Thursday, June 11, 2020

ဇွန်လ ၁၅ ရက်နေ့တွင် မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ အထူးအစီအစဉ်ဖြင့် နေရပ်ပြန်ခွင့်ရသူ အမည်စာရင်း ကြေညာခြင်း

မြန်မာသံရုံးနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းစီစဉ်မှုဖြင့် ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်၊ ဗန်ကောက်ခရိုင်၊ မေဟောင်ဆောင်ခရိုင်၊ ဆုန်ခလာခရိုင်၊ ဖရာယ့်ပြည်နယ် အတွင်းမှ နေရပ်ပြန်လိုကြောင်း အမည်စာရင်းတင်ပြထားသူများအနက် အထူးအစီအစဉ်ဖြင့် မယ်ဆိုင်- တာချီလိတ် နယ်စပ်ဂိတ်ကို ဖြတ်သန်းသွားလာခွင့်ရသူ အမည်စာရင်းကို နေ့စွဲအလိုက်ပူးတွဲ အသိပေး ကြေညာအပ်ပါသည်။
အလုပ်သမားများအားလုံးသည် ခရီးသွားလာရန်အတွက် ထောက်ခံစာထုတ်ယူရန် လိုအပ်ပြီး
(၁) ချင်းမိုင်ခရိုင်အတွင်းမှ အလုပ်သမားများသည် ချင်းမိုင်မြို့၊ ကောင်စစ်ဝန်ရုံးသို့ ခရီးသွားရန်နှင့် နယ်စပ်ဖြတ်သန်းသွားလာရန် ထောက်ခံစာများ ကို ၁၄-၆-၂၀၂၀ ရက်နေ့ နေ့လည် ၁၁:၀၀ နာရီအချိန်တွင် (အခမဲ့) လာရောက်ထုတ်ယူနိုင်ပါသည်-
The Consulate-General of the Republic of the Union of Myanmar
94 Maneenopparat Soi 3, Tambon Chang Phueak, Mueang Chiang Mai District, Chiang Mai 50200
052 004 211
(မြေပုံ)>>>>>>https://goo.gl/maps/YT3GnoD1y21vQTjZ7
(၂) ချင်းမိုင်ခရိုင်ပြင်ပမှ အလုပ်သမားများသည် ထောက်ခံစာရရှိရန် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ရန်နှင့် မယ်ဆိုင်- တာချီလိတ် တံတားထိပ်သို့ ၁၅-၆-၂၀၂၀ ရက်နေ့ မနက် ၀၉:၃၀ ထက်နောက် မကျဘဲ မိမိအစီအစဉ်ဖြင့် လာရောက်ရမည်ဖြစ်ပြီး နောက်ကျရောက်ရှိပါက မိမိတာဝန်သာဖြစ်မည် ဖြစ်သည်။
(၃) ထောက်ခံစာမထုတ်ယူနိုင်သူများအနေဖြင့် အလုပ်သမားသံအရာရှိရုံး၊ ချင်းမိုင်မြို့သို့ အချိန်မီတင်ပြရမည်ဖြစ်ပါသည်။
(၄) ခရီးသွာလာမည့် ရွှေ့ပြောင်းအလုပ်သမားများသည် မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်သို့ မိမိအစီအစဉ်ဖြင့် သတ်မှတ်ရက်အတွင်း အချိန်မီရောက်ရှိနိုင်ရေး အသိပေးနှိုးဆော် ကြေငြာအပ်ပါသည်။
အလုပ်သမားသံအရာရှိရုံး
ချင်းမိုင်မြို့
ဖုန်း ၀၉၉၀၅၉၂၃၅၂
ရက်စွဲ၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်

0 comments:

Post a Comment