Wednesday, June 3, 2020

နိုင်ငံရေးပါတီများ အသိအမှတ်ပြုခြင်းမခံရသည် ရခိုင်ပြည်နယ်၏ ရဲကင်းစခန်းများ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် သဇင်မြိုင်ရဲကင်းစခန်း ကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက် ပြီးနောက် ရဲကင်းစခန်း ကျဆုံးခဲ့သလို တာဝန်ကျရဲဝန်ထမ်းများလည်း ကျဆုံးခဲ့ရပြီး ၎င်းတို့၏ မိသားစုဝင် ကလေးငယ်များကို AA က ဖမ်းဆီးခဲ့ပါတယ်။ သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရမှု၌ ရဲအုပ်မိုးဇော်အပါအဝင် တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရသလို ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
AA အဖွဲ့ကတော့ ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အချို့၏ အမျိုးသမီးနှင့် ကလေးငယ်များကို ပြန်လွှတ်ပေးခဲ့ပါတယ်။ AA အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ ရဲကင်းတွေ ကို တိုက်ခိုက်နေတာ အကြိမ်ရေ အတော်များနေပါပြီ။ ဒီနေရာမှာ မေးခွန်းထုတ်ရမှာက ဘာကြောင့် ဒီလိုရဲ့ ကင်းတွေကို လုံခြုံရေး ဝန်ထမ်းအင်အား လုံခြံုရေးအင်အား ဘာကြောင့် အဆင့်မမြှင့်တာလည်းဆိုတာ အစိုးရ တာဝန်ရှိသူတွေကို မေခွန်းထုတ်ရမှာ။ ဒီလို ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတာ တာဝန်ထမ်းဆောင်စဉ် လုံခြံု ရေး ယာဉ်တန်းတွေ၊ ရဲတပ်ဖွဲ့တွေကို ARSA၊ AA အဖွဲ့တွေက မကြာခဏ မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတွေ မကြာခဏလုပ်နေတာ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ သိကြမှာပါ။
ဒီနေရာမှာ ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ AA ရဲ့ မြေပေါ်မြေအောင် ဆဲလ်တွေက ဘယ်လောက်တည်ဆောက် ထားတယ်ဆိုတာ နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ မှန်မှန်ကန်ကန် သုံးသပ်သင့်သလို လိုအပ် ချက်တွေကို ချက်ခြင်းဖြည့်ပေးဖို့ လိုပါတယ်။ လိုအပ်ချက်တွေကို သိရက်နဲ့ မဖြည့်ခဲ့ရင် တာဝန်ကျရဲဝန်ထမ်း တွေရဲ့ဘဝက အချိန်မရွေး အပြောင်းအလဲ ရှိနေပါတယ်။ ဒီနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေမှန်ကို ဆောင်ရွက်ပေးဖို့နဲ့ မှန်ကန်စွာ သုံးသပ်ပေးဖို့က သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့အပြင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက အရေးကြီးဆုံးနေရာမှာ ရှိပါတယ်။
ဘာကြောင့်ဆိုရရင် နိုင်ငံရေးပါတီတွေက လွှတ်တော်တွင်း လွှတ်တော်ပြင်ပကနေ နိုင်ငံတော်ကို တိုက်ရိုက် တောင်းဆိုခွင့်ရှိလို့ပါ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာမည့် အစိုးရအဖွဲ့အစည်းပါ။ နိုင်ငံရေးပါတီတွေကလည်း ရခိုင်ပြည်နယ်မှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ အပေါ်သုံးသပ်ပြီး ထုတ်ပြန်ခြင်း အစိုးရကို တောင်ဆိုခြင်းများ ယခင်က ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်း သဇင်မြိုင်ရဲကင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒီနေရာမှ နိုင်ငံရေးပါတီတွေက AA တိုက်ခိုက်လို့ ကျဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အသိအမှတ်မပြုခဲ့တာ အထင်အရှားပါ။ သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရမှှုဖြစ်စဉ်မှာ ဘယ်နိုင်ငံရေးပါတီမှ ဝမ်းနည်းကြောင်း၊ ကျဆုံးရဲတပ်ဖွဲ့ဝင် များနဲ့ ထပ်တူရှိကြောင်း သူတို့ရဲ့ ဘဝတွေကို စာနာကြောင်း ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ(၁၀၀)ကျော်ခန့်ရှိနေသော်လည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဘဝနဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပေးနိုင်တဲ့ပါတီ ဘာကြောင့်နည်းနေလည်းဆိုတာ နိုင်ငံရေးပါတီတွေကို မေးခွန်းထုတ်ရလို ဖြစ်နေတယ်လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။ ရခိုင်ပြည်နယ်၌ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက “ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေ အချိန်မရွေးလာကြည့်ပါ။ အဆောက်အဦးတွေက ကွန် ကရစ်နဲ့ ဆောက်ထားတဲ့ စခန်းနည်းသလို ရဲအင်အား၊ ဝန်ထမ်းအင်အား၊ လက်နက်အင်အားတွေက အချိန်မရွေး ကျ ရောက်လာနိုင်တဲ့ AA ရဲ့ တိုက်ခိုက်မှုတွေကို အပြန်အလှန် ခုခံနိုင်ဖို့ ခဲယဉ်းပါတယ်”လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ် နောက်ပိုင်းကာလမှာ AA အဖွဲ့က ၂၀၀၉ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောက်တောင် ရဲကင်းစခန်း ၄ ခုအားလည်းကောင်း၊ မတ် ၉ ရက်တွင် ပုဏ္ဏား ကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းအားလည်းကောင်း ဧပြီ ၁၀ ရက်တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ် အားလည်းကောင်း၊ ဇူလိုင် ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းအား လည်းကောင်း အသီးသီးတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့ နှင့် မိသားစုဝင်အချို့(ကလေးများအပါအဝင်)ဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးရဲတပ်ဖွဲ့တွေက သတင်းထုတ်ပြန် ထားပါတယ်။
အချုပ်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ဝန်ထမ်းအင်အား၊ လုံခြုံရေးအင်အားကို အဆင့်မြှင့်ခြင်းမရှိဘူး။ လိုအပ်ချက်အရ ရှိမြဲအတိုင်း၊ နေမြဲအတိုင်းကို ဆက်လက်ထားမယ်ဆိုရင် သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက အဲ့ဒီမှာ တာဝန်ကျရဲတပ်ဖွဲ့တွေရဲ့ လုံခြံုရေးကို ဘယ်လို အာမခံမှာလည်းဆိုတာ မေး ခွန်း ထုတ်စရာပါ။ နိုင်ငံရေးပါတီတိုင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခံစားခွင့်၊ ရဲတပ်ဖွဲ့ဝင်တွေအပေါ် ရှိနေတဲ့ တည်ဆဲဥပဒေ တွေ လိုအပ်တာတွေကို လွှတ်တော်တွင်း လွှတ်တော်ပြင်ပကနေ စာနာကူညီဆောက်ရွက်ပေးကြဖို့ လိုအပ်နေပါပြီ။
Ref ; People Media

0 comments:

Post a Comment