Wednesday, June 3, 2020

လက်ရှိ မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၂၃၃) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၈ သိန်းကျော်ရှိလာ ပြီဖြစ်ကာ ရောဂါကူးစက်ခံရသူ ၆.၄သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဇွန်လ ၃ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၃၈၁,၇၀၆) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၆,၄၇၃,၂၁၆) ဦး ကူးစက်ခံထားရကြောင်း သိရသည်။
မြန်မာနိင်ငံတွင် (၂၃-၃-၂၀၂၀)ရက်နေ့မှ (၃-၆-၂၀၂၀)ရက်နေ့၊ နံနက် (၇:၃၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၃၃)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၄၃)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment