ပိုင်းက စတင်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဇွန်လ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြေညာစာတွင်လည်း ဘုရားများ၊ ချက်ကျောင်းများ၊ ဗလီ/နေအိမ်များတွင် စုဝေးဝတ်ပြုခြင်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲများ၊ လူထုအပန်းဖြေနေရာများကို ဆက်လက်ပိတ်ထားရမည်ဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
Crd : Myanmar Digital News #Myanmar_Online_News

0 comments:

Post a Comment