ကိုဗစ်ကာလတွင် ကိုယ်ပိုင်ကျောင်းနှင့် ကျူရှင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်ပါက အရေးယူခံရနိုင်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
“ တကယ်တမ်းစိုးရိမ်တာက ငွေရေးကြေးရေး ပိုက်ဆံယူပြီး သင်တဲ့ ကိုယ်ပိုင်ကျောင်းတွေ ဘာသာရပ်သင် ကျူရှင်တွေဟာ ပညာရေးဝန်ကြီးဌာနကခွင့်မပြုဘဲ ဖွင့်ထားတာရယ်၊ လိုက်နာရမဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို မလိုက်နာဘူးဆိုရင်တော့ အရေးယူခံရနိုင်တယ်။ ဆရာတို့ကတော့ အရေးယူမှာ မဟုတ်ဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ မြို့နယ်ကိုဗစ် ကာကွယ်ရေး ကော်မတီတွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးလိုက်လို့် အဲ့ဒီဘာသာရပ်သင်ကျူရှင်တွေ ကိုယ်ပိုင်ကျောင်းတွေဟာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီရင် အရေးယူခံရနိုင်ပါတယ်" ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။
အခြေခံပညာကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် အထက်တန်းအဆင့်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပုဂ္ဂလိက၊ကိုယ်ပိုင်ကျောင်းနှင့် ကျူရှင်များလည်း အစိုးရကျောင်းများနှင့် တန်းတူဖွင့်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကဆိုသည်။
ကျောင်းသားအရေအတွက်၊ ဆရာ/ဆရာမ အရေအတွက် စာသင်ခန်း၊စာသင်ခုံ အရေအတွက် ပေါ်မူတည်ပြီး ပုံမှန်အတိုင်း ကျောင်းတက်ရမည့်ပုံစံ၊ တစ်ပတ်တက်တစ်ပတ်နားပုံစံ၊ တစ်ပတ်ခြား နှစ်သုတ်တက်ပုံစံနှင့် တစ်ပတ်သုံးရက်တက် သုံးရက်နားပုံစံ ဟူ၍ ပုံစံလေးမျိုးဖြင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။
crd-စံတော်ချိန် #Myanmar_Online_News
>>zawgyi<<
သတ်မှတ်ထားသော ကျန်းမာရေးစည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်သည့် ကိုယ်ပိုင်ကျောင်းနှင့် ကျူရှင်များ အရေးယူခံရနိုင်ဟုဆို
Sunday, June 7, 2020
ကိုဗစ်ကာလတွင် ကိုယ်ပိုင်ကျောင်းနှင့် ကျူရှင်များကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်ပါက အရေးယူခံရနိုင်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
“ တကယ်တမ်းစိုးရိမ်တာက ငွေရေးကြေးရေး ပိုက်ဆံယူပြီး သင်တဲ့ ကိုယ်ပိုင်ကျောင်းတွေ ဘာသာရပ်သင် ကျူရှင်တွေဟာ ပညာရေးဝန်ကြီးဌာနကခွင့်မပြုဘဲ ဖွင့်ထားတာရယ်၊ လိုက်နာရမဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို မလိုက်နာဘူးဆိုရင်တော့ အရေးယူခံရနိုင်တယ်။ ဆရာတို့ကတော့ အရေးယူမှာ မဟုတ်ဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ မြို့နယ်ကိုဗစ် ကာကွယ်ရေး ကော်မတီတွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးလိုက်လို့် အဲ့ဒီဘာသာရပ်သင်ကျူရှင်တွေ ကိုယ်ပိုင်ကျောင်းတွေဟာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီရင် အရေးယူခံရနိုင်ပါတယ်" ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။
အခြေခံပညာကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် အထက်တန်းအဆင့်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပုဂ္ဂလိက၊ကိုယ်ပိုင်ကျောင်းနှင့် ကျူရှင်များလည်း အစိုးရကျောင်းများနှင့် တန်းတူဖွင့်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကဆိုသည်။
ကျောင်းသားအရေအတွက်၊ ဆရာ/ဆရာမ အရေအတွက် စာသင်ခန်း၊စာသင်ခုံ အရေအတွက် ပေါ်မူတည်ပြီး ပုံမှန်အတိုင်း ကျောင်းတက်ရမည့်ပုံစံ၊ တစ်ပတ်တက်တစ်ပတ်နားပုံစံ၊ တစ်ပတ်ခြား နှစ်သုတ်တက်ပုံစံနှင့် တစ်ပတ်သုံးရက်တက် သုံးရက်နားပုံစံ ဟူ၍ ပုံစံလေးမျိုးဖြင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။
crd-စံတော်ချိန် #Myanmar_Online_News

0 comments:
Post a Comment