
Facebook ကုမ္ပဏီမှ လက်ရှိတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြမှုများသို့ လက်နက်များသယ်ဆောင်လာရေးကို အချို့မှထောက်ခံအားပေးခဲ့ကြပြီးနောက်တွင် အဖြူရောင်အမျိူးသားရေးအဖွဲ့များနှင့် ဆက်စပ်မှုရှိနေသည့် အကောင့်များအား ဇွန် လ၂ ရက်နေ့တွင် ဆိုင်းငံ့လိုက်ပါသည်။
ကုမ္ပဏီရှိသူများမှ anti – fascist လှုပ်ရှားမှုများကို ဂုဏ်သိက္ခာရှိစေရန်အတွက် antifa နှင့်ပတ်သက်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုထားသော အကောင့်များကို ဖယ်ရှား ပစ်ခဲ့ကြောင်း ၎င်းတို့မှပြောကြားခဲ့ကြပါသည်။
Antifa ကို ထောက်ခံသူများအနေဖြင့် ပြည်သူများအပေါ် အာဏာပိုင်များနှင့် စေတနာ့ဝန်ထမ်းများ၏ တိုက် ခိုက်မှုများမှ ကာကွယ်ရန် အဓိကထားသော်လည်း သမ္မတ Trump သည် ၎င်းတို့အား သက်သေတစ်စုံတစ် ရာမရှိဘဲ anti-police အကြမ်ဖက်မှု လှုံ့ဆော်သူများဟု သပုတ်လေလွင့်ပြောဆိုခြင်းကို ခံနေရကြောင်းပြောခဲ့ ကြပါသည်။
ဖျက်သိမ်းလိုက်သည့် အချို့သော အဖြူရောင်အမျိုးသားရေးအကောင့်များသည် ယခင်က Facebook မှ အန္တာရာယ်ရှိသော အုပ်စုတစ်ခုအဖြစ် သတ်မှတ်ထားသော Proud Boys အဖွဲ့နှင့် ဆက်စပ်မှုရှိနေခဲ့ပါ သည်။ အခြားတစ်ဖက်တွင် American Guard ဟုခေါ်သောအဖွဲ့နှင့် ဆက်သွယ်မှုရှိနေပါသည်။
Facebook ၏ အလုပ်အမှုဆောင်မှ ၎င်းတို့အနေဖြင့် အခြေအနေနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များကို မဖော်ထုတ်နိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ၎င်းတို့အပေါ်ပြုမှုနေမှုများအပေါ်လိုက်၍ လုပ် ဆောင်နေခြင်းဖြစ်ပြီး နိုင်ငံရေးနှင့် ဆက်စပ်မှုမရှိသည့်အတွက် Facebook မှ ၎င်းတို့အား အန္တာရာယ်ရှိသော antifa များ အဖြစ်မသတ်မှတ်ကြောင်း ပြောကြားခဲ့ပါသည်။
ကုမ္ပဏီအနေဖြင့် ဆန္ဒပြမှုများကို ဖော်ပြနေသောအကောင့်များကို အနီးကပ် စောင့်ကြည့်နေပြီး အဖြူရောင်အမျိုးသားရေးအကောင့်များသည် အကြမ်းဖက်မှု များကို တွန်းအားပေးနေသည်ဟု ယူဆရကြောင်း ပြောကြားခဲ့ပါသည်။ လိမ်ညာလှည့်ဖြားနေသော Antifa အကောင့်များကို အစစ်အမှန်မဟုတ်သော အပြုအမှုများကြောင့် ဖယ်ရှားပစ်ခဲ့ကြောင်း Facebook မှ ပြောကြာခဲ့ပါသည်။
Twitter ကုမ္ပဏီသည် တတိယအဖြူရောင်အမျိူးသားရေးအဖွဲ့နှင့် ဆက်နွှယ်၍ မမှန်ကန်သော antifa tweet များကို စာမျက်နှာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ပါသည်။Facebook အမှုဆောင်အရာရှိချုပ်မှ ဇွန်လ ၂ ရက်နေ့တွင် အဆိုပါအကြောင်းအရာများ၏ ရည်မှန်းချက်မှာ နောက်လိုက်ထောင်ပေါင်းများစွာကို အနိုင်ရရန်မဟုတ်ဘဲ ပစ်မှတ်အုပ်စုများအပေါ် ယုံကြည်မှု မျိုးစေ့ကိုချရန်အတွက် အသုံးပြုသည့် တစ်ခုတည်းသောအမှားများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Facebook ကုမ္ပဏီမှ တရာဥပဒေစိုးမိုးမှုနှင့် ထိတွေ့မှု ရှိ/မရှိနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါသည်။
Ref ; CNA #Myanmar_Online_News
0 comments:
Post a Comment