Friday, June 12, 2020

မလေးရှားရေပိုင်နက်ထဲ နောက်ထပ်ဘင်္ဂါလီလှေတစ်စင်း ထပ်ဝင်လာ

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဆို)ရာဂဏန်းလောက်ပါလာတဲ့လှေတစ်စင်း မလေးရှားနိုင်ငံကို အခုတစ်ပတ်မှာ ထပ်ပြီးကမ်းကပ်လာပေမဲ့ ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် ရွှေ့ပြောင်းအခြေချသူတွေဝင်လာမှုကို တားဆီးဖို့ စောင့်နေတဲ့ကင်းလှည့်ရေယာဉ်တွေကြောင့် နောက်ပြန်လှည့်သွားတယ်လို့ အရာရှိတစ်ယောက်က ကြာသပတေးနေ့မှာပြောပါတယ်။
အဲဒီလှေဟာ ပင်လယ်ထဲမှာ ၃ လ ၄ လ လောက်ကြာအောင်ရှိနေနိုင်ပြီး တနင်္လာနေ့ကလက်မလျှော့ခင်အထိ မလေးရှားရေပိုင်နက်ထဲအကြိမ်ပေါင်းများစွာဝင်ဖို့လုပ်ခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲ ဇူဘီးမတ်ဆွမ်ကပြောပါတယ်။
မလေးရှားနိုင်ငံဟာ ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ရည်မှန်းချက်နေရာဖြစ်ပြီး နှစ်စဉ်လူထောင်ချီပင်လယ်ဖြတ်ပြီး သွားရောက်လေ့ရှိပါတယ်။
အခုလှေပေါ်မှာ ဘင်္ဂါလီ ၃၀၀ လောက်ပါလာတယ်လို့လည်း ပြောပါတယ်။ သူတို့ဟာ တနင်္လာနေ့က သင်္ဘော ပျက်တော့မယ့်အခြေအနေကြောင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ မလေးရှားအာဏာပိုင်တွေကယ်ဆယ်ခဲ့တဲ့ ဘင်္ဂါလီ ၂၆၉ ယောက်နဲ့တစ်ဖွဲ့တည်းဖြစ်ပါတယ်။
သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေထွက်လာချိန်မှာ သင်္ဘောတစ်စီးတည်းပေမဲ့ နောက်ပိုင်းမှာ နှစ်ဖွဲ့ခွဲသွား တယ်လို့ အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။
နောက်ဆုံးရောက်လာတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်ပြန်ပို့ဖို့ မလေးရှားက ကတိပြုထားပြီး ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံဘူးလို့ ပြတ်ပြတ်သားသားပြောထားပါတယ်။
Ref ; People Media

0 comments:

Post a Comment