
တရုတ်နိုင်ငံသည် နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ သမုဒ္ဒရာစောင့်ကြည့်လေ့လာရေးဂြိုဟ်တုသစ်တစ်ခုကို ဇွန် ၁၁ ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်က ဖော်ပြထားသည်။
အဆိုပါသမုဒ္ဒရာစောင့်ကြည့်လေ့လာရေးဂြိုဟ်တုသစ် HY-1D ကို တာဝေးပစ်ဒုံးကျည် ထိပ်ဖူးတပ် March-2C ဖြင့် ဇွန် ၁၁ ရက် ပေကျင်းစံတော်ချိန် နံနက် ၂ နာရီ ၃၁ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာန(စီအင်န်အက်စ်အေ)က ပြောကြားခဲ့သည်။
ယခုလွှတ်တင်ခဲ့သည့် ဂြိုဟ်တုသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက လွှတ်တင်ခဲ့သော တရုတ်နိုင်ငံ၏ ပထမဆုံးသောဂြိုဟ်တုဖြစ်သည့် HY-1C နှင့်အတူ အဏ္ဏဝါဗေဒစောင့်ကြည့်လေ့လာမှုများကို အတူတကွလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် လက်ရှိဆောင်ရွက်နေသည့် သမုဒ္ဒရာစောင့်ကြည့်လေ့လာရေးဆိုင်ရာ အချက် အလက်များကို နှစ်ဆအထိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာနနှင့် တရုတ်နိုင်ငံ သဘာဝသယံဇာတဝန်ကြီးဌာနတို့က ပြောကြားသည်။
ယင်းဂြိုဟ်တုနှစ်လုံးက သမုဒ္ဒရာ၏အရောင်၊ ကမ်းရိုးတန်းဆိုင်ရာ အရင်းအမြစ်များနှင့် ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကို စောင့်ကြည့်လေ့လာခြင်းနှင့် မိုးလေဝသခန့်မှန်းချက်၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းကို တိုးတက်မှုရှိစေမည်ဟုလည်း မျှော်လင့်ထားသည်။
တရုတ်နိုင်ငံ၏ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်သည့် သမုဒ္ဒရာစောင့်ကြည့်လေ့လာရေးဆိုင်ရာ လေးခုမြောက်ဂြိုဟ်တုဖြစ်သည့် HY-1D သည် အာကာသဒုံးယာဉ်၊ ဂြိုဟ်တု တို့တွင်ပါရှိသော ပစ္စည်းငါးမျိုးအထိ သယ်ဆောင်နိုင်စွမ်းရှိပြီး HY-1C ဂြိုဟ်တုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိကြောင်းနှင့် ဂြိုဟ်တုတွင်ပါရှိသည့် ပုံရိပ်ဖမ်းစက်သည် နေ့စဉ် ၁ ဒသမ ၁ ကီလိုမီတာ အကွာအဝေးအတွင်းရှိ သမုဒ္ဒရာအရောင်ကို စောင့်ကြည့်လေ့ လာနိုင်ကာ ပင်လယ်ရေမျက်နှာပြင်အပူချိန်ကိုလည်း တိုင်းတာနိုင်စွမ်းရှိကြောင်း သိရသည်။
အဆိုပါ ပုံရိပ်ဖမ်းစက်သည် မီတာ ၅၀ အတွင်းရှိ ကမ်းရိုးတန်းဆိုင်ရာ ရေအရင်းအမြစ်များ၊ ကမ်းရိုးတန်းဇုန်နှင့် မြစ်များ၊ ကန်များ၏ ဂေဟဗေဒဆိုင်ရာ အချက်အလက်တို့ကို သုံးရက်လျှင် တစ်ကြိမ် ဖမ်းယူနိုင်စွမ်းရှိပြီး ရရှိလာသည့်အချက်အလက်များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်သုံးသပ်ချက်များအတွက် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
Ref ; Xinhua / MDN






0 comments:
Post a Comment